Friday, April 1, 2022

စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure

 Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

အရင်တစ်ပါတ်က Cycle Count and Annual Stock Count  အကြောင်းကို မျှဝေခဲ့ပါတယ်၊

ဒီတစ်ပါတ်မှာ Warehouse (WH) ထဲမှာ ပစ္စည်းစာရင်း ဘယ်လို ကောက် / စစ်ကြတယ် (Stock Count) ဆိုတာ မျှဝေပါ့မယ်။

Stock Count / Inventory Count

ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာလေ့ရှိတာမို့လို့ ခြုံငုံပြီးသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Stock Count လုပ်ငန်းစဉ် ကို

  • အပိုင်း (၁) Stock Count မစခင် လိုအပ်သည့် ပြင်ဆင်မှုများ
  • အပိုင်း (၂) Stock Count နေ့မှာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ
  • အပိုင်း (၃) စာရင်းကောက်ယူပြီး - အပြီးသတ် လုပ်ဆောင်ချက်များ 

စသည်ဖြင့် (၃)ပိုင်းခွဲ ပြီး လုပ်ဆောင်နိုင်ပါတယ်။

အပိုင်း (၁) Stock Count မစခင် လိုအပ်သည့် ပြင်ဆင်မှုများ 

  • WH က ဝန်ထမ်းများ က Stock Count လုပ်သည်အခါ ရေတွက်ရလွယ်ကူအောင် ပစ္စည်းတွေကို စနစ်တကျ စီထား ဖို့ လိုအပ် ပါတယ်၊ (ပစ္စည်း မျိုးတူ / SKU တူတာ စု / စီ ထားခြင်း )
  • ပစ္စည်းပေါ်က လေဘယ် (Label) တွေ / ဘားကုဒ် (Barcode) တွေကို စစ်တဲ့ အခါမှာ ဖတ်ဖို့ လိုရင် ဖတ်လို့လွယ်အောင် စီစဉ် နေရာချထားခြင်း
  • System ထဲက လက်ကျန် အရေအတွက်နှင့် WH ထဲက လက်ကျန် စာရင်း ကြိုတင်ကိုက်ညှိထားခြင်း
  • အရောင်းဌာန(Sales)  / ကုန်ထုတ်ဌာန (Production)၊ - ငွေစာရင်းဌာန (Finance)တို့နှင့် ညှိနိုင်း၍ Stock Count လုပ်မည့် နေ့ / အချိန် ကို သတ်မှတ်ခြင်း 
  • ပစ္စည်း စာရင်း ကောက်မည့်အဖွဲ့များ သတ်မှတ် ဖွဲစည်းခြင်း
စသည့် လုပ်ငန်းစဉ်တွေဟာ Stock Count မစခင်မှာ လုပ်ဆောင်ရမည့် အရာများထဲက အချို့ ဖြစ်ပါတယ်။

အပိုင်း (၂) Stock Count နေ့မှာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

Stock Count တစ်ဖွဲ့မှာ ဆိုရင် အောက်ပါ လူ ၄ ယောက် လောက် ပါရင် အကောင်းဆုံးပါ၊

  1. ပစ္စည်းရေ မည့်သူ၊ 
  2. စာရင်းရေးမှတ်မည့်သူ၊
  3. ပစ္စည်းအမျိုးအမည် အရေအတွက် ကို ပြောပြပေးမည့်သူ၊
  4. ပစ္စည်း ရေလို့ လွယ်အောင် ရွှေ့/ စီ ပေးမည့်သူ

  • Stock Count နေ့မှာ တော့ Logistics & Warehouse ဝန်ထမ်း / တာဝန်ရှိသူ တွေက အဓိက Stock Count မလုပ်သင့်ပါဘူး၊ 
  • Finance က အဓိက ပစ္စည်းစာရင်း စစ် သူ ဖြစ်သင့်ပါတယ်။ အခြားဌာန တွေက သူများလည်း ပူးပေါင်းပါဝင်သင့်ပါတယ်။
  • WH ဝန်ထမ်းများ အနေနှင့် ပစ္စည်းစစ်သူများ အဆင်ပြေအောင် လိုက်ပြ / မရှင်းလို့ မေးရင်ဖြေ စသည် လောက်သာ လုပ်သင့်ပါတယ်။
  •  စစ်ပြီးသား ပစ္စည်းတွေကို ထပ်မစစ်မိ / နှစ်ကြိမ် မရေတွက် မိအောင် အမှတ်အသား လုပ်ထားရပါမယ်။
  • စာမေးပွဲ ဖြေပြီးရင် တစ်ခေါက်ပြန်စစ်သလို ပစ္စည်း စစ်ပြီးရင် တာဝန်ရှိ ခေါင်းဆောင် (Leader / Incharge) တွေက စာရင်းကောက်စရာ ကျန်ခဲ့လား / ကျော်သွားလား ဆိုတာကို တစ်ကြိမ် / နှစ်ကြိမ်  (One or Two round) လောက် ပြန်စစ်ကြည့်သင့်ပါတယ်။
  • Finance က ပစ္စည်းစစ်ပြီး အရေအတွက် ရေးထားတဲ့ စာရင်းစာရွက် (Check List) အပေါ်မှာ ရေတွက်သူတွေက လက်မှတ်ထိုး သလို၊ WH တာဝန်ခံ ကို လက်မှတ်ထိုးခိုင်းရပါတယ်။ Finance ကောက်တဲ့ အရေတွက်ဟာ မှန်ကန်ကြောင်း အတည်ပြု တဲ့ သဘောပါ - 

