Saturday, January 29, 2022

5S - Downtime လျော့သွားပြီး မှန်ကန် မြန်ဆန် အလုပ်တွင်စေတဲ့ 5S (What are the benifits of 5S?)

လုပ်ငန်းဆောင်တာတွေမှာ Downtime လျော့သွားပြီး မှန်ကန် မြန်ဆန် အလုပ်တွင်စေတဲ့ #5S

5S က ဘာအကျိုးရှိတာလဲ၊ ဘာကောင်းတာလဲ ဆိုတာကို တခွန်းထည်း ပြောရရင်တော့.. အလုပ်တွင် တာပါပဲ။

  • 5S ဆိုတဲ့ နည်းပညာ ဆိုင်ရာ အသုံးအနှုန်းဟာ Toyota ကား ထုတ်လုပ်ရေးက စခဲ့တာပါ။
  • လုပ်ငန်းဆောင်တာ တွေကို “မှန်ကန်” “မြန်ဆန်” စေဖို့ 5S က အများကြီး အထောက်အကူပြုပါတယ်။
  • စက်ရုံ ၊ အလုပ်ရုံတွေ Warehouse တွေသာမကပဲ ရုံးတွေမှာလည်း 5S စနစ်ကို ကျင့်သုံးကြပါတယ်။

5S က အောက်ပါ ဂျပန် စကားလုံး ၅လုံးကို အခြေခံပြီးခေါ်ကြတာပါ,

ကျနော်တော့ မှတ်လို့လွယ်အောင် မြန်မာလို အတိုခေါက်,

“ရွေးစု၊ စီခင်း၊ သန့်ရှင်း၊ စံပြု၊ ထိမ်းသိမ်းမှု” - ငါးခု 5S တာ။

ဆိုပြီး မှတ်ထားပါတယ်။

*** ***

ဒီ 5S ကို ဘယ်လို စပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမယ်ဆိုတာကို

ကျနော်တို့နှင့် နေ့စဉ်သွားလေရာ ပါတတ်တဲ့ ပိုက်ဆံအိပ် အထဲက ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်၊…. 

ကျနော်တို့ရဲ့ပိုက်ဆံအိပ်ကို ဖွင့်ပြီး စ လိုက်ရအောင်... ...

၁။ SEIRI = Sort / Tidiness (ပစ္စည်း တူရာတွေကို ရွေးထုတ်ခြင်း)

ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ၁၀,၀၀၀ တန် က နေ ၅၀ တန်အထိ ငွေစက္ကူတွေ / ဘဏ်ကဒ်တွေ / Name Card တွေ/ မှတ်ပုံတင် နှင့် ယာဉ်မောင်းလိုင်စင် တွေကို ရွေးထုတ်ပြီး တူရာ တူရာ စုထားပါမယ်၊

*

၂။ SEITON = Set / Orderliness (ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အစီအစဉ် တကျ ထားရှိခြင်း)

ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အောက်ပါအတိုင်း အစီအစဉ်လိုက် ထားပါမယ်၊ 

  • ၁၀,၀၀၀ တန် ပြီးရင် ၅,၀၀၀ တန်, ၁,၀၀၀ တန် စ သဖြင့် ၅၀ တန် ထိ.. ကြီးစဉ် ငယ်လိုက် ပြန်ထည့်ပါမယ်၊ 
  • ထိုနည်းတူ ဘဏ်ကဒ်တွေ / Name Card တွေ ကိုလည်း “လိုအပ်” တဲ့ အမျိုးအစား နှင့်အရေတွက် ကိုပဲ ပြန်ထည့်ပါမယ်၊
  • မှတ်ပုံတင် နှင့် ကားမောင်းလိုင်စင် ကိုတော့ မိမိ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ကဒ်ကို.. ပိုက်ဆံအိတ် ရဲ့ ထုတ်/ထည့် လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပါမယ်

(ဥပမာ - မိမိ က အစိုးရရုံးတွေ ခဏ ခဏသွား နေရတဲ့သူ ဆိုရင် မှတ်ပုံတင်ကို ထုတ်/ထည့် လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပေါ့ / မိမိက ကား တစ်ချိန်လုံးမောင်း နေတဲ့ သူဆိုရင်တော့ အဲဒီနေရာမှာ ယဉ်မောင်းလိုင်စင် ထားပေါ့)

*

၃။ SEISO = Shine / Cleanliness ( ပစ္စည်းများကို သန့်ရှင်း သပ်ရပ် (ဖုန် / ဆီချေး ကင်းစင်) စွာ ထားရှိခြင်း)

ပထမဦးစွာ မိမိပိုက်ဆံအိပ်၏ အပြင်ပိုင်း အတွင်းပိုင်းကို သန့်ရှင်းရေး အရင်လုပ်ရပါမယ်၊

  • ချုပ်ရိုးကြောင်းတွေမှာ ချေး / မှို တွေမရှိအောင် သန့်ရှင်းပါမယ်- 
  • ငွေစက္ကူတွေ တွန့်ကြေ၊ ခေါက်နေတာ၊ ရေစို(မိုးတွင်းဆို မှိုပါတက်) နေတာ၊
  • မှတ်ပုံတင် / ကားလိုင်စင်တွေမှာ စတစ်ကာ တွေရှိနေတာ၊
  • ဆောင်ထား တဲ့ မိမိရဲ့ Name Card တစ်ချို့မှာရေးချစ်ထားတာ / စွန်းထင်းနေတာ၊

စသည်တို့ နှင့် ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေအောင် ထားရပါမယ်။

ဘာတွေ အကျိုးအမြတ် ရမလဲဆိုတာ အောက်မှာ ပြောပါ့မယ်။

*

၄။ SEIKETSU = Standardize (လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ စံနှုန်းများ ထားရှိခြင်း)

အပေါ်က သုံးချက် လုပ်ဆောင်ပြီးတဲ့ အခါ အမြဲတန်း လိုက်နာ ကျင့်သုံးရမည့် Standard Operation Procedure (SOP) တွေထားရှိရပါမယ်၊ 

