Monday, March 7, 2022

Forklift ကို အထာကျကျ မောင်းရအောင် (Easy Tips for Forklift Driving)

 Forklift ကို အထာကျကျ မောင်းရအောင် 

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

    အောက်က အထာ (မောင်းနည်း) တွေက စာအုပ်ထဲမှာ၊ သင်တန်းမှာ မပါပါ၊ လက်တွေ့ သုံးခဲ့ ၊ ကြုံခဲ့ဘူးသည့် နည်းလမ်း အနည်းငယ်ကို  မျှဝေခြင်းပါ။

Forklift ရဲ့ စီယာတိုင် (Steering နှင့်ချိတ်ထားတဲ့ ဘီးက နောက်ဘီးဖြစ်တဲ့ အတွက် မောင်းတဲ့အခါ တစ်ချို့ အယူအဆ တွေက ကားမောင်းတာနှင့် ပြောင်းပြန် ဖြစ်နေပါတယ်၊ 

(Forklift မောင်းနည်းကို စာနှင့်ရေးပြသည့်အခါ ဘယ်လိုမှ မပြည့်စုံနိုင်ပါ၊)

Forklift အစွယ် ကို Pallet ရဲ့ အလယ်တည့်အောင် ဘယ်လိုသွင်းမလဲ၊

Forklift အစွယ် ကို ပစ္စည်း /ဂျပ်ပုံး တင်ထားတဲ့ Pallet (ပဲလက်) ရဲ့ အလယ်တည့်တည့်ကို ရောက်အောင် ထိုးသွင်းနည်း

တစ်ခါတစ်လေ နေရာကျဉ်း နေတဲ့အခါ (သို့မဟုတ်) Pallet ပေါ်မှာ တင်ထားတဲ့ ပစ္စည်းက Pallet ဆိုဒ် ထက် ကြီး / လျှံထွက် နေတဲ့အခါ - Pallet ရဲ့ အောက်ခြေဘောင်ကို Forklift ပေါ်ကနေ မမြင်နိုင်ပါ၊ ဒါကြောင့် Forklift အစွယ် ကို Pallet ရဲ့ အလယ် တည့်တည့်ကို ချိန်/ထိုးဖို့ ဆိုတာ ခက်ပါတယ်၊ (အချိန်လည်း ကြာတတ်ပါတယ်)

ကျနော်နှင့် လုပ်ဖော်ကိုင်ဖက်များကတော့ အောက်ကနည်းအတိုင်း သုံးပါတယ်၊

  1. Forklift ရဲ့ အစွယ် ကို ကြမ်းပြင် ကနေ ၂ ၁/၂ လက္မ ခန့် မ/မြှောက်ထားပါ၊
  2. ပစ္စည်း /ဂျပ်ပုံး တင်ထားတဲ့ Pallet ရဲ့ အပေါ်ဆုံး အလွှာရဲ့ အလယ်ကျမည့်နေရာကို Forklift ပေါ်ကနေ လှမ်းကြည့်, ရှာပါ.. (ဥပမာ။ ။ဂျပ်ပုံး ၄ ပုံး တန်း ဆို ရင် အလယ် နှစ်ပုံး စပ်တဲ့ နေရာ/ ၅ လုံး တန်း ဆိုရင် ၃လုံးမြောက်ရဲ့ အလယ်နေရာ... စသည်ဖြင့်)
  3. ကိုယ်မောင်းတဲ့ Forklift အစွယ် နှစ်ခုရဲ့ အလယ် နှင့် အတူတူ တစ်တန်းထည်း ဖြစ်မည့်နေရာ မှာ အမှတ်အသားပြုပါ၊ (ကိုယ့်အထာ နှင့် ကိုယ် မှတ်ထားပါ)
        ဥပမာ။ ။ 

