Monday, March 14, 2022

BL အမျိုးအစားများ၊ (Different Types of BL, Bill of Landing)

BL (Bill of Lading) များ အကြောင်း 

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

ကျနော် BL ဆိုတာနဲ့ စပြီး ရင်းနှီးကာစက Bill of Landing လို့ ဖတ်မိပါတယ်၊ အမှန်က Bill of Lading ပါ၊ "n" မပါပါ။  BOL လို့လည်း ခေါ်ကြပါတယ်။

BL, different types of BL

BL / BOL အမျိုးအစားများကို အောက်ပါအတိုင်း ဖော်ပြမျှဝေချင်ပါတယ်၊

(1) Verify Copy BL

Shipper ကနေ Shipping Line ကို Shipping Instruction ပေးပြီးတာနှင့် Shipping Line က BL ကို အကြမ်းထုတ်ပြီး Shipper (သို့မဟုတ်) Shipper ရဲ့ Agent (Forwarder) ဆီကို မှန် / မမှန် စစ်ဖို့ ပြန်ပို့ပေးတဲ့ BL ကို Verify Copy လို့ခေါ်ကြတာပါ။ 

အခုခေတ်မှာတော့ အပေါ်က Process တွေကို Shipping Line တော်တော်များများက - သူတို့ Website ထဲဝင်ပြီး Online လုပ်လို့ရအောင် စီစဉ်ထားကြပါတယ်၊

*

(2) Original BL (သို့မဟုတ်) Negotiable BL

Original BL (သို့မဟုတ်) Negotiable BL တွေက တစ်ယောက်ဆီမှ နောက်တစ်ယောက် ဆီသို့ လွှဲပြောင်းပေးနိုင် ပြီး အဲဒီ ပစ္စည်းရဲ့ ပိုင်ရှင် (Consigner (သို့) Consignee) ဆီမှာပဲ Original BL ရှိသင့်တာပါ။ 

Shipping Line က Original Copy (၃) စုံ ထုတ်ပေးလေ့ ရှိပါတယ်။

*

(3) Non-Negotiable BL

Non-Nego BL ဆိုတဲ့ နာမည်အတိုင်းပဲ - ဒီ non-Nego BL ကို ပြပြီး ပစ္စည်းထုတ်တာ / ငွေလွှဲတာ စသဖြင့် ဘာတစ်ခုမှ လုပ်လို့မရပါဘူး၊ အဒီ ပစ္စည်းရဲ့ ခရီးစဉ် အစ မှ အဆုံး သက်ဆိုင်တဲ့ ဌာနတွေ / Agent တွေ အတွက် ကိုးကား စရာ စာရင်းတစ်ခု အဖြစ်ပဲ အသုံးပြုလို့ ရပါတယ်။

*

(4) Telex Release (or) Surrender BL 

Telex Release (သို့) Surrender BL ဆိုပြီး BL မှာ ရိုက်ထားရင် Original BL မလိုပဲ ပစ္စည်းထုတ်လို့ရတဲ့ BL အမျိုးအစားကို ခေါ်တာပါ. 

Shipment က အရင်ထွက်သွားပြီး BL အချိန်မှီ မပို့နိုင် လို့ - သို့မဟုတ် Urgent Shipment တွေမှာ Surrender BL ကို အသုံးပြုလေ့ရှိပါတယ်၊ Shipper က ပစ္စည်း မရောက်သေးပေမယ့် Ownership (ပိုင်ဆိုင်မှုကို) ကိုင်မထားပဲ လွှတ်လိုက်တဲ့ သဘောပါ။

*

(5) Switch BL, 

Switch BL ဆိုတာ Shipment ထွက်သွားတဲ့ အချိန်မှာ Line (သို့) Agent ကနေ အစားထိုးလိုက်တဲ့ BL ကို ခေါ်ပါတယ်။

များသောအားဖြင့် Shipper Information နေရာမှာ ထုတ်လုပ်သူ (သို့) Shipper နာမည် ကနေ Agent နာမည် ပြောင်းလိုက်တာပါ။ အခြား Information တွေတော့ ပြောင်းလေ့မရှိပါဘူး။ ပြောင်းရတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။

*

(6)House BL (HBL)

House BL (HBL) ဆိုတာက Freight Forwarder က Shipper ကို ထုတ်ပေးတဲ့ BLပါ။ 

Forwarder က Shipper ဆီက နေပစ္စည်းလက်ခံရရှိပြီး ပို့ရမည့်နေရာ (နိုင်ငံ / ဆိပ်ကမ်း စသည်) ကို သဘောတူ အတည်ပြုပြီးရင် (Shipper ကို) HBL ထုတ်ပေးပါတယ်။

HBL ကလည်း Nego-BL သဘောသက်ရောက်ပါတယ်။

*

(7) Master BL

Master BL (MBL) ဆိုတာက Main Carrier (Shipping Line) က Forwarder ကို ထုတ်ပေးတဲ့ BL ပါ။