SOP ဥပမာ၊ 

တစ်စုံတစ်ယောက်က Name Card တောင်းတဲ့အခါ - အလွယ်တကူ အိန္ဒြေမပျက် ဆွဲထုတ်နိုင်ရန်အတွက် - (Name Card ကို ညာဘက် လက်နှင့် ဆွဲထုတ်မှာ ဖြစ်လို့) 

  • ပိုက်ဆံအိပ် ရဲ့ ဘယ်ဘက်ချမ်းတွင် ထည့်ရန်၊

ပိုက်ဆံအိပ်ထဲတွင် ငွေ အကြွေများ / မလိုအပ်သည့် ကဒ်များ နှင့် ပြည့်ဖောင်း ရှုတ်ပွ မနေစေရန် အတွက် 

  • ၄၀၀၀ နှင့် အောက်ကျသင့်ငွေကို “အကြွေရှိပါက” ၁၀,၀၀၀ တန် မပေးရန်.
  • အခြားသူများ၏ Name Card များကို လက်ခံရရှိပါက ဖုန်းနံပါတ်၊ Email စသည်တို့ကို မိမိဖုန်း၌မှတ်သားပြီး ပိုက်ဆံအိပ် အတွင်းထည့်မထားပဲ Name Card Holder ထဲ၌ သိမ်းထားရန်

စသည်ဖြင့် လိုက်နာကျင့်သုံးရမည့် စံနှုံန်းများကို ရေးဆွဲ ချမှတ်ထားရမှာပါ။

*

အထက်ပါ (၄) ချက် နှင့် ပြည့်စုံပြီးရင် ရရှိမည့် အကျိုးအမြတ် (Advantages) တွေကတော့

၁။ မိမိ ပိုက်ဆံအိပ်ကို သူများရှေ့မှာ ထုတ်သည့်အခါ ယုံကြည်ချက် (Confidence) အပြည့်ရှိခြင်း

၂။ ငွေစက္ကူများ အစဉ်လိုက် စီထားသဖြင့် ငွေရှင်းရာတွင် မှန်ကန် မြန်ဆန်ခြင်း (၅၀၀ တန် နှင့် ၅,၀၀၀ တန် မှားပေးမိခြင်းမျိုး မရှိခြင်း)

၃။ Name Card / ဘဏ်ကဒ် / ယာဉ်မောင်းလိုင်စင် တွေကို သတ်သတ် မှတ်မှတ် ထားရှိထားသဖြင့် လူအများရှေ့တွင် ထုတ်ပေးရန် လိုအပ်ပါက ရှာနေစရာ မလိုပဲ စမတ်ကျကျနှင့် မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ခြင်း၊

၄။ မိတ်ဆွေသစ်များ ဧည့်သည်များရှေ့မှာ ပိုက်ဆံအိတ် တစ်လုံးနှင့် အလုပ်ရှုတ် စရာမလိုပဲရ အိန္ဒြေရရ ပြောဆိုဆက်ဆံနိုင်ခြင်း 

စသည့် အကျိုးအမြတ်များ ရရှိမှာ နိုင်ပါတယ်။

*

၅။ SHITSUKE = Sustain / Discipline ((ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထမ်းသိမ်း ဆက်လက် ကျင့်သုံးခြင်း) 

ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထိန်းသိမ်း ဆက်လက် ကျင့်သုံးခြင်း ကိုတော့ လုပ်ငန်း အဖွဲ့အစည်း တစ်ခုမှာ လုပ်ဆောင်ရမယ့် အချက်တွေကို ဝေမျှပါ့မယ်. (ပိုက်ဆံအိပ် Porcedure မဟုတ်တော့ပါ )

1. 5S တာဝန်ခံ (Incharge / Champion) များ အလှည့်ကျထားရှိခြင်း

2. ရည်မှန်းချက် နှင့် ရလာဒ် များကို လေ့လာ ဆန်းစစ် သုံးသပ်ခြင်း

3. လိုအပ် သက်ဆိုင်သည့် သင်တန်းများပို့ချခြင်း

4. ရလာဒ်များတိုင်းတာခြင်း နှင့် ဆုပေးခြင်း

5. အလေ့အကျင့် ဖြစ်သွားစေရန် တစ်ယောက်ချင်းစီ စည်းကမ်းလိုက်နာ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း

6. ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်းနှင့် 

7. စံနမူနာပြ ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်။

5S

5S ဟာ လက်တွေ့ ကျင့်သုံး လိုက်နာ ဆောင်ရွက်မယ်ဆိုရင် အစပြုခါစမှာ အနည်းငယ် အားစိုက်ရပေမယ့် လုပ်နေကျသွားရင် ပင်ပန်းမှု မရှိပဲ လုပ်ငန်း ဆောင်ရွက်ရာမှာ Downtime နည်းပြီး တိကျမှု / မြန်ဆန်မှု / သေသပ်မှု / စိတ်ချမ်းသာမှု တို့ကို ရစေမှာ ဖြစ်ပါတယ်၊

Downtime ဆိုသည်မှာ ကုန်ထုတ်စက်ရုံ ပျက်တဲ့ / ပြင်တဲ့အချိန် ကိုပဲ ခေါ်တာ မဟုတ်ပဲ တစ်စုံတစ်ခု / တစ်စုံတယောက် အလုပ်မလုပ်တဲ့ အချိန်၊ အလုပ်မှာ Active မဖြစ်တဲ့ အချိန်ကိုလည်း ခေါ်ကြပါတယ်။

တစ်ချို့ ဂျပန် ကုမ္ပဏီ တစ်ချို့ဆိုရင် ပစ္စည်းတစ်ခု စားပွဲပေါ်ကနေ ကျမ်းပြင်ပေါ်ကြသွားလို့ ကောက်လိုက်တဲ့ အချိန်ကို တောင် Downtime တွက်တဲ့အထဲမှာ ထည့်တွက်တယ်လို့ မှတ်သားဖူးပါတယ်။

အပေါ်က ပိုက်ဆံအိတ် ဥပမာ ကို ကိုးကားပြီး မိမိ နှင့် သက်ဆိုင်ရာ နယ်ပယ်မှာ အသုံးချ (Apply) လုပ်နိုင်ပါတယ်

  • ပိုက်ဆံအိတ် မှသည် အလုပ်စားပွဲ (Logistics သမားများ အတွက်တော့ ဖိုင်တွဲတွေပေါ့)
  • အလုပ်စားပွဲ မှသည် ရုံးခန်း 
  • ရုံးခန်း မှသည် Company / Factory / Warehouse / Workshop
  • Company / Factory / Warehouse / Workshop မှသည် Corporation ကြီးတစ်ခုလုံး အထိ Apply လုပ်နိုင်ပါတယ်.

