Sunday, January 23, 2022

What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)

 What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

FIFO & LIFO (ဖိုက်ဖို & လိုက်ဖို) ဆိုတာ First-In First-Out နှင့် Last-In First-Out ခေါ်တာပါ။ 

FIFO & LIFO Inventory ကို Warehousing / Logistics မှာ သုံးကြသလို - Finance ဌာနကလည်း FIFO, LIFO inventory accounting ဆိုပြီး Warehouse ထဲက ပစ္စည်းတွေရဲ့ လက်ရှိတန်ဖိုးကို တွက်တဲ့အခါမှာ အသုံးပြုပါတယ်။ (LIFO Inventory accounting ကတော့ ခုခေတ်မှာ အသုံးနည်းသွားပါပြီ)

Warehouse မှာ အသုံးပြုတဲ့ FIFO & LIFO အကြောင်း (FIFO & LIFO at Warehouse)

FIFO 

First-In First-out ဆိုတဲ့အတိုင်း အရင်ရောက်တဲ့ပစ္စည်း ကို အရင်ထုတ်တဲ့ စနစ် / လုပ်ငန်းစဉ်ပါအောက်မှာပြထားတဲ့ ဇယားက ဥပမာကို ကြည့်ပါ။


FIFO စနစ်ကိုဘယ်လို ပစ္စည်းတွေ အတွက်သုံးသင့်သလဲ?
FIFO စနစ်ကို 
  • Expiry ရှိတဲ့ပစ္စည်းများ
  • သိုလှောင်ချိန် ကြာကြာထားရင် ပျက်စီးနိုင်တဲ့ပစ္စည်းများနှင့်
  • အရည်အသွေး (အာနိသင်) ပြောင်းသွားနိုင်တဲ့ပစ္စည်းတွေအတွက် မဖြစ်မနေ သုံးသင့်ပါတယ်။
FIFO နှင့် Warehouse Storage Planning
အမြဲတမ်းကြုံရတာက Warehouse မှာ ပစ္စည်းထားစရာ နေရာက အပို မရှိရင်.. 
အရင်ဝင်ထားတဲ့ ပစ္စည်းတွေက အတွင်းဆုံးမှာ ရောက်နေ / ရောက်သွားပြီး ... နောက်မှ ရောက်တဲ့ပစ္စည်းတွေက အပြင်ဖက်ဆုံး၊ ပစ္စည်း ကောက်ရန် / ထုတ်ရန် အလွယ်ဆုံး နေရာတွေမှာရှိနေတတ်ပါတယ်။ 
...ဆိုတော့ FIFO ထုတ်ပေးဖို့ ခက်ခဲသွားပါတယ်။ 
FIFO စနစ် အတွက်ဆိုရင် အဝင်ပစ္စည်းတွေကို နေရာချကတည်း သေချာစဉ်းစား / Plan ချ ပြီးမှာ နေရာချ သင့်ပါတယ်။ 
ပစ္စည်းမျိုးတူ ထပ်ဝင်လာတော့မယ် ဆိုရင် လက်ကျန်ပစ္စည်းတွေကို ပစ္စည်းသစ်မရောက်မှီ အပြင်ဆုံးကို ရွှေ့ထားသင့်ပါတယ်။ 
Warehouse နေရာ အလုံအလောက်ရှိလျှင် ရွှေ့စရာမလိုပဲ, လက်ကျန်ပစ္စည်း နှင့် အသစ်ရောက်တဲ့ ပစ္စည်းကို အမှတ်အသားပြုထားပါ။

LIFO 
Last-In First-out - နောက်ဆုံးရောက်တဲ့ပစ္စည်းကို အရင်ထုတ်တဲ့ စနစ် / လုပ်ငန်းစဉ်ပါ။

LIFO စနစ်ကိုဘယ်လို ပစ္စည်းတွေ အတွက်သုံးသင့်သလဲ?
LIFO စနစ်ကို
• အရင်ရောက်ထားတဲ့ပစ္စည်းတွေရှိသော်လည်း နောက်ရောက်သည့်ပစ္စည်းပေါ်မှာ ပရိုမိုးရှင်းရှိလို့ ဒီဇိုင်းနည်းနည်းပြောင်းထားသည့်အတွက်, အဲဒီပရိုမိုးရှင်း ပစ္စည်းကို အရင်ထုတ်ပေးရန် အသုံးပြုခြင်း ( ဥပမာ၊ သင်္ကြန်ရာသီ / ခရစ်စမတ်ရာသီမျိုးမှာ ကြုံရေလ့ရှိပါတယ်။)
• အရင်ရောက်ထားတဲ့ပစ္စည်းတွေက Error နည်းနည်းရှိလို့ မထုတ်သေးပဲ (Hold) ထားပြီး နောက်ရောက်တဲ့ ပစ္စည်းကို အရင်ထုတ်ပေးတဲ့အခါမှာ အသုံးပြုပါတယ်။

🔹 FIFO & LIFO Inventory အကြောင်း ပိုပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။ 
စာသားချည်း သက်သက်တော့ ကော်ပီ မကူးပါနှင့်လား၊
God Bless You 🙏