Shipper က Forwarder ဆီက နေပစ္စည်းလက်ခံရရှိပြီး ပို့ရမည့်နေရာ (နိုင်ငံ / ဆိပ်ကမ်း စသည်) ကို သဘောတူ အတည်ပြုပြီးရင် (Forwarder ကို) MBL ထုတ်ပေးပါတယ်။

~~~

BLကို ကြည့်လိုက်ရင်လည်း ရှုတ်ရှက်ခတ်နေတဲ့ စာရွက်တစ်ခုအဖြစ်ပဲ မြင်မိပြီး မလိုအပ်ဘဲနှင့် ဒေတာတွေ အများကြီး ထည့်ထားတာလို့ ထင်မိတာ။ 

တကယ်တော့ BL ဟာShipper, Shipping Line, Freight Forwarder, Consignee, Customs, Port Authority, Transporter, Warehouse နှင့် Bank တွေအားလုံး အတွက် သူ့အပိုင်းနှင့်သူ ကိုးကားစရာ အချက်အလက်တွေ အားလုံးကို စာမျက်နှာ တစ်မျက်နှာထဲမှာပဲ ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ Document တစ်ခုပါ။

နောက်ပြီး - 

တစ်ကမ္ဘာလုံး ပြေးဆွဲနေတဲ့ Shipping Line ကြီးများ စံအဖြစ် အသုံးပြုပြီး BL တစ်ခုမှာ မပါမဖြစ် လိုအပ်တဲ့ အချက်အလက် (၁၀) ခု ကတော့ ……

1. Shipper

2. Consignee

3. Notify Party

4. Vessel Name and Voyage Number

5. Port of Loading & Port of Discharge

6. Place of Receipt and Place of Delivery

7. Container Numbers, Seal Numbers and Marks

8. Description of Packages and Goods

9. Gross Weight 

10. Measurement of Goods တို့ဖြစ်ပါတယ်။

အောက်ပါ ပုံမှာလည်း နံပါတ်လေးတွေ တပ်ပြီး ပြထားပေးပါတယ်။

Simple of Bill of Lading

~~~

ကျနော့ရဲ့ Blog ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။ လွတ်လတ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်၊ ကော်ပီတော့ မကူးပါနှင့်လား။


Credit to Su Su Khaing for sharing / imputing your knowledge.

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ် ဆောင်းပါး၊ Blog များ

[ZawGyi] 

BL (Bill of Lading) မ်ား အေၾကာင္း 

က်ေနာ္ BL ဆိုတာနဲ႔ စၿပီး ရင္းႏွီးကာစက Bill of Landing လို႔ ဖတ္မိပါတယ္၊ အမွန္က Bill of Lading ပါ၊ "n" မပါပါ။ 


BL / BOL အမ်ိဳးအစားမ်ားကို ေအာက္ပါအတိုင္း ေဖာ္ျပမွ်ေဝခ်င္ပါတယ္၊


(1) Verify Copy BL

Shipper ကေန Shipping Line ကို Shipping Instruction ေပးၿပီးတာႏွင့္ Shipping Line က BL ကို အၾကမ္းထုတ္ၿပီး Shipper (သို႔မဟုတ္) Shipper ရဲ႕ Agent (Forwarder) ဆီကို မွန္ / မမွန္ စစ္ဖို႔ ျပန္ပို႔ေပးတဲ့ BL ကို Verify Copy လို႔ေခၚၾကတာပါ။ 


အခုေခတ္မွာေတာ့ အေပၚက Process ေတြကို Shipping Line ေတာ္ေတာ္မ်ားမ်ားက - သူတို႔ Website ထဲဝင္ၿပီး Online လုပ္လို႔ရေအာင္ စီစဥ္ထားၾကပါတယ္၊

*

(2) Original BL (သို႔မဟုတ္) Negotiable BL

Original BL (သို႔မဟုတ္) Negotiable BL ေတြက တစ္ေယာက္ဆီမွ ေနာက္တစ္ေယာက္ ဆီသို႔ လႊဲေျပာင္းေပးႏိုင္ ၿပီး အဲဒီ ပစၥည္းရဲ႕ ပိုင္ရွင္ (Consigner (သို႔) Consignee) ဆီမွာပဲ Original BL ရွိသင့္တာပါ။ 

Shipping Line က Original Copy (၃) စုံ ထုတ္ေပးေလ့ ရွိပါတယ္။

*

(3) Non-Negotiable BL

Non-Nego BL ဆိုတဲ့ နာမည္အတိုင္းပဲ - ဒီ non-Nego BL ကို ျပၿပီး ပစၥည္းထုတ္တာ / ေငြလႊဲတာ စသျဖင့္ ဘာတစ္ခုမွ လုပ္လို႔မရပါဘူး၊ အဒီ ပစၥည္းရဲ႕ ခရီးစဥ္ အစ မွ အဆုံး သက္ဆိုင္တဲ့ ဌာနေတြ / Agent ေတြ အတြက္ ကိုးကား စရာ စာရင္းတစ္ခု အျဖစ္ပဲ အသုံးျပဳလို႔ ရပါတယ္။

*

(4) Telex Release (or) Surrender BL 

Telex Release (သို႔) Surrendered BL ဆိုၿပီး BL မွာ ႐ိုက္ထားရင္ Original BL မလိုပဲ ပစၥည္းထုတ္လို႔ရတဲ့ BL အမ်ိဳးအစားကို ေခၚတာပါ. 