အောက်ကပုံက ကျနော့ရဲ့ အလုပ်စားပွဲပါ။

5S

5S


5S အကြောင်း ပိုပြီးပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment တွေပေးပြီး ဝင်ရောက်ဆွေးနွေးသွားပါဦး

God bless you 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/

#5S #Lean #JIT #Warehousing #Clean_Desk #Manufacturing


Sunday, January 23, 2022

What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)

 What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

FIFO & LIFO (ဖိုက်ဖို & လိုက်ဖို) ဆိုတာ First-In First-Out နှင့် Last-In First-Out ခေါ်တာပါ။ 

FIFO & LIFO Inventory ကို Warehousing / Logistics မှာ သုံးကြသလို - Finance ဌာနကလည်း FIFO, LIFO inventory accounting ဆိုပြီး Warehouse ထဲက ပစ္စည်းတွေရဲ့ လက်ရှိတန်ဖိုးကို တွက်တဲ့အခါမှာ အသုံးပြုပါတယ်။ (LIFO Inventory accounting ကတော့ ခုခေတ်မှာ အသုံးနည်းသွားပါပြီ)

Warehouse မှာ အသုံးပြုတဲ့ FIFO & LIFO အကြောင်း (FIFO & LIFO at Warehouse)

FIFO 

First-In First-out ဆိုတဲ့အတိုင်း အရင်ရောက်တဲ့ပစ္စည်း ကို အရင်ထုတ်တဲ့ စနစ် / လုပ်ငန်းစဉ်ပါအောက်မှာပြထားတဲ့ ဇယားက ဥပမာကို ကြည့်ပါ။


FIFO စနစ်ကိုဘယ်လို ပစ္စည်းတွေ အတွက်သုံးသင့်သလဲ?
FIFO စနစ်ကို 
  • Expiry ရှိတဲ့ပစ္စည်းများ
  • သိုလှောင်ချိန် ကြာကြာထားရင် ပျက်စီးနိုင်တဲ့ပစ္စည်းများနှင့်
  • အရည်အသွေး (အာနိသင်) ပြောင်းသွားနိုင်တဲ့ပစ္စည်းတွေအတွက် မဖြစ်မနေ သုံးသင့်ပါတယ်။
FIFO နှင့် Warehouse Storage Planning
အမြဲတမ်းကြုံရတာက Warehouse မှာ ပစ္စည်းထားစရာ နေရာက အပို မရှိရင်.. 
အရင်ဝင်ထားတဲ့ ပစ္စည်းတွေက အတွင်းဆုံးမှာ ရောက်နေ / ရောက်သွားပြီး ... နောက်မှ ရောက်တဲ့ပစ္စည်းတွေက အပြင်ဖက်ဆုံး၊ ပစ္စည်း ကောက်ရန် / ထုတ်ရန် အလွယ်ဆုံး နေရာတွေမှာရှိနေတတ်ပါတယ်။ 
...ဆိုတော့ FIFO ထုတ်ပေးဖို့ ခက်ခဲသွားပါတယ်။ 
FIFO စနစ် အတွက်ဆိုရင် အဝင်ပစ္စည်းတွေကို နေရာချကတည်း သေချာစဉ်းစား / Plan ချ ပြီးမှာ နေရာချ သင့်ပါတယ်။ 
ပစ္စည်းမျိုးတူ ထပ်ဝင်လာတော့မယ် ဆိုရင် လက်ကျန်ပစ္စည်းတွေကို ပစ္စည်းသစ်မရောက်မှီ အပြင်ဆုံးကို ရွှေ့ထားသင့်ပါတယ်။ 
Warehouse နေရာ အလုံအလောက်ရှိလျှင် ရွှေ့စရာမလိုပဲ, လက်ကျန်ပစ္စည်း နှင့် အသစ်ရောက်တဲ့ ပစ္စည်းကို အမှတ်အသားပြုထားပါ။

LIFO 
Last-In First-out - နောက်ဆုံးရောက်တဲ့ပစ္စည်းကို အရင်ထုတ်တဲ့ စနစ် / လုပ်ငန်းစဉ်ပါ။

LIFO စနစ်ကိုဘယ်လို ပစ္စည်းတွေ အတွက်သုံးသင့်သလဲ?
LIFO စနစ်ကို
အရင်ရောက်ထားတဲ့ပစ္စည်းတွေရှိသော်လည်း နောက်ရောက်သည့်ပစ္စည်းပေါ်မှာ ပရိုမိုးရှင်းရှိလို့ ဒီဇိုင်းနည်းနည်းပြောင်းထားသည့်အတွက်, အဲဒီပရိုမိုးရှင်း ပစ္စည်းကို အရင်ထုတ်ပေးရန် အသုံးပြုခြင်း ( ဥပမာ၊ သင်္ကြန်ရာသီ / ခရစ်စမတ်ရာသီမျိုးမှာ ကြုံရေလ့ရှိပါတယ်။)
အရင်ရောက်ထားတဲ့ပစ္စည်းတွေက Error နည်းနည်းရှိလို့ မထုတ်သေးပဲ (Hold) ထားပြီး နောက်ရောက်တဲ့ ပစ္စည်းကို အရင်ထုတ်ပေးတဲ့အခါမှာ အသုံးပြုပါတယ်။