    • အစွယ်နှင့် Body ကို ကာ၊တား ထားတဲ့ သံဘောင် ရဲ့ အလယ် (သို့မဟုတ်) 
    • တင် / ချ လုပ်တဲ့ ဟိုက်ဒရောလစ် တိုင် နှစ်ခုရဲ့ အလယ် (သို့မဟုတ်) 
    • ချိန်းကြိုး နှစ်ချောင်းရဲ့ အလယ်... (စသည်ဖြင့်) 
    • ကျနော်တို့ကတော့ ကာ ထားတဲ့ သံဘောင်ရဲ့ အလယ်မှာ သံချောင်းလေး ထောင်၊ချည်ထားပြီး ဆေးအဖြူ သုတ်ထားပါတယ်၊ (သေနတ်ရဲ့ ချိန်သီး သဘောပေါ့)

    4.Pallet ရဲ့ အလယ် မှတ် နှင့် Forklift က အလယ်မှတ် နှင့် တန်းအောင် Forklift ကို တည်ပါ၊            နောက်ဘီးကို ဖြောင့်ထားပြီးတည့်တည့်မောင်းသွင်းပါ၊
    5. Forklift အစွယ်က Pallet ရဲ့ အလယ်တည့်တည့်ကို ရောက်သွားပါလိမ္မယ်။
အောက်က Video ထဲမှာ တစ်ဆင့်ခြင်း ကြည့်ပါ။


Forklift Driving Tips

Forklift အစွယ်ကို ကျဉ်း / ကျယ် ညှိတဲ့ခါ ပေါ့ပေါ့လေးနှင့် လွယ်လွယ် ကျဉ်း/ကျယ်ညှိနည်း

        Forklift နှင့် မ၊သယ် မည့် ပစ္စည်းရဲ့ အနေအထား၊ ဆိုဒ် ပေါ်မှာ မူတည်ပြီး Forklift အစွယ်ကို ကျဉ်း / ကျယ် ညှိရလေ့ရှိပါတယ်။ 

Forklift အစွယ် ရဲ့ လျှောက်လမ်းက ဆီနည်း နေတဲ့အခါ သို့မဟုတ် မိုးစိုလိုက်၊ နေထိလိုက်ဖြစ်တဲ့အခါ လွယ်လွယ်ရွှေ့မရပဲ ကျပ်နေတတ်ပါတယ်၊ 

တစ်ခါတစ်လေ အစွယ်ကို လက်နှင့်တွန်း/ ရွှေ့မရလို့ ခြေထောက်နှင့်ကန်ပြီး ရွှေ့ရတာ ကြုံဖူး ၊ မြင်ဖူးကြမှာပါ။

Forklift အစွယ်ကို ပေါ့ပေါ့လေးနှင့် လွယ်လွယ် ကျဉ်း/ကျယ်ညှိလို့ရအောင် အောက်ပါနည်း (အထာ) အတိုင်းညှိ/ ရွှေ့ကြည့်ပါ။

    1. အစွယ်ကို ကြမ်းပြင်က တစ်ပေလောက် အရင်မပြီး ရှေ့ကို အဆုံးငိုက် (Tilt Down) လုပ်ပါ။

    2. ပြီးရင် အစွယ်ကို ကြမ်းပြင်နှင့် ထိရုံလေးပဲ ပြန်ချပါ။

    3. Forklift အစွယ် ဟာ လျှောက်လမ်းမှာ တောင့် / ကပ် မနေတော့ပဲ ချောင်သွားပါလိမ္မယ်                 (အစွယ်ဟာ လျှောက်လမ်းမှာ တွဲလဲ ခိုနေတာကို ကြမ်းပြင်က မထားပေးတဲ့သဘော ဖြစ်                သွားလို့ပါ)။

    4. Forklift အစွယ် ဟာ လျှောက်လမ်းမှာ ကျပ်/ တောင့် မနေတော့တဲ့အတွက် ကိုလိုချင်တဲ့                 အကျဉ်း /အကျယ်ကို လွယ်လွယ် နှင့် သာသာ ညှိလို့ရပါပြီ။

