Saturday, February 19, 2022
Warehouse, Godown and Store (စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
 စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။
[Unicode]
ဒီတစ်ခါတော့ ပစ္စည်း သိုလှောင် ထိမ်းသိမ်း ပို့ဆောင်ခြင်း ဆိုတဲ့ Warehousing အကြောင်း ကို မျှဝေ ဆွေးနွေး ပါမယ်။ Warehousing ကို ကျနော်က စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း လို့ တင်စားထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က အခြားဌာနတွေလို လူအများ နှင့် ဆက်ဆံစရာ မလိုပဲ သက်မဲ့ ပစ္စည်းတွေကိုပဲ စီမံရတယ်၊ ပစ္စည်း ဝင် /ထွက် စာရင်း ကိုက်မယ် မှန်မယ် ၊ ပျက်စီး ပျောက်ဆုံး မှု မရှိအောင် ထိန်းသိမ်းနိုင်မယ် ဆိုရင် မုသာကင်း ပြီး ပျော်စရာ ကောင်းတဲ့ လုပ်ငန်းစဉ်ပါ။
အပိုင်း (၁) မှာတော့ ပစ္စည်းသိုလှောင်ရုံ အမျိုးအစားများ နှင့် Warehousing မှာ အသုံးပြုလေ့ရှိတဲ့ အသုံး အနှုံး Terminology အချို့ အကြောင်း ကို မျှဝေချင်ပါတယ်။
Store, Godown & Warehouse
Store (Storeroom) စတို 
များသောအားဖြင့် လူသုံးကုန်, အလှကုန် ဆိုင် တွေရဲ့ အနောက်မှာ / အနီးမှာ တွဲထားရှိတဲ့ ပစ္စည်းထားတဲ့ အခန်းငယ် / နေရာ ကို ခေါ်ပါတယ် ။ (ဥပမာ - ကျနော်တို့ ဖိနပ်ဆိုင်မှာ ဖိနပ် သွားဝယ်တဲ့ အခါ ကိုယ်လိုချင်တဲ့ ဆိုဒ်က ခင်းပြထားတဲ့ နေရာမှာ မရှိရင် အရောင်းသမားတွေက ခဏနော် ဆို ပြီး နောက်က စတိုခန်း ထဲသွားပြီး ယူပေးလေ့ရှိတာ သတိထားမိကြမှာပါ)
A Store Room
https://www.scoopnest.com/user/ComplexSneakers/1110012299677523969-are-your-sneaker-boxes-stacked-like-this-lessablons-ig
Godown ၊ ဂိုဒေါင် 
    ဂိုဒေါင် ဆိုတဲ့ အသုံးအနှုံးကတော့ အိန္ဒိယ နှင့် အာရှဒေသ တွေမှာ တွင်တွင် ကျယ်ကျယ် အသုံးပြုကြပါတယ် ။ ဟိန္ဒီ စကားလုံးပါ (စမူဆာ တို့ ပလာတာ တို့လို တိုက်ရိုက် ခေါ်ယူ သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်)
    ဂိုဒေါင် ထဲမှာတော့  ကောက်ပဲသီးနှံတို့ စက်ရုံတစ်ခုရဲ့ ကုန်ကြမ်း ပစ္စည်း တို့ ထားလေ့ရှိပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ဆန်ဂိုဒေါင် ၊ ဓါတ်မြေဩဇာ ဂိုဒေါင် ၊ သားရေ ကုန်ကြမ်း ဂိုဒေါင် စသည်ဖြင့် ရင်းရင်းနှီးနှီး အသုံးပြုနေကြပြီးသားပါ။)
ဂိုဒေါင်ထဲမှာ ထားတဲ့ ပစ္စည်း အမျိုးအစားတွေကတော့ နေ့စဉ် Incoming / Outgoing ဝင်/ထွက်  လေ့မရှိပဲ 
အစုလိုက် အပြုံလိုက် ဝင်/ထွက် လေ့ရှိပြီး ကာလ / ရာသီတစ်ခု ထိ သိုလှောင် ထားလေ့ရှိပါတယ်။
Godown
https://telanganatoday.com/telangana-godown-storage-capacity-to-rise-16-fold
Warehouse ဝဲဟောက်(စ်) 
Warehouse လို့ပြောလာရင် ပစ္စည်း သိုလှောင်တဲ့ လုပ်ငန်းတစ်ခု တည်းမကပဲ အောက်ပါ လုပ်ငန်း ဆောင်တာများ ပါဝင်ပါတယ်
    1. Receiving (ရောက်ရှိ ပစ္စည်းများကို စနစ်တကျ စစ်ဆေး / လက်ခံ Unloading) / စာရင်း            သွင်း ခြင်း၊
    2. Put away (စစ်ဆေးပြီးသား ပစ္စည်းများကို သတ်မှတ်နေရာ / စင် များသို့ စနစ်တကျ နေရာချ     / ထားရှိခြင်း၊
    3. Order Fulfilment (နေ့စဉ် Deliver - ပို့ဆောင် / Distribute ဖြန့်ဖြူးပေး ရမည့် အမှာစာ             (Order) များ အတွက် - Picking ပစ္စည်းကောက်ယူခြင်း ၊ Packing ထုပ်ပိုးခြင်း နှင့် Dispatch - ထုပ်ပိုးထားသော ပစ္စည်းများကို သက်ဆိုင်ရာ Delivery Van - ပိုဆောင်ရေးကားများပေါ်သို့ တင်/ဆောင် ပေးခြင်း (Loading) တို့ပါ ပါတယ်။
4. ပစ္စည်း ဝင် / ထွက် / ထုပ်ပိုး / ဖြန်ချီ သည့် လုပ်ငန်းစဉ်များကို - Warehouse management system ( WMS ) – Warehouse စီမံ ခန့်ခွဲ သည့် ကွန်ပျူတာ စနစ် ဖြင့် မှတ်သား / ထိန်းချုပ် / သုံးသပ် လုပ်ဆောင်ခြင်းတို့ ပါဝင်ပါတယ်။
အပိုင်း (၂) မှာတော့  လုပ်ငန်းစဉ်မှာ အခြေခံ ကျပြီး နေ့စဉ် သုံးတဲ့ အသုံး အနှုံး Terminology တွေနဲ့ ဘယ်နေရာမှာ ဘယ်လို သုံးလေ့ရှိတယ် ဆိုတာ မျှဝေပါ့မယ်။
Warehouse
IKEA Warehouse
IKEA Warehouse
ကျနော့ရဲ့ Page ဟာ #Knowledge_Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး
God Bless You 🙏
Zarni Oo (Progistics)
https://progistics.blogspot.com/
[ZawGyi]
Store (Storeroom) စတို 
Godown ၊ ဂိုဒေါင် 
Warehouse ဝဲဟောက်(စ်) 
God Bless You 🙏
Zarni Oo (Progistics)
No comments:
Post a Comment
  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...