🔹 FIFO & LIFO Inventory အကြောင်း ပိုပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။ 
စာသားချည်း သက်သက်တော့ ကော်ပီ မကူးပါနှင့်လား၊
God Bless You 🙏


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  3. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
ZawGyi (Version)
FIFO & LIFO (ဖိုက္ဖို & လိုက္ဖို) ဆိုတာ First-In First-Out ႏွင့္ Last-In First-Out ေခၚတာပါ။ 
FIFO & LIFO Inventory ကို Warehousing / Logistics မွာ သုံးၾကသလို - Finance ဌာနကလည္း FIFO, LIFO inventory accounting ဆိုၿပီး Warehouse ထဲက ပစၥည္းေတြရဲ႕ လက္ရွိတန္ဖိုးကို တြက္တဲ့အခါမွာ အသုံးျပဳပါတယ္။ (LIFO Inventory accounting ကေတာ့ ခုေခတ္မွာ အသုံးနည္းသြားပါၿပီ)

Warehouse မွာ အသုံးျပဳတဲ့ FIFO & LIFO အေၾကာင္း (FIFO & LIFO at Warehouse)
FIFO 
First-In First-out ဆိုတဲ့အတိုင္း အရင္ေရာက္တဲ့ပစၥည္း ကို အရင္ထုတ္တဲ့ စနစ္ / လုပ္ငန္းစဥ္ပါ
ဇယားက ဥပမာကို ၾကည့္ပါ။

FIFO စနစ္ကိုဘယ္လို ပစၥည္းေတြ အတြက္သုံးသင့္သလဲ?
FIFO စနစ္ကို 
Expiry ရွိတဲ့ ပစၥည္းေတြႏွင့္ 
သိုေလွာင္ခ်ိန္ ၾကာၾကာထားရင္ပ်က္စီးႏိုင္ တဲ့ပစၥည္းေတြ
အရည္အေသြး (အာနိသင္) ေျပာင္းသြားႏိုင္တဲ့ ပစၥည္းေတြ အတြက္ မျဖစ္မေန သုံးသင့္ပါတယ္။

FIFO ႏွင့္ Warehouse Storage Planning
အၿမဲတမ္းႀကဳံရတာက Warehouse မွာ ပစၥည္းထားစရာ ေနရာက အပို မရွိရင္.. 
အရင္ဝင္ထားတဲ့ ပစၥည္းေတြက အတြင္းဆုံးမွာ ေရာက္ေန / ေရာက္သြားၿပီး ... ေနာက္မွ ေရာက္တဲ့ပစၥည္းေတြက အျပင္ဖက္ဆုံး၊ ပစၥည္း ေကာက္ / ထုတ္လို႔ အလြယ္ဆုံး ေနရာေတြမွာရွိေနတတ္ပါတယ္။ 
ဆိုေတာ့ FIFO ထုတ္ေပးဖို႔ ခက္ခဲသြားပါတယ္။ 
FIFO စနစ္ အတြက္ဆိုရင္ အဝင္ပစၥည္းေတြကို ေနရာခ်ကတည္း ေသခ်ာ စဥ္းစား / Plan ခ် ၿပီးမွာ ေနရာခ် သင့္ပါတယ္။ 
ပစၥည္းမ်ိဳးတူ ေတြထပ္ဝင္လာေတာ့မယ္ ဆိုရင္ လက္က်န္ပစၥည္းေတြကို ပစၥည္းသစ္မေရာက္မွီ အျပင္ဆုံးကို ေ႐ႊ႕ထားသင့္ပါတယ္။ Warehouse ေနရာ အလုံအေလာက္ ရွိလွ်င္ ေ႐ႊ႕စရာ မလိုပဲ, လက္က်န္ ပစၥည္း ႏွင့္ အသစ္ေရာက္တဲ့ ပစၥည္း ကို အမွတ္အသားျပဳထားပါ။

LIFO 
Last-In First-out - ေနာက္ဆုံးေရာက္တဲ့ပစၥည္း ကို အရင္ထုတ္တဲ့ စနစ္ / လုပ္ငန္းစဥ္ပါ။

LIFO စနစ္ကိုဘယ္လို ပစၥည္းေတြ အတြက္သုံးသင့္သလဲ?
LIFO စနစ္ကို
အရင္ေရာက္ထားတဲ့လပစၥည္းေတြရွိေသာ္လည္း ေနာက္ေရာက္သည့္ပစၥည္းေပၚမွာ ပ႐ိုမိုးရွင္းရွိလို႔ ဒီဇိုင္းနည္းနည္းေျပာင္းထားသည့္အတြက္, အဲဒီ ပ႐ိုမိုးရွင္း ပစၥည္းကို အရင္ထုတ္ေပးရန္ အသုံးျပဳျခင္း (ဥပမာ, သီတင္းကြၽတ္ရာသီ / ခရစ္စမတ္ရာသီ မ်ိဳးမွာ ႀကဳံေရလ့ရွိပါတယ္။
အရင္ေရာက္ထားတဲ့ပစၥည္းေတြက Error နည္းနည္းရွိလို႔ မထုတ္ေသးပဲ (Hold) ထားၿပီး ေနာက္ေရာက္တဲ့ ပစၥည္းကို အရင္ထုတ္ေပးတဲ့အခါမွာ အသုံးျပဳပါတယ္။

🔹 FIFO & LIFO အေၾကာင္း ပိုျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။
လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်။ 
စာသားခ်ည္း သက္သက္ေတာ့ ေကာ္ပီ မကူးပါႏွင့္လား၊
God Bless You 🙏






Saturday, January 15, 2022

LC Process Flow (LC ကို ဘယ်လိုလျှောက် ပြီး LC ရဲ့ Process က ဘာတွေပါလဲ)