(တစ်ချို့ Forklift Model တွေမှာတော့ အစွယ် ညှိဖို့ လီဗာ စနစ် သီးသန့်ပါပါတယ်)


Other Safety Drive Tips (ဘေးအန္တရယ်ကင်းစွာ Forklift မောင်းနည်း အချို့)

နောက်ဘီးဖြောင့် / အစွယ် ကွေ့၊ ဝိုက်ဖို့ နေရာ စဉ်းစား

စင်ပေါ် / Racking ပေါ် / တစ်ခု ပေါ် တစ်ခု Pallet တွေ တင် တဲ့အခါ အောက်ပါ အချက်တွေကို သတိထားပါ၊

1. Pallet ဆိုဒ်က စင် / Rack တွေက ဘောင်၊ခွင် တွေထက် သေးနေလား 

(Pallet က Standard Size မဟုတ်ပဲ, တစ်ဖက်တို၊ တစ်ဖက်ရှည် တွေဆိုရင် ဘောင်ပေါ်တင်မည့်ဖက်က စင်ရဲ့တန်း၂ခု လုံး ပေါ်မေးတင်နိုင်တဲ့ အရှည်ဖြစ်ရပါမယ်၊ မဟုတ်ရင် သေချာမတင်မိပဲ လျှောကျ , ပြိုကျတတ်လို့ပါ)

2. Pallet ရဲ့ အောက်ဘောင်တန်းက စင် / Rack ပေါ်တင်လိုက်ရင် ခံနိုင်ရည်ရှိရဲ့လား

(တစ်ချို့ pallet တွေက ဘောင်တန်းနှစ်ဖက်ပဲ အထူ၊အပြည့် ပါပြီး အခြားနှစ်ဖက်က ပါး၊ပျော့ တတ်လို့ပါ)

3. စင် / Rack ပေါ်မှာ Pallet တင်ပြီးတဲ့အခါ Forklift ပြန်မဆုတ်ခင် နောက်ဘီးဖြောင့်လား အရင်ကြည့်ပါ၊ ဘီးကကွေ့မယ့် အနေအထား ဖြစ်နေတာကို မေ့ပြီး ဆုတ်မိရင် စင်ပေါ်က Pallet တွေကို အစွယ်နှင့် တွန်းချလိုက်သလို ဖြစ်သွားပါမယ်။

4. စင်ပေါ်တင်ပြီး ပြန်ဆုတ် ပြီးကွေ့လိုက်တဲ့ အချိန်ဆိုရင် Forklift အစွယ်က အပေါ်ဖက်မှာပဲ ရှိနေသေးတဲ့ အတွက် ဘေးနား၊ဝန်းကျင်က ပစ္စည်းတွေ/  စင်ရဲ့ ဘောင် / ဘားတန်းတွေကို ကို အစွယ်နှင့် မထိခိုက်မိအောင် လွတ်ကင်းမယ့် အနေအထား ကို ကြိုကြည့်ပြီးမှ ကွေ့ပါ၊


ဘယ်အချိန်မှာ နောက်ပြန်(Reverse Driving) မောင်းရမလဲ?

Forklift နှင့် သယ်/မ မည့် ပစ္စည်း/ပုံးတွေထပ်ထားတာမြင့်လွန်းပြီး Forklift မောင်းတဲ့သူရဲ့ ရှေ့မြင်ကွင်းကို ကွယ်နေတဲ့အခါ နောက်ပြန်မောင်းပါ၊

လျှောဇောက် (Ramp) ပေါ်မှ ဆင်းတဲ့ အခါ နောက်ပြန်မောင်းပါ။


အခြား Safety Drive စည်းမျဉ်းတွေ၊ Forklift Check List အကြောင်းတွေ ကတော့ မိမိ အဖွဲ့အစည်း / ကုမ္ပဏီ က HSE Officer တွေ၊ Warehouse Operation Manager တွေက ပြောပြပြီးသား ဖြစ်မှာပါ။