 အပိုင်း (၃) စာရင်းကောက်ယူပြီး - အပြီးသတ် လုပ်ဆောင်ချက်များ 

 အပိုင်း(၃) မှာတော့ Finance ရဲ့ လုပ်ဆောင်ချက်တွေပဲများပါတယ်၊

  • Finance က WH ထဲက ကောက်လာတဲ့ စာရင်းနှင့် Computer System ထဲက စာရင်း ယှဉ်ပြီး စစ်ရပါမယ်။
  • ကွာဟသည့် အရေအတွက် အရမ်းများ နေရင် အဝင်/အထွက် တွေ စာရင်းမသွင်းမိလို့လား ၊ သို့မဟုတ် စာရင်းကောက်တုံးက ပို /လို ကောက်မိလို့လား စစ်ပြီရပါမယ်၊ လိုအပ်ရင် Check List မှာ လက်မှတ်ထိုးထားတဲ့ ရေတွက်သူတွေကို ပြန်ရေတွက် ခိုင်းရပါမယ်၊
  • ကွာဟသည့် အရေအတွက် (Variance Quantity) ကို အမြန်ဆုံးတွက်ချက်သင့်ပါတယ်၊
  • အဲဒီကွာဟချက်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ ကုမ္ပဏီ အကြီးအကဲတွေ ဆုံးဖြတ်ပါလိမ္မယ်။

စကားချပ်။ ။ ထပ်ပြောပါရစေ၊ Stock-count လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားတာပါ။

.

ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

[ZawGyi]

အရင္တစ္ပါတ္က Cycle Count and Annual Stock Count  အေၾကာင္းကို မွ်ေဝခဲ့ပါတယ္၊

ဒီတစ္ပါတ္မွာ Warehouse (WH) ထဲမွာ ပစၥည္းစာရင္း ဘယ္လို ေကာက္ / စစ္ၾကတယ္ (Stock Count) ဆိုတာ မွ်ေဝပါ့မယ္။

ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာေလ့ရွိတာမို႔လို႔ ၿခဳံငုံၿပီးသာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

Stock Count လုပ္ငန္းစဥ္ ကို

  • အပိုင္း (၁) Stock Count မစခင္ လိုအပ္သည့္ ျပင္ဆင္မႈမ်ား
  • အပိုင္း (၂) Stock Count ေန႔မွာ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ား
  • အပိုင္း (၃) စာရင္းေကာက္ယူၿပီး - အၿပီးသတ္ လုပ္ေဆာင္ခ်က္မ်ား 
စသည္ျဖင့္ (၃)ပိုင္းခြဲ ၿပီး လုပ္ေဆာင္ႏိုင္ပါတယ္။

အပိုင္း (၁) Stock Count မစခင္ လိုအပ္သည့္ ျပင္ဆင္မႈမ်ား 

  • WH က ဝန္ထမ္းမ်ား က Stock Count လုပ္သည္အခါ ေရတြက္ရလြယ္ကူေအာင္ ပစၥည္းေတြကို စနစ္တက် စီထား ဖို႔ လိုအပ္ ပါတယ္၊ (ပစၥည္း မ်ိဳးတူ / SKU တူတာ စု / စီ ထားျခင္း )
  • ပစၥည္းေပၚက ေလဘယ္ (Label) ေတြ / ဘားကုဒ္ (Barcode) ေတြကို စစ္တဲ့ အခါမွာ ဖတ္ဖို႔ လိုရင္ ဖတ္လို႔လြယ္ေအာင္ စီစဥ္ ေနရာခ်ထားျခင္း
  • System ထဲက လက္က်န္ အေရအတြက္ႏွင့္ WH ထဲက လက္က်န္ စာရင္း ႀကိဳတင္ကိုက္ညႇိထားျခင္း
  • အေရာင္းဌာန(Sales)  / ကုန္ထုတ္ဌာန (Production)၊ - ေငြစာရင္းဌာန (Finance)တို႔ႏွင့္ ညႇိႏိုင္း၍ Stock Count လုပ္မည့္ ေန႔ / အခ်ိန္ ကို သတ္မွတ္ျခင္း 
  • ပစၥည္း စာရင္း ေကာက္မည့္အဖြဲ႕မ်ား သတ္မွတ္ ဖြဲစည္းျခင္း
စသည့္ လုပ္ငန္းစဥ္ေတြဟာ Stock Count မစခင္မွာ လုပ္ေဆာင္ရမည့္ အရာမ်ားထဲက အခ်ိဳ႕ ျဖစ္ပါတယ္။