 LC Process Flow



LC အကြောင်းကို ကျနော် LC Payment and TT Payment ဆိုပြီး ရေးထားပါတယ်၊
အခု LC လျှောက်မယ်ဆိုရင် အဓိက လိုအပ်တဲ့ စာရွက်စာတမ်းတွေ (Documents) နှင့် LC ရဲ့ Process Flow ကိုမျှဝေပါ့မယ်။
LC လျှောက်တော့မယ်ဆိုရင် ကိုယ်လျှောက်မည့် ဘဏ်ကို အောက်က Documents တွေပြဖို့ / ပေးဖို့လိုအပ်ပါတယ်၊
  1. Completed LC application form (LC လျှောက်လွှာ - ဘဏ်က Form ပေးပါတယ်)
  2. Request Cover Letter with Company Letterhead (Company Letterhead နှင့် အပေါ်စာ)
  3. Sales contract (ရောင်းသူ၊ ဝယ်သူ လက်မှတ်ထိုးထားတဲ့ အရောင်းအဝယ် စာချုပ်)
  4. Proforma invoice (ကြိုတင်ကုန်ပို့လွှာ - invoice နှင့် ပုံစံတူ ခေါင်းစဉ်ကွဲ)
  5. Import license issued by Ministry of Commerce (both original and copy)
– (ကုန်သွယ်ရေး ဝန်ကြီးဌာန တွင် လျှောက်ပြီး, ခွင့်ပြုထားတဲ့ သွင်းကုန် လိုင်စင် / ပါမစ် - မူရင်းရော မိတ္တူပါ ပြဖို့လိုပါတယ်- (ထ/သက လက်မှတ်မဟုတ်ပါ))။
  • (ဘဏ် တစ်ခုနှင့် တစ်ခု လိုအပ်သည့် Document အနည်းငယ် ကွဲနိုင်ပါတယ်။)

ပူးတွဲပါပုံကတော့ LC process ဘယ်လိုသွားတယ်ဆိုတာ တစ်ဆင့်ခြင်း နံပါတ်ထိုးပြီး ဖော်ပြထားပါတယ်။
LC process မှာ Purchasing, Finance, Logistics ဘယ်နေရာကနေ ပါဝင်ပါတ်သက်နေလဲ ဆိုတာကို LC Process Flow ကိုကြည့်ပြီး လေ့လာနိုင်ပါတယ်။
🔹
ကျနော့ရဲ့ Blog ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ LC အကြောင်း ပိုပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။
စာသားချည်း သက်သက်တော့ ကော်ပီ မကူးပါနှင့်လား၊
God Bless You


ZawGyi Version
LC Process Flow LC အေၾကာင္းကို က်ေနာ္ LC Payment and TT Payment ဆိုၿပီး ေရးထားပါတယ္၊ အခု LC ေလွ်ာက္မယ္ဆိုရင္ အဓိက လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြ (Documents) ႏွင့္ LC ရဲ႕ Process Flow ကိုမွ်ေဝပါ့မယ္။ LC ေလွ်ာက္ေတာ့မယ္ဆိုရင္ ကိုယ္ေလွ်ာက္မည့္ ဘဏ္ကို ေအာက္က Documents ေတြျပဖို႔ / ေပးဖို႔လိုအပ္ပါတယ္၊ 1️⃣ Completed LC application form (LC ေလွ်ာက္လႊာ - ဘဏ္က Form ေပးပါတယ္) 2️⃣ Request Cover Letter with Company Letterhead (Company Letterhead ႏွင့္ အေပၚစာ) 3️⃣. Sales contract (ေရာင္းသူ၊ ဝယ္သူ လက္မွတ္ထိုးထားတဲ့ အေရာင္းအဝယ္ စာခ်ဳပ္) 4️⃣ Proforma invoice (ႀကိဳတင္ကုန္ပို႔လႊာ - invoice ႏွင့္ ပုံစံတူ ေခါင္းစဥ္ကြဲ) 5️⃣ Import license issued by Ministry of Commerce (both original and copy) – (ကုန္သြယ္ေရး ဝန္ႀကီးဌာန တြင္ ေလွ်ာက္ၿပီး, ခြင့္ျပဳထားတဲ့ သြင္းကုန္ လိုင္စင္ / ပါမစ္ - မူရင္းေရာ မိတၱဴပါ ျပဖို႔လိုပါတယ္- (ထ/သက လက္မွတ္မဟုတ္ပါ))။ • (ဘဏ္ တစ္ခုႏွင့္ တစ္ခု လိုအပ္သည့္ Document အနည္းငယ္ ကြဲႏိုင္ပါတယ္။) . ပူးတြဲပါပုံကေတာ့ LC process ဘယ္လိုသြားတယ္ဆိုတာ တစ္ဆင့္ျခင္း နံပါတ္ထိုးၿပီး ေဖာ္ျပထားပါတယ္။ LC process မွာ Purchasing, Finance, Logistics ဘယ္ေနရာကေန ပါဝင္ပါတ္သက္ေနလဲ ဆိုတာကို LC Process Flow ကိုၾကည့္ၿပီး ေလ့လာႏိုင္ပါတယ္။ 🔹 က်ေနာ့ရဲ႕ Blog ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ Warehouse ဝိုင္းေတာ္သားမ်ားအေၾကာင္း ပိုျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။ လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်။ စာသားခ်ည္း သက္သက္ေတာ့ ေကာ္ပီ မကူးပါႏွင့္လား၊ God Bless You

Zarni Oo (Progistics)

https://progistics.blogspot.com/








Wednesday, January 12, 2022

Various Types of Container (Part 1) မျက်နှာများတဲ့_ကွန်တိန်နာ (အပိုင်း (၁))

 #မျက်နှာများတဲ့_ကွန်တိန်နာ (အပိုင်း (၁))