အောက်က Link မှာတော့ Nissan Forklift က အခြေခံ မောင်းနည်းကို တစ်ဆင့်ခြင်းစီ အသေးစိတ် သရုပ်ပြထားပါတယ်။ စမောင်းမယ့် သူတွေလေ့လာဖို့ သင့်တော်ပါတယ်၊

https://www.youtube.com/watch?v=fc0JWk19Z7I

(Video ထဲမှာ ကျနော်တက်ခဲ့တဲ့ သင်တန်းနှင့် မတူတာ တစ်ချက်က ပစ္စည်း မပါပဲ မောင်းတဲ့အခါ, အစွယ် ကို ၁ ပေလောက် မ / နောက်လှန်ပြီးမောင်းတာ တွေ့ပါတယ်၊ ကျနော်ကတော့ အလွတ်မောင်းရင် အစွယ်ကို ကြမ်းပြင်နှင့်လွတ်ရုံလေး ပဲမပြီး ၊အစွယ်ကို ရှေ့ငိုက်ပြီး မောင်းပါတယ် - ပိုပြီး Safe ဖြစ်ပါတယ်)

စာရေးသူပါ။

အပေါ်က အထာ (မောင်းနည်း) တွေလိုမျိုး မိတ်ဆွေတို့ဆီက အထာလေးတွေကိုလည်း Comment Box မှာ မျှဝေ / ဖလှယ်ပေးကြပါလား၊ ကျနော်တို့ Warehouse ဝိုင်းတော်သားတွေအတွက် တစ်စုတစ်စည်းထည်း ကိုးကား၊ အသုံးချလို့ ရတာပေါ့။


God Bless You,

Zarni Oo (Progistics)

https://progistics.blogspot.com/

-----------

[ZawGyi]

 Forklift ကို အထာက်က် ေမာင္းရေအာင္ 

    ေအာက္က အထာ (ေမာင္းနည္း) ေတြက စာအုပ္ထဲမွာ၊ သင္တန္းမွာ မပါပါ၊ လက္ေတြ႕ သုံးခဲ့ ၊ ႀကဳံခဲ့ဘူးသည့္ နည္းလမ္း အနည္းငယ္ကို  မွ်ေဝျခင္းပါ။


Forklift ရဲ႕ စီယာတိုင္ (Steering ႏွင့္ခ်ိတ္ထားတဲ့ ဘီးက ေနာက္ဘီးျဖစ္တဲ့ အတြက္ ေမာင္းတဲ့အခါ တစ္ခ်ိဳ႕ အယူအဆ ေတြက ကားေမာင္းတာႏွင့္ ေျပာင္းျပန္ ျဖစ္ေနပါတယ္၊ 


(Forklift ေမာင္းနည္းကို စာႏွင့္ေရးျပသည့္အခါ ဘယ္လိုမွ မျပည့္စုံႏိုင္ပါ၊)


Forklift အစြယ္ ကို Pallet ရဲ႕ အလယ္တည့္ေအာင္ ဘယ္လိုသြင္းမလဲ၊

Forklift အစြယ္ ကို ပစၥည္း /ဂ်ပ္ပုံး တင္ထားတဲ့ Pallet (ပဲလက္) ရဲ႕ အလယ္တည့္တည့္ကို ေရာက္ေအာင္ ထိုးသြင္းနည္း

တစ္ခါတစ္ေလ ေနရာက်ဥ္း ေနတဲ့အခါ (သို႔မဟုတ္) Pallet ေပၚမွာ တင္ထားတဲ့ ပစၥည္းက Pallet ဆိုဒ္ ထက္ ႀကီး / လွ်ံထြက္ ေနတဲ့အခါ - Pallet ရဲ႕ ေအာက္ေျခေဘာင္ကို Forklift ေပၚကေန မျမင္ႏိုင္ပါ၊ ဒါေၾကာင့္ Forklift အစြယ္ ကို Pallet ရဲ႕ အလယ္ တည့္တည့္ကို ခ်ိန္/ထိုးဖို႔ ဆိုတာ ခက္ပါတယ္၊ (အခ်ိန္လည္း ၾကာတတ္ပါတယ္)


