Saturday, March 26, 2022

Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ ( The differences , Advantage and Disadvantage of Cycle Count and Annual Stock Count)

Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
The differences , Advantage and Disadvantage of Cycle Count and Annual Stock Count

 Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

ပထမဦးစွာ Warehouse ထဲရှိ ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ်မှာ သုံးလေ့ရှိတဲ့ ဝေါဟာရ (၂)မျိုး ဖြစ်တဲ့ Cycle Count နှင့် Annual Stock Count အကြောင်းကို ဆွေးနွေးပါ့မယ်။

    ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး ဆွေးနွေးပါမယ်။

Inventory Count, inventory management


Cycle Count  ဆိုက်ကယ်ကောင့်

    Cycle Count  ဆိုတာ .. ဥပမာ၊ Warehouse ထဲမှာ ပစ္စည်း အမျိုး(၁၀၀) ရှိရှင် တစ်ကြိမ် ကို (၂၅) မျိုး လောက်ကို ရွေးချယ်ပြီး အလှည့်ကျ ကောက် / စစ် သည့် စနစ် ဖြစ်ပါတယ်။ Cycle Count (၄)ကြိမ်ဆိုရင် ပစ္စည်းအမျိုး (၁၀၀) လုံး စစ်ပြီးသား ဖြစ်သွားမှာပါ။)

တစ်ခါတစ်လေ ပစ္စည်းအမျိုးအမည် ကို အလှည့်ကျ မရွေးပဲ Random - ကျပန်းရွေးလိုက်ပြီး (Surprise Check) ကောက်/စစ် တာတွေလည်း ရှိပါတယ်။

Cycle Count ရဲ့အားသာချက်များ

  • စာရင်းကွာနေသည်ကို မြန်မြန်သိရသည့်အတွက် ဝင်/ထွက် စာရင်း မှားနေခြင်း ကို စီစစ် / ပြင်ဆင်ရာတွင် အထောက်အကူဖြစ်ခြင်း
  • နေ့စဉ် လည်ပတ်နေသော အရောင်းဌာန / ကုန်ထုတ် ဌာန လုပ်ငန်းစဉ်များကို မထိခိုက်ခြင်း
  • လူအင်အား နှင့် အချိန် များစွာ အသုံးပြုစရာ မလိုအပ်ခြင်း

Cycle Count ရဲ့အားနည်းချက်များ

  • ပစ္စည်း တစ်မျိုးတည်းကို နှစ်ကြိမ် ကောက်မိခြင်း 
    • (ဥပမာ (ပ အကြိမ်) Cycle Count တွင် Wholesales Stock , လက္ကားစာရင်း အဖြစ် ကောက်ထားသော ပစ္စည်းကို - Location ပြောင်း / ရွှေ့လိုက်သောကြောင့် (ဒု အကြိမ်) Cycle Count တွင် Retail Stock - အဖြစ် နောက်တစ်ကြိမ်ကောက်မိရန် ဖြစ်နိုင်ခြေ ရှိခြင်း
  • ပစ္စည်း ဝင်/ထွက် ဆက်တိုက်ရှိနေသဖြင့် ပို/လို အရေအတွက်ကို အတည်ပြုရန် မသေချာခြင်း

Annual Stock count  

Annual Stock count  - အန်နြူရယ် စတော့ ကောင့် (or)

Periodic Stock count  - ပီရီယောဒစ် စတော့ ကောင့် (or)

Wall to Wall Stock Count  - ဝေါ တူ ဝေါ စတော့ ကောင့်

Physical Inventory Count - ဖီစစ်ကယ် အင်ဗန်ထရီ ကောင့်

ဘယ်လိုပဲ ခေါ်ခေါ် လုပ်ငန်းစဉ်က အတူတူပါပဲ။

Warehouse ထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို တကြိမ်တည်း စာရင်းကောက်ယူခြင်းပါ။ Company အများစုက နှစ်ကုန် (သို့) ဘဏ္ဍာရေး ဌာန (Finance) ရဲ့ တစ်နှစ်စာ စာရင်းချုပ်တဲ့ လမှာ ကောက်ယူလေ့ရှိပါတယ်။