#Container size အမျိုးမျိုး၊ ပုံစံအမျိုးမျိုး အကြောင်း - ကျနော် ရှာဖွေ၊ စုဆောင်း၊ မှတ်သားထားတာ တွေကို "မျက်နှာများတဲ့ ကွန်တိန်နာ" ရယ်လို့ အမည်ပေးပြီး (၂)ပိုင်းခွဲပြီး မျှဝေပါမယ်.
ပထမ ပိုင်း အနေနဲ့ ကွန်တိန်နာများရဲ့ Size, တန်ချိန် နှင့် CBM များ ကို အလွယ်မှတ်ရန် နှင့် အသေးစိတ် ဆိုပြီး ဇယား တစ်ခုနှင့် ဖော်ပြထားပါတယ်။
ကျနော့ရဲ့ Blog ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွတ်လပ်စွာ (Share) မျှဝေနိုင်ပါတယ်။
Copy တော့မကူးပါနှင့်လား။

ဒုတိယ ပိုင်းမှာတော့ ကွန်တိန်နာ အမျိုးအစား အလိုက် အသုံးပြုပုံများကို ပုံနှင့်တကွ ဖော်ပြ မျှဝေပါ့မယ်။
God Bless You




ZawGyi
#မ်က္ႏွာမ်ားတဲ့_ကြန္တိန္နာ (အပိုင္း (၁)) #Container size အမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳး အေၾကာင္း - က်ေနာ္ ရွာေဖြ၊ စုေဆာင္း၊ မွတ္သားထားတာ ေတြကို "မ်က္ႏွာမ်ားတဲ့ ကြန္တိန္နာ" ရယ္လို႔ အမည္ေပးၿပီး (၂)ပိုင္းခြဲၿပီး မွ်ေဝပါမယ္. ပထမ ပိုင္း အေနနဲ႔ ကြန္တိန္နာမ်ားရဲ႕ Size, တန္ခ်ိန္ ႏွင့္ CBM မ်ား ကို အလြယ္မွတ္ရန္ ႏွင့္ အေသးစိတ္ ဆိုၿပီး ဇယား တစ္ခုႏွင့္ ေဖာ္ျပထားပါတယ္။ က်ေနာ့ရဲ႕ Blog ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။ လြတ္လပ္စြာ (Share) မွ်ေဝႏိုင္ပါတယ္။ Copy ေတာ့မကူးပါႏွင့္လား။ ဒုတိယ ပိုင္းမွာေတာ့ ကြန္တိန္နာ အမ်ိဳးအစား အလိုက္ အသုံးျပဳပုံမ်ားကို ပုံႏွင့္တကြ ေဖာ္ျပ မွ်ေဝပါ့မယ္။

Sunday, January 9, 2022

Letter of Credit (LC) and TT Payment (What is LC in Myanmar Language)