Shipment က အရင္ထြက္သြားၿပီး BL အခ်ိန္မွီ မပို႔ႏိုင္ လို႔ - သို႔မဟုတ္ Urgent Shipment ေတြမွာ Surrender BL ကို အသုံးျပဳေလ့ရွိပါတယ္၊ Shipper က ပစၥည္း မေရာက္ေသးေပမယ့္ Ownership (ပိုင္ဆိုင္မႈကို) ကိုင္မထားပဲ လႊတ္လိုက္တဲ့ သေဘာပါ။

*

(5) Switch BL

Switch BL ဆိုတာ Shipment ထြက္သြားတဲ့ အခ်ိန္မွာ Line (သို႔) Agent ကေန အစားထိုးလိုက္တဲ့ BL ကို ေခၚပါတယ္။

မ်ားေသာအားျဖင့္ Shipper Information ေနရာမွာ ထုတ္လုပ္သူ (သို႔) Shipper နာမည္ ကေန Agent နာမည္ ေျပာင္းလိုက္တာပါ။ အျခား Information ေတြေတာ့ ေျပာင္းေလ့မရွိပါဘူး။ ေျပာင္းရတဲ့ အေၾကာင္းအရင္းကေတာ့ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။

*

(6)House BL (HBL)

House BL (HBL) ဆိုတာက Freight Forwarder က Shipper ကို ထုတ္ေပးတဲ့ BLပါ။ 

Forwarder က Shipper ဆီက ေနပစၥည္းလက္ခံရရွိၿပီး ပို႔ရမည့္ေနရာ (ႏိုင္ငံ / ဆိပ္ကမ္း စသည္) ကို သေဘာတူ အတည္ျပဳၿပီးရင္ (Shipper ကို) HBL ထုတ္ေပးပါတယ္။

HBL ကလည္း Nego-BL သေဘာသက္ေရာက္ပါတယ္။

*

(7) Master BL

Master BL (MBL) ဆိုတာက Main Carrier (Shipping Line) က Forwarder ကို ထုတ္ေပးတဲ့ BL ပါ။

Shipper က Forwarder ဆီက ေနပစၥည္းလက္ခံရရွိၿပီး ပို႔ရမည့္ေနရာ (ႏိုင္ငံ / ဆိပ္ကမ္း စသည္) ကို သေဘာတူ အတည္ျပဳၿပီးရင္ (Forwarder ကို) MBL ထုတ္ေပးပါတယ္။

~~~

BLကို ၾကည့္လိုက္ရင္လည္း ရႈတ္ရွက္ခတ္ေနတဲ့ စာ႐ြက္တစ္ခုအျဖစ္ပဲ ျမင္မိၿပီး မလိုအပ္ဘဲႏွင့္ ေဒတာေတြ အမ်ားႀကီး ထည့္ထားတာလို႔ ထင္မိတာ။ 

တကယ္ေတာ့ BL ဟာShipper, Shipping Line, Freight Forwarder, Consignee, Customs, Port Authority, Transporter, Warehouse ႏွင့္ Bank ေတြအားလုံး အတြက္ သူ႔အပိုင္းႏွင့္သူ ကိုးကားစရာ အခ်က္အလက္ေတြ အားလုံးကို စာမ်က္ႏွာ တစ္မ်က္ႏွာထဲမွာပဲ ျပည့္ျပည့္စုံစုံ ေဖာ္ျပထားတဲ့ Document တစ္ခုပါ။

ေနာက္ၿပီး - 

တစ္ကမာၻလုံး ေျပးဆြဲေနတဲ့ Shipping Line ႀကီးမ်ား စံအျဖစ္ အသုံးျပဳၿပီး BL တစ္ခုမွာ မပါမျဖစ္ လိုအပ္တဲ့ အခ်က္အလက္ (၁၀) ခု ကေတာ့ ……

1. Shipper

2. Consignee

3. Notify Party

4. Vessel Name and Voyage Number

5. Port of Loading & Port of Discharge

6. Place of Receipt and Place of Delivery

7. Container Numbers, Seal Numbers and Marks

8. Description of Packages and Goods

9. Gross Weight 

10. Measurement of Goods တို႔ျဖစ္ပါတယ္။

ေအာက္ပါ ပုံမွာလည္း နံပါတ္ေလးေတြ တပ္ၿပီး ျပထားေပးပါတယ္။


Simple of Bill of Lading

~~~

က်ေနာ့ရဲ႕ Blog ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။ လြတ္လတ္စြာ ျပန္လည္မွ်ေဝႏိုင္ပါတယ္၊ ေကာ္ပီေတာ့ မကူးပါႏွင့္လား။


Credit to Su Su Khaing for sharing / imputing your knowledge.

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား


No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...