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  3. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
ZawGyi (Version)
FIFO & LIFO (ဖိုက္ဖို & လိုက္ဖို) ဆိုတာ First-In First-Out ႏွင့္ Last-In First-Out ေခၚတာပါ။ 
FIFO & LIFO Inventory ကို Warehousing / Logistics မွာ သုံးၾကသလို - Finance ဌာနကလည္း FIFO, LIFO inventory accounting ဆိုၿပီး Warehouse ထဲက ပစၥည္းေတြရဲ႕ လက္ရွိတန္ဖိုးကို တြက္တဲ့အခါမွာ အသုံးျပဳပါတယ္။ (LIFO Inventory accounting ကေတာ့ ခုေခတ္မွာ အသုံးနည္းသြားပါၿပီ)

Warehouse မွာ အသုံးျပဳတဲ့ FIFO & LIFO အေၾကာင္း (FIFO & LIFO at Warehouse)
FIFO 
First-In First-out ဆိုတဲ့အတိုင္း အရင္ေရာက္တဲ့ပစၥည္း ကို အရင္ထုတ္တဲ့ စနစ္ / လုပ္ငန္းစဥ္ပါ
ဇယားက ဥပမာကို ၾကည့္ပါ။

FIFO စနစ္ကိုဘယ္လို ပစၥည္းေတြ အတြက္သုံးသင့္သလဲ?
FIFO စနစ္ကို 
• Expiry ရွိတဲ့ ပစၥည္းေတြႏွင့္ 
• သိုေလွာင္ခ်ိန္ ၾကာၾကာထားရင္ပ်က္စီးႏိုင္ တဲ့ပစၥည္းေတြ
• အရည္အေသြး (အာနိသင္) ေျပာင္းသြားႏိုင္တဲ့ ပစၥည္းေတြ အတြက္ မျဖစ္မေန သုံးသင့္ပါတယ္။

FIFO ႏွင့္ Warehouse Storage Planning
အၿမဲတမ္းႀကဳံရတာက Warehouse မွာ ပစၥည္းထားစရာ ေနရာက အပို မရွိရင္.. 
အရင္ဝင္ထားတဲ့ ပစၥည္းေတြက အတြင္းဆုံးမွာ ေရာက္ေန / ေရာက္သြားၿပီး ... ေနာက္မွ ေရာက္တဲ့ပစၥည္းေတြက အျပင္ဖက္ဆုံး၊ ပစၥည္း ေကာက္ / ထုတ္လို႔ အလြယ္ဆုံး ေနရာေတြမွာရွိေနတတ္ပါတယ္။ 
ဆိုေတာ့ FIFO ထုတ္ေပးဖို႔ ခက္ခဲသြားပါတယ္။ 
FIFO စနစ္ အတြက္ဆိုရင္ အဝင္ပစၥည္းေတြကို ေနရာခ်ကတည္း ေသခ်ာ စဥ္းစား / Plan ခ် ၿပီးမွာ ေနရာခ် သင့္ပါတယ္။ 
ပစၥည္းမ်ိဳးတူ ေတြထပ္ဝင္လာေတာ့မယ္ ဆိုရင္ လက္က်န္ပစၥည္းေတြကို ပစၥည္းသစ္မေရာက္မွီ အျပင္ဆုံးကို ေ႐ႊ႕ထားသင့္ပါတယ္။ Warehouse ေနရာ အလုံအေလာက္ ရွိလွ်င္ ေ႐ႊ႕စရာ မလိုပဲ, လက္က်န္ ပစၥည္း ႏွင့္ အသစ္ေရာက္တဲ့ ပစၥည္း ကို အမွတ္အသားျပဳထားပါ။

LIFO 
Last-In First-out - ေနာက္ဆုံးေရာက္တဲ့ပစၥည္း ကို အရင္ထုတ္တဲ့ စနစ္ / လုပ္ငန္းစဥ္ပါ။

LIFO စနစ္ကိုဘယ္လို ပစၥည္းေတြ အတြက္သုံးသင့္သလဲ?
LIFO စနစ္ကို
• အရင္ေရာက္ထားတဲ့လပစၥည္းေတြရွိေသာ္လည္း ေနာက္ေရာက္သည့္ပစၥည္းေပၚမွာ ပ႐ိုမိုးရွင္းရွိလို႔ ဒီဇိုင္းနည္းနည္းေျပာင္းထားသည့္အတြက္, အဲဒီ ပ႐ိုမိုးရွင္း ပစၥည္းကို အရင္ထုတ္ေပးရန္ အသုံးျပဳျခင္း (ဥပမာ, သီတင္းကြၽတ္ရာသီ / ခရစ္စမတ္ရာသီ မ်ိဳးမွာ ႀကဳံေရလ့ရွိပါတယ္။
• အရင္ေရာက္ထားတဲ့ပစၥည္းေတြက Error နည္းနည္းရွိလို႔ မထုတ္ေသးပဲ (Hold) ထားၿပီး ေနာက္ေရာက္တဲ့ ပစၥည္းကို အရင္ထုတ္ေပးတဲ့အခါမွာ အသုံးျပဳပါတယ္။

🔹 FIFO & LIFO အေၾကာင္း ပိုျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။
လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်။ 
စာသားခ်ည္း သက္သက္ေတာ့ ေကာ္ပီ မကူးပါႏွင့္လား၊
God Bless You 🙏






4 comments:

  1. FIFO ကတော့ အတော်လေးရင်းနှီးပေမဲ့ LIFO ကတော့ အခုမှပိုနားလည်သွားတယ်။🙏🙏🙏

    ReplyDelete
  2. OTIF တွက်နည်း အလွယ်ဆုံးနည်း သင်ပေးပါဆရာ🙏

    ReplyDelete

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...