က်ေနာ္ႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားကေတာ့ ေအာက္ကနည္းအတိုင္း သုံးပါတယ္၊


1. Forklift ရဲ႕ အစြယ္ ကို ၾကမ္းျပင္ ကေန ၂ ၁/၂ လကၼ ခန္႔ မ/ေျမႇာက္ထားပါ၊

2. ပစၥည္း /ဂ်ပ္ပုံး တင္ထားတဲ့ Pallet ရဲ႕ အေပၚဆုံး အလႊာရဲ႕ အလယ္က်မည့္ေနရာကို Forklift ေပၚကေန လွမ္းၾကည့္, ရွာပါ.. (ဥပမာ။ ။ဂ်ပ္ပုံး ၄ ပုံး တန္း ဆို ရင္ အလယ္ ႏွစ္ပုံး စပ္တဲ့ ေနရာ/ ၅ လုံး တန္း ဆိုရင္ ၃လုံးေျမာက္ရဲ႕ အလယ္ေနရာ... စသည္ျဖင့္)

3. ကိုယ္ေမာင္းတဲ့ Forklift အစြယ္ ႏွစ္ခုရဲ႕ အလယ္ ႏွင့္ အတူတူ တစ္တန္းထည္း ျဖစ္မည့္ေနရာ မွာ အမွတ္အသားျပဳပါ၊ (ကိုယ့္အထာ ႏွင့္ ကိုယ္ မွတ္ထားပါ)

        ဥပမာ။ ။ 

အစြယ္ႏွင့္ Body ကို ကာ၊တား ထားတဲ့ သံေဘာင္ ရဲ႕ အလယ္ (သို႔မဟုတ္) 

တင္ / ခ် လုပ္တဲ့ ဟိုက္ဒေရာလစ္ တိုင္ ႏွစ္ခုရဲ႕ အလယ္ (သို႔မဟုတ္) 

ခ်ိန္းႀကိဳး ႏွစ္ေခ်ာင္းရဲ႕ အလယ္... (စသည္ျဖင့္) 

က်ေနာ္တို႔ကေတာ့ ကာ ထားတဲ့ သံေဘာင္ရဲ႕ အလယ္မွာ သံေခ်ာင္းေလး ေထာင္၊ခ်ည္ထားၿပီး ေဆးအျဖဴ သုတ္ထားပါတယ္၊ (ေသနတ္ရဲ႕ ခ်ိန္သီး သေဘာေပါ့)

4.Pallet ရဲ႕ အလယ္ မွတ္ ႏွင့္ Forklift က အလယ္မွတ္ ႏွင့္ တန္းေအာင္ Forklift ကို တည္ပါ၊            ေနာက္ဘီးကို ေျဖာင့္ထားၿပီးတည့္တည့္ေမာင္းသြင္းပါ၊

5. Forklift အစြယ္က Pallet ရဲ႕ အလယ္တည့္တည့္ကို ေရာက္သြားပါလိမၼယ္။

*****

Forklift အစြယ္ကို က်ဥ္း / က်ယ္ ညႇိတဲ့ခါ ေပါ့ေပါ့ေလးႏွင့္ လြယ္လြယ္ က်ဥ္း/က်ယ္ညႇိနည္း

        Forklift ႏွင့္ မ၊သယ္ မည့္ ပစၥည္းရဲ႕ အေနအထား၊ ဆိုဒ္ ေပၚမွာ မူတည္ၿပီး Forklift အစြယ္ကို က်ဥ္း / က်ယ္ ညႇိရေလ့ရွိပါတယ္။ 