LC Payment and TT Payment




Letter of Credit (LC) - ယုံကြည်မှု သဝဏ်လွှာ
LC ဆိုတဲ့ Letter of Credit ကို Supply Chain နယ်ပယ် တော်တော်များများမှာ ကြားဖူးနေကြ၊
LC Purchase, LC Shipment, LC payment စသဖြင့် ပေါ့၊
LC ကို International Chamber of Commerce (ICC) က စည်းမျဉ်း နည်းနာ သတ်မှတ်ပေးထားတာဖြစ်ပါတယ်
LC ဆိုသည်မှာ 
ဝယ်ယူသူ နှင့် ချိတ်ထားသည့် ဘဏ်တစ်ခုမှနေ၍ ရောင်းတဲ့သူကို “ဝယ်တဲ့သူ / Company သည် ဤကျသင့်ငွေကို ပေးနိုင်စွမ်းရှိကြောင်း” အာမခံပေး၊ အတည်ပြုပေးတဲ့ စာ ဖြစ်ပါတယ်။ 
အကြောင်းကြောင့် ဝယ်သူက မပေးနိုင်ခဲ့ရင် ရောင်းသူနှင့် ချိတ်ထားတဲ့ ဘဏ်က ရောင်းသူကို စိုက်ပေးရတယ်။ 
အဲဒါကြောင့် LC ကို ယုံကြည်မှု သဝဏ်လွှာ လို့ ကျနော့ဘာသာ နာမည်ပေးလိုက်တာ။
LC ၏ အဓိက နိယာမတစ်ခုမှာ 
LC Process မှာ ပါဝင်သည့်ဘဏ်များသည် ကုန်ပစ္စည်းအားလုံးကို LC မှာ ပါတဲ့အတိုင်း အတိအကျ တင်ပို့ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လည်းမလို / သိရှိရန်မလိုပဲ သက်ဆိုင်ရာ စာရွက်စာတမ်းများကိုသာ စစ်ဆေးအတည်ပြုရန်လိုအပ်ပါတယ်။
LC သည်...
ရောင်းသူဝယ်သူ အတွက် စိတ်ချရသော စနစ်၊
နိုင်ငံတကာ အရောင်းအဝယ် / ပို့ကုန်သွင်းကုန် လုပ်ငန်းတွေမှာ အသုံးများ၊ 
ပစ္စည်းအရေအတွက်များများကို သင်္ဘောနှင့်ပို့ တဲ့ လုပ်ငန်းတွေမှာ သုံးတာများပါတယ်။
LC အမျိုးအစားများကို ပူးတွဲပါ ပုံဇယားမှာကြည့်ပါ။ (အဓိက ကွဲလွဲချက် တွေကို အဝါရောင်ချယ်ပေးထားပါတယ်)
အဓိက သုံးတဲ့ LC များကတော့ Commercial LC နှင့် Standby LC နှစ်ခုပါ။
~~~
TT Payment
TT ဆိုတာ ဟိုးအရင်တုံးကတော့ Telegraphic Transfer (ကြေးနန်းနှင့်ငွေလွှဲတဲ့ စနစ်)၊ အခုခေတ်တော့ SWIFT Transfer လို့လည်းခေါ်ကြပါတယ်။ 
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငွေလွှဲနှုန်း နှင့် ငွေလွှဲလို့ အဆင်ပြေလွယ်ကူတဲ့ ဘဏ်တစ်ခုကနေပြီး ပစ္စည်းဖိုး ငွေလွှဲပေးချေရတဲ့ စနစ်ဖြစ်ပါတယ်၊
LC လောက်မရှုတ်ထွေးပဲ ဈေးလည်း သက်သာပါတယ်၊
TT Payment ဟာ….
Importer / ဝယ်သူမှ Exporter / ရောင်းသူကို ငွေကြိုပေးရတဲ့အခါမှာသုံးတာများ၊
ပစ္စည်း အရေအတွက် နည်းနည်းကို လေကြောင်းနှင့် မှာယူ၊ ဝယ်ယူ တဲ့နေရာမှာ သုံးတာများ၊
ငွေကြိုလွှဲရတာဖြစ်လို့ ဝယ်သူဘက်က စိတ်မချစရာ (Risk) ဖြစ်ပါတယ်။ 
ရောင်းသူ ကို သေချာမသိသေးရင် တော့ မလွဲခင် သေချာ ဂရုတစိုက် ဆန်းစစ်သင့်ပါတယ်။
🔹
ကျနော့ရဲ့ Blog ဟာ #Knowledge_Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။ 
စာသားချည်း သက်သက်တော့ ကော်ပီ မကူးပါနှင့်လား၊

God Bless You 🙏





LC အမျိုးအစားများကို ပူးတွဲပါ ပုံဇယားမှာကြည့်ပါ။ (အဓိက ကွဲလွဲချက် တွေကို အဝါရောင်ချယ်ပေးထားပါတယ်)



ZawGyi
LC Payment and TT Payment
#Letter_of_Credit (#LC) - ယုံၾကည္မႈ သဝဏ္လႊာ
LC ဆိုတဲ့ Letter of Credit ကို Supply Chain နယ္ပယ္ ေတာ္ေတာ္မ်ားမ်ားမွာ ၾကားဖူးေနၾက၊
LC Purchase, LC Shipment, LC payment စသျဖင့္ ေပါ့၊
LC ကို International Chamber of Commerce (ICC) က စည္းမ်ဥ္း နည္းနာ သတ္မွတ္ေပးထားတာျဖစ္ပါတယ္
LC ဆိုသည္မွာ 
ဝယ္ယူသူ ႏွင့္ ခ်ိတ္ထားသည့္ ဘဏ္တစ္ခုမွေန၍ ေရာင္းတဲ့သူကို “ဝယ္တဲ့သူ / Company သည္ ဤက်သင့္ေငြကို ေပးႏိုင္စြမ္းရွိေၾကာင္း” အာမခံေပး၊ အတည္ျပဳေပးတဲ့ စာ ျဖစ္ပါတယ္။ 
အေၾကာင္းေၾကာင့္ ဝယ္သူက မေပးႏိုင္ခဲ့ရင္ ေရာင္းသူႏွင့္ ခ်ိတ္ထားတဲ့ ဘဏ္က ေရာင္းသူကို စိုက္ေပးရတယ္။ 
အဲဒါေၾကာင့္ LC ကို ယုံၾကည္မႈ သဝဏ္လႊာ လို႔ က်ေနာ့ဘာသာ နာမည္ေပးလိုက္တာ။
LC ၏ အဓိက နိယာမတစ္ခုမွာ 
LC Process မွာ ပါဝင္သည့္ဘဏ္မ်ားသည္ ကုန္ပစၥည္းအားလုံးကို LC မွာ ပါတဲ့အတိုင္း အတိအက် တင္ပို႔ျခင္း ရွိ၊ မရွိ စစ္ေဆးရန္ လည္းမလို / သိရွိရန္မလိုပဲ သက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားကိုသာ စစ္ေဆးအတည္ျပဳရန္လိုအပ္ပါတယ္။
LC သည္...
ေရာင္းသူဝယ္သူ အတြက္ စိတ္ခ်ရေသာ စနစ္၊
ႏိုင္ငံတကာ အေရာင္းအဝယ္ / ပို႔ကုန္သြင္းကုန္ လုပ္ငန္းေတြမွာ အသုံးမ်ား၊ 
ပစၥည္းအေရအတြက္မ်ားမ်ားကို သေဘၤာႏွင့္ပို႔ တဲ့ လုပ္ငန္းေတြမွာ သုံးတာမ်ားပါတယ္။
LC အမ်ိဳးအစားမ်ားကို ပူးတြဲပါ ပုံဇယားမွာၾကည့္ပါ။ (အဓိက ကြဲလြဲခ်က္ ေတြကို အဝါေရာင္ခ်ယ္ေပးထားပါတယ္)
အဓိက သုံးတဲ့ LC မ်ားကေတာ့ Commercial LC ႏွင့္ Standby LC ႏွစ္ခုပါ။
~~~
TT Payment
TT ဆိုတာ ဟိုးအရင္တုံးကေတာ့ Telegraphic Transfer (ေၾကးနန္းႏွင့္ေငြလႊဲတဲ့ စနစ္)၊ အခုေခတ္ေတာ့ SWIFT Transfer လို႔လည္းေခၚၾကပါတယ္။ 
တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ေငြလႊဲႏႈန္း ႏွင့္ ေငြလႊဲလို႔ အဆင္ေျပလြယ္ကူတဲ့ ဘဏ္တစ္ခုကေနၿပီး ပစၥည္းဖိုး ေငြလႊဲေပးေခ်ရတဲ့ စနစ္ျဖစ္ပါတယ္၊
LC ေလာက္မရႈတ္ေထြးပဲ ေဈးလည္း သက္သာပါတယ္၊
TT Payment ဟာ….
Importer / ဝယ္သူမွ Exporter / ေရာင္းသူကို ေငြႀကိဳေပးရတဲ့အခါမွာသုံးတာမ်ား၊
ပစၥည္း အေရအတြက္ နည္းနည္းကို ေလေၾကာင္းႏွင့္ မွာယူ၊ ဝယ္ယူ တဲ့ေနရာမွာ သုံးတာမ်ား၊
ေငြႀကိဳလႊဲရတာျဖစ္လို႔ ဝယ္သူဘက္က စိတ္မခ်စရာ (Risk) ျဖစ္ပါတယ္။ 
ေရာင္းသူ ကို ေသခ်ာမသိေသးရင္ ေတာ့ မလြဲခင္ ေသခ်ာ ဂ႐ုတစိုက္ ဆန္းစစ္သင့္ပါတယ္။
🔹
က်ေနာ့ရဲ႕ Blog ဟာ #Knowledge_Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ Warehouse ဝိုင္းေတာ္သားမ်ားအေၾကာင္း ပိုျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။
လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်။ 
စာသားခ်ည္း သက္သက္ေတာ့ ေကာ္ပီ မကူးပါႏွင့္လား၊
#Procurement, #Shipping #Import # Export
God Bless You 🙏
#Daniel_Zarni