Annual Stock count ရဲ့ အားသာချက်များ

  • ပစ္စည်း ပို/လို အရေအတွက်ကို ရာနုန်းပြည့် နီးပါး ဖေါ်ထုတ် နိုင်ခြင်း
  • ပစ္စည်း ပို/လို စာရင်းသည် ဘဏ္ဍာရေး ဌာန၏ တစ်နှစ်တာ ရှံး/မြတ် တွက်ချက်ရာတွင် အထောက်အကူပြုခြင်း

Annual Stock Count ရဲ့အားနည်းချက်များ 

  • နေ့စဉ် ဝင်/ထွက် (Movement) ရှိသော ပစ္စည်းများ ကို ခေတ္တ ဝင်/ထွက် ရပ်နားထားရန် လိုအပ်ခြင်း
  • လုံလောက်သော လူအင်အား နှင့် အချိန် အသုံးပြုရန် လိုအပ်ခြင်း။

    Stock Count (၂) မျိုး အကြောင်း ပြောနေရင်း စာ ရှည်သွားပြီဖြစ်လို့ Stock Count လုပ်ငန်းစဉ် ကို အသေးစိတ် ထပ်မံ မျှဝေပါမယ်။ 

စကားချပ်။ ။ ထပ်ပြောပါရစေ၊ Stock-count လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားတာပါ။

    ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီတော့ မကူးပါနှင့်လား 


[ZawGyi]

Cycle Count Vs. Annual Stock Count ကြဲျပားခ်က္ ႏွင့္ အားနည္းခ်က္၊ အားသာခ်က္မ်ား
The differences , Advantage and Disadvantage of Cycle Count and Annual Stock Count

ပထမဦးစြာ Warehouse ထဲရွိ ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္မွာ သုံးေလ့ရွိတဲ့ ေဝါဟာရ (၂)မ်ိဳး ျဖစ္တဲ့ Cycle Count ႏွင့္ Annual Stock Count အေၾကာင္းကို ေဆြးေႏြးပါ့မယ္။

    ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး ေဆြးေႏြးပါမယ္။

stock count, inventory count, inventory management


Cycle Count  ဆိုက္ကယ္ေကာင့္

    Cycle Count  ဆိုတာ .. ဥပမာ၊ Warehouse ထဲမွာ ပစၥည္း အမ်ိဳး(၁၀၀) ရွိရွင္ တစ္ႀကိမ္ ကို (၂၅) မ်ိဳး ေလာက္ကို ေ႐ြးခ်ယ္ၿပီး အလွည့္က် ေကာက္ / စစ္ သည့္ စနစ္ ျဖစ္ပါတယ္။ Cycle Count (၄)ႀကိမ္ဆိုရင္ ပစၥည္းအမ်ိဳး (၁၀၀) လုံး စစ္ၿပီးသား ျဖစ္သြားမွာပါ။)

တစ္ခါတစ္ေလ ပစၥည္းအမ်ိဳးအမည္ ကို အလွည့္က် မေ႐ြးပဲ Random - က်ပန္းေ႐ြးလိုက္ၿပီး (Surprise Check) ေကာက္/စစ္ တာေတြလည္း ရွိပါတယ္။


Cycle Count ရဲ႕အားသာခ်က္မ်ား

  • စာရင္းကြာေနသည္ကို ျမန္ျမန္သိရသည့္အတြက္ ဝင္/ထြက္ စာရင္း မွားေနျခင္း ကို စီစစ္ / ျပင္ဆင္ရာတြင္ အေထာက္အကူျဖစ္ျခင္း
  • ေန႔စဥ္ လည္ပတ္ေနေသာ အေရာင္းဌာန / ကုန္ထုတ္ ဌာန လုပ္ငန္းစဥ္မ်ားကို မထိခိုက္ျခင္း
  • လူအင္အား ႏွင့္ အခ်ိန္ မ်ားစြာ အသုံးျပဳစရာ မလိုအပ္ျခင္း

