Tuesday, February 15, 2022

Incoterms 2020 - (အင်ကိုတမ်း ၂၀၂၀ မှာ ဘာတွေပြောင်းသွားလဲ)

(အင်ကိုတမ်း) Incoterms®

Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။

[Unicode]

Incoterms® ဟာ International Commercial Terms ရဲ့ အတိုခေါက်ဖြစ်ပြီး ICC (International Chamber of Commerce) ကထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းတွေ ဖြစ်ပါတယ်။
Shipping

Logistics နယ်ပယ်က လူတွေ ကတော့ Incoterms ကို ရင်းနှီးပြီးသားပါ။ အခြားဌာန / နယ်ပယ်က လူတွေ မေးလာခဲ့ရင် အလွယ်တကူ ရှင်းပြလို့ ရအောင် / Seller – Buyer တွေနှင့် ဆွေးနွေးတဲ့ အခါ ကိုးကားလို့ ရအောင် Incoterms 2020 ဇယား ကိုလည်း မျှဝေ ထားပါတယ်။
ဒါ့အပြင် ရောင်းတဲ့သူ (Seller) က စျေးဖွင့်တဲ့ အခါ Incoterms ပေါ်လိုက်ပြီး စျေးကွာတတ်ပါတယ်။
Procurement, Purchasing ဌာန ကလည်း အခြားနိုင်ငံက ပစ္စည်းမှာတဲ့အခါ ဝယ်စျေးနှုန်း နှင့် ဝယ်သူဘက်ကယူရမယ့် Risk ကို ချင့်ချိန် စဉ်းစား တွက်ချက်ဖို့ဆိုရင် Incoterms ဟာ အရေးပါ ပါတယ်။
*
Incoterms 2010 ကို ၂၀၁၉ အထိ အသုံးပြုခဲ့ပါတယ်။
အခု Incoterms 2020 မှာ အဓိကပြောင်းလည်း (Update လုပ်) ထားတဲ့ အကြောင်းကို မျှဝေပါ့မယ်။
*

1. New Incoterms® DPU Replaces DAT 

(DAT ကို DPU နှင့် အစားထိုး)

အရင်က DAT (Delivered at Terminal) ကို DPU (Delivered at Place Unloaded) ဆိုပြီး ပြောင်းထားပါတယ်။ DAT က “Terminal” ဆို တဲ့ ဝေါဟာရ က “ဘယ် Terminal ထိ အကျုံးဝင်တာလဲ / ဘယ်နေရာထိ Delivery လုပ်ပေးရမှာလဲ စသည်ဖြင့် ရောင်းသူ - ဝယ်သူ အငြင်းပွားစရာ / မရှင်းမလင်း ဖြစ်ခဲ့တဲ့ အတွက် DPU နှင့် အစားထိုးလိုက်တာပါတဲ့။ 
Term အသစ်က DPU (Delivery at Place Unloaded) - ပစ္စည်းချရမယ့်နေရာထိ ပို့ပေးရမယ် လို့ ဆိုလိုပါတယ်။ ပစ္စည်းချရမယ့်နေရာက ဘယ်နေရာဖြစ်ဖြစ် အကျုံးဝင်ပါတယ် တဲ့။ (သဘောတူ ညှိနိုင်းထားတဲ့ အာမခံတွေ, ပို့ဆောင်ရေးစရိတ်တွေ အားလုံးပေါ့)
*

2.Different level of insurance cover between CIF and CIP 

(CIF နှင့် CIP တွင် Insurance Cover ကွဲပြားခြားနားပုံ)

Incoterms တွေ အထဲမှာ CIF (Cost, Insurance and Freight) နှင့် CIP (Carriage And Insurance Paid) (၂)  မျိုးမှာသာ Seller ဘက်မှ Insurance မဖြစ်မနေ ဝယ်ရတာဖြစ်ပါတယ်။ 
.
Incoterms 2020 မှာတော့ 
CIF Term ရဲ့  Insurance ပုံစံ က မပြောင်းပါဘူး၊ ထုံးစံအတိုင်း ကန့်သန့်ချက်တွေ နှင့် တစ်ချို့Riskတွေကို Cover မဖြစ်ပါဘူး ။
.
CIP Term ရဲ့  Insurance ကတော့ အလုံးစုံအာမခံ ဖြစ်ပါတယ်။
ပုံထဲမှာ အသေးစိတ် ကြည်.နိုင်ပါတယ်။
*
ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား 😊
God Bless You 🙏

Zarni Oo (Progistics)


[ZawGyi]
 Incoterms  ၂၀၂၀ (အင်ကိုတမ်း)


ဒါ့အပြင် ရောင်းတဲ့သူ (Seller) က ဈေးဖွင့်တဲ့ အခါ Incoterms ပေါ်လိုက်ပြီး ဈေးကွာတတ်ပါတယ်။
Procurement, Purchasing ဌာန ကလည်း အခြားနိုင်ငံက ပစ္စည်းမှာတဲ့အခါ ဝယ်ဈေးနှုန်း နှင့် ဝယ်သူဘက်ကယူရမယ့် Risk ကို ချင့်ချိန် စဉ်းစား တွက်ချက်ဖို့ဆိုရင် Incoterms ဟာ အရေးပါ ပါတယ်။
*
*
*
.
.
*
God Bless You 🙏




No comments:

Post a Comment


  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...