Monday, January 3, 2022

Supply Chain ဆိုတာ (What is Supply Chain in Myanmar Language)

Supplychain ဆိုတာ ကို Internet ထဲမှာ ရှာကြည့်ရင် မိမိ လုပ်ငန်း အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ် အပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်.

ကျနော်ကတော့ အောက်ကပုံမှာ ပြထားတဲ့ နမူနာ ကို သဘောကျတယ် ဗျ

Supply Chain, Cooking Oil, Palm Oil


ဆီအုန်းပင် စိုက်ခင်းကနေ စားအုန်းဆီ ထုတ်ပြီး စားသုံးသူ လက်ထဲရောက်သည်အထိ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် (Plan / process / procedure) အားလုံး ကို Supply Chain လို့ခေါ်ပါတယ်။
Supply Chain လုပ်ငန်းစဉ် မှာ ဌာနစိတ် သုံးခုနဲ့ အထက် ပါဝင်လေ့ရှိပါတယ်။
အခု ဒီ စားအုံးဆီ ရဲ့ Supply chain မှာဆိုရင်
အောက်ပါ ဌာနစိတ်တွေ မရှိမဖြစ် လိုအပ်ပါမယ်၊
၁။ Purchasing (Sourcing) - စိုက်ခင်းကနေ ကုန်ကြမ်း (Raw Material) တွေ ဝယ်ယူရေး
၂။ Manufacturing ( ကုန်ကြမ်း / ကုန်ချောထုတ်လုပ်ရေး )
၃။ Logistics (Shipping / Transportation)
ရေကြောင်း/ လေကြောင်း / ကုန်းလမ်း ပို့ဆောင်ရေး
၄။ Warehousing (ပင်မ သိုလှောင်ရုံ တွေ / Customer တွေဆီ ပစ္စည်း အမြန်ရောက်နိုင်ဖို့ သိုလှောင်ရုံ အခွဲ တွေကလည်း မရှိမဖြစ်ပါ)
၅။ Delivery (စားသုံးသူလက်ထဲ အရောက် ပေးပို့ ဖို့ Delivery team လဲရှိရမယ်)
စတဲ့ ဌာနစိတ်တွေဟာ Supply Chain ရဲ့ အဓိက ကွင်းဆက်တွေပါ ။
ပိုပြီးပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း ဝင်ပြီးဆွေးနွေးသွားပါဦး
God bless you
#Supply Chain #Logistics #Procurement #Warehousing #Delivery

ZawGyi
Supplychain ဆိုတာ ကို Internet ထဲမွာ ရွာၾကည့္ရင္ မိမိ လုပ္ငန္း အဖြဲ႕အစည္းရဲ႕ လုပ္ငန္းစဥ္ အေပၚ မူတည္ၿပီး အဓိပၸါယ္ အမ်ိဳးမ်ိဳး ဖြဲ႕ဆိုၾကပါတယ္. က်ေနာ္ကေတာ့ ေအာက္ကပုံမွာ ျပထားတဲ့ နမူနာ ကို သေဘာက်တယ္ ဗ်

ဆီအုန္းပင္ စိုက္ခင္းကေန စားအုန္းဆီ ထုတ္ၿပီး စားသုံးသူ လက္ထဲေရာက္သည္အထိ ေဆာင္႐ြက္ရတဲ့ လုပ္ငန္းစဥ္ (Plan / process / procedure) အားလုံး ကို Supply Chain လို႔ေခၚပါတယ္။ Supply Chain လုပ္ငန္းစဥ္ မွာ ဌာနစိတ္ သုံးခုနဲ႔ အထက္ ပါဝင္ေလ့ရွိပါတယ္။ အခု ဒီ စားအုံးဆီ ရဲ႕ Supply chain မွာဆိုရင္ ေအာက္ပါ ဌာနစိတ္ေတြ မရွိမျဖစ္ လိုအပ္ပါမယ္၊ ၁။ Purchasing (Sourcing) - စိုက္ခင္းကေန ကုန္ၾကမ္း (Raw Material) ေတြ ဝယ္ယူေရး ၂။ Manufacturing ( ကုန္ၾကမ္း / ကုန္ေခ်ာထုတ္လုပ္ေရး ) ၃။ Logistics (Shipping / Transportation) ေရေၾကာင္း/ ေလေၾကာင္း / ကုန္းလမ္း ပို႔ေဆာင္ေရး ၄။ Warehousing (ပင္မ သိုေလွာင္႐ုံ ေတြ / Customer ေတြဆီ ပစၥည္း အျမန္ေရာက္ႏိုင္ဖို႔ သိုေလွာင္႐ုံ အခြဲ ေတြကလည္း မရွိမျဖစ္ပါ) ၅။ Delivery (စားသုံးသူလက္ထဲ အေရာက္ ေပးပို႔ ဖို႔ Delivery team လဲရွိရမယ္) စတဲ့ ဌာနစိတ္ေတြဟာ Supply Chain ရဲ႕ အဓိက ကြင္းဆက္ေတြပါ ။ ပိုၿပီးျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း ဝင္ၿပီးေဆြးေႏြးသြားပါဦး God bless you #Daniel_Zarni #Supply Chain #Logistics #Procurement #Warehousing #Delivery

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...