Cycle Count ရဲ႕အားနည္းခ်က္မ်ား

  • ပစၥည္း တစ္မ်ိဳးတည္းကို ႏွစ္ႀကိမ္ ေကာက္မိျခင္း 
    • (ဥပမာ (ပ အႀကိမ္) Cycle Count တြင္ Wholesales Stock , လကၠားစာရင္း အျဖစ္ ေကာက္ထားေသာ ပစၥည္းကို - Location ေျပာင္း / ေ႐ႊ႕လိုက္ေသာေၾကာင့္ (ဒု အႀကိမ္) Cycle Count တြင္ Retail Stock - အျဖစ္ ေနာက္တစ္ႀကိမ္ေကာက္မိရန္ ျဖစ္ႏိုင္ေျခ ရွိျခင္း
  • ပစၥည္း ဝင္/ထြက္ ဆက္တိုက္ရွိေနသျဖင့္ ပို/လို အေရအတြက္ကို အတည္ျပဳရန္ မေသခ်ာျခင္း

Annual Stock count  

Annual Stock count  - အန္ျႏူရယ္ စေတာ့ ေကာင့္ (or)

Periodic Stock count  - ပီရီေယာဒစ္ စေတာ့ ေကာင့္ (or)

Wall to Wall Stock Count  - ေဝါ တူ ေဝါ စေတာ့ ေကာင့္

Physical Inventory Count - ဖီစစ္ကယ္ အင္ဗန္ထရီ ေကာင့္

ဘယ္လိုပဲ ေခၚေခၚ လုပ္ငန္းစဥ္က အတူတူပါပဲ။

Warehouse ထဲမွာရွိတဲ့ ပစၥည္းအားလုံးကို တႀကိမ္တည္း စာရင္းေကာက္ယူျခင္းပါ။ Company အမ်ားစုက ႏွစ္ကုန္ (သို႔) ဘ႑ာေရး ဌာန (Finance) ရဲ႕ တစ္ႏွစ္စာ စာရင္းခ်ဳပ္တဲ့ လမွာ ေကာက္ယူေလ့ရွိပါတယ္။

Annual Stock count ရဲ႕ အားသာခ်က္မ်ား

  • ပစၥည္း ပို/လို အေရအတြက္ကို ရာႏုန္းျပည့္ နီးပါး ေဖၚထုတ္ ႏိုင္ျခင္း
  • ပစၥည္း ပို/လို စာရင္းသည္ ဘ႑ာေရး ဌာန၏ တစ္ႏွစ္တာ ရွံး/ျမတ္ တြက္ခ်က္ရာတြင္ အေထာက္အကူျပဳျခင္း

Annual Stock Count ရဲ႕အားနည္းခ်က္မ်ား 

  • ေန႔စဥ္ ဝင္/ထြက္ (Movement) ရွိေသာ ပစၥည္းမ်ား ကို ေခတၱ ဝင္/ထြက္ ရပ္နားထားရန္ လိုအပ္ျခင္း
  • လုံေလာက္ေသာ လူအင္အား ႏွင့္ အခ်ိန္ အသုံးျပဳရန္ လိုအပ္ျခင္း။

    Stock Count (၂) မ်ိဳး အေၾကာင္း ေျပာေနရင္း စာ ရွည္သြားၿပီျဖစ္လို႔ Stock Count လုပ္ငန္းစဥ္ ကို အေသးစိတ္ ထပ္မံ မွ်ေဝပါမယ္။ 

စကားခ်ပ္။ ။ ထပ္ေျပာပါရေစ၊ Stock-count လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားတာပါ။

    က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီေတာ့ မကူးပါႏွင့္လား 

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား

  1. စကားမေျပာေသာ အမွန္တရားမ်ားႏွင့္ ကခုန္ျခင္း - အပိုင္း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အေၾကာင္း)
  3.  Warehousing ဆိုင္ရာ အေျခခံ ေဝါဟာရ၊ အသုံးအႏႈန္းမ်ား (Basic Warehousing Terms )



No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...