အပိုင္း (၂) Stock Count ေန႔မွာ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ား

Stock Count တစ္ဖြဲ႕မွာ ဆိုရင္ ေအာက္ပါ လူ ၄ ေယာက္ ေလာက္ ပါရင္ အေကာင္းဆုံးပါ၊

  1. ပစၥည္းေရ မည့္သူ၊ 
  2. စာရင္းေရးမွတ္မည့္သူ၊
  3. ပစၥည္းအမ်ိဳးအမည္ အေရအတြက္ ကို ေျပာျပေပးမည့္သူ၊
  4. ပစၥည္း ေရလို႔ လြယ္ေအာင္ ေ႐ႊ႕/ စီ ေပးမည့္သူ
  • Stock Count ေန႔မွာ ေတာ့ Logistics & Warehouse ဝန္ထမ္း / တာဝန္ရွိသူ ေတြက အဓိက Stock Count မလုပ္သင့္ပါဘူး၊ 
  • Finance က အဓိက ပစၥည္းစာရင္း စစ္ သူ ျဖစ္သင့္ပါတယ္။ အျခားဌာန ေတြက သူမ်ားလည္း ပူးေပါင္းပါဝင္သင့္ပါတယ္။
  • WH ဝန္ထမ္းမ်ား အေနႏွင့္ ပစၥည္းစစ္သူမ်ား အဆင္ေျပေအာင္ လိုက္ျပ / မရွင္းလို႔ ေမးရင္ေျဖ စသည္ ေလာက္သာ လုပ္သင့္ပါတယ္။
  •  စစ္ၿပီးသား ပစၥည္းေတြကို ထပ္မစစ္မိ / ႏွစ္ႀကိမ္ မေရတြက္ မိေအာင္ အမွတ္အသား လုပ္ထားရပါမယ္။
  • စာေမးပြဲ ေျဖၿပီးရင္ တစ္ေခါက္ျပန္စစ္သလို ပစၥည္း စစ္ၿပီးရင္ တာဝန္ရွိ ေခါင္းေဆာင္ (Leader / Incharge) ေတြက စာရင္းေကာက္စရာ က်န္ခဲ့လား / ေက်ာ္သြားလား ဆိုတာကို တစ္ႀကိမ္ / ႏွစ္ႀကိမ္  (One or Two round) ေလာက္ ျပန္စစ္ၾကည့္သင့္ပါတယ္။
  • Finance က ပစၥည္းစစ္ၿပီး အေရအတြက္ ေရးထားတဲ့ စာရင္းစာ႐ြက္ (Check List) အေပၚမွာ ေရတြက္သူေတြက လက္မွတ္ထိုး သလို၊ WH တာဝန္ခံ ကို လက္မွတ္ထိုးခိုင္းရပါတယ္။ Finance ေကာက္တဲ့ အေရတြက္ဟာ မွန္ကန္ေၾကာင္း အတည္ျပဳ တဲ့ သေဘာပါ - 

 အပိုင္း (၃) စာရင္းေကာက္ယူၿပီး - အၿပီးသတ္ လုပ္ေဆာင္ခ်က္မ်ား 

 အပိုင္း(၃) မွာေတာ့ Finance ရဲ႕ လုပ္ေဆာင္ခ်က္ေတြပဲမ်ားပါတယ္၊

  • Finance က WH ထဲက ေကာက္လာတဲ့ စာရင္းႏွင့္ Computer System ထဲက စာရင္း ယွဥ္ၿပီး စစ္ရပါမယ္။
  • ကြာဟသည့္ အေရအတြက္ အရမ္းမ်ား ေနရင္ အဝင္/အထြက္ ေတြ စာရင္းမသြင္းမိလို႔လား ၊ သို႔မဟုတ္ စာရင္းေကာက္တုံးက ပို /လို ေကာက္မိလို႔လား စစ္ၿပီရပါမယ္၊ လိုအပ္ရင္ Check List မွာ လက္မွတ္ထိုးထားတဲ့ ေရတြက္သူေတြကို ျပန္ေရတြက္ ခိုင္းရပါမယ္၊
  • ကြာဟသည့္ အေရအတြက္ (Variance Quantity) ကို အျမန္ဆုံးတြက္ခ်က္သင့္ပါတယ္၊
  • အဲဒီကြာဟခ်က္ကို ဘယ္လိုလုပ္ရမလဲ ဆိုတာကေတာ့ ကုမၸဏီ အႀကီးအကဲေတြ ဆုံးျဖတ္ပါလိမၼယ္။
စကားခ်ပ္။ ။ ထပ္ေျပာပါရေစ၊ Stock-count လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားတာပါ။

.

က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီ ေတာ့ မကူးပါနဲ႔လား၊

No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...