Forklift အစြယ္ ရဲ႕ ေလွ်ာက္လမ္းက ဆီနည္း ေနတဲ့အခါ သို႔မဟုတ္ မိုးစိုလိုက္၊ ေနထိလိုက္ျဖစ္တဲ့အခါ လြယ္လြယ္ေ႐ႊ႕မရပဲ က်ပ္ေနတတ္ပါတယ္၊ 

တစ္ခါတစ္ေလ အစြယ္ကို လက္ႏွင့္တြန္း/ ေ႐ႊ႕မရလို႔ ေျခေထာက္ႏွင့္ကန္ၿပီး ေ႐ႊ႕ရတာ ႀကဳံဖူး ၊ ျမင္ဖူးၾကမွာပါ။

Forklift အစြယ္ကို ေပါ့ေပါ့ေလးႏွင့္ လြယ္လြယ္ က်ဥ္း/က်ယ္ညႇိလို႔ရေအာင္ ေအာက္ပါနည္း (အထာ) အတိုင္းညႇိ/ ေ႐ႊ႕ၾကည့္ပါ။

    1. အစြယ္ကို ၾကမ္းျပင္က တစ္ေပေလာက္ အရင္မၿပီး ေရွ႕ကို အဆုံးငိုက္ (Tilt Down) လုပ္ပါ။

    2. ၿပီးရင္ အစြယ္ကို ၾကမ္းျပင္ႏွင့္ ထိ႐ုံေလးပဲ ျပန္ခ်ပါ။

    3. Forklift အစြယ္ ဟာ ေလွ်ာက္လမ္းမွာ ေတာင့္ / ကပ္ မေနေတာ့ပဲ ေခ်ာင္သြားပါလိမၼယ္                 (အစြယ္ဟာ ေလွ်ာက္လမ္းမွာ တြဲလဲ ခိုေနတာကို ၾကမ္းျပင္က မထားေပးတဲ့သေဘာ ျဖစ္                သြားလို႔ပါ)။

    4. Forklift အစြယ္ ဟာ ေလွ်ာက္လမ္းမွာ က်ပ္/ ေတာင့္ မေနေတာ့တဲ့အတြက္ ကိုလိုခ်င္တဲ့                 အက်ဥ္း /အက်ယ္ကို လြယ္လြယ္ ႏွင့္ သာသာ ညႇိလို႔ရပါၿပီ။


(တစ္ခ်ိဳ႕ Forklift Model ေတြမွာေတာ့ အစြယ္ ညႇိဖို႔ လီဗာ စနစ္ သီးသန္႔ပါပါတယ္)


Other Safety Drive Tips (ေဘးအႏၲရယ္ကင္းစြာ Forklift ေမာင္းနည္း အခ်ိဳ႕)

ေနာက္ဘီးေျဖာင့္ / အစြယ္ ေကြ႕၊ ဝိုက္ဖို႔ ေနရာ စဥ္းစား

စင္ေပၚ / Racking ေပၚ / တစ္ခု ေပၚ တစ္ခု Pallet ေတြ တင္ တဲ့အခါ ေအာက္ပါ အခ်က္ေတြကို သတိထားပါ၊

1. Pallet ဆိုဒ္က စင္ / Rack ေတြက ေဘာင္၊ခြင္ ေတြထက္ ေသးေနလား 

(Pallet က Standard Size မဟုတ္ပဲ, တစ္ဖက္တို၊ တစ္ဖက္ရွည္ ေတြဆိုရင္ ေဘာင္ေပၚတင္မည့္ဖက္က စင္ရဲ႕တန္း၂ခု လုံး ေပၚေမးတင္ႏိုင္တဲ့ အရွည္ျဖစ္ရပါမယ္၊ မဟုတ္ရင္ ေသခ်ာမတင္မိပဲ ေလွ်ာက် , ၿပိဳက်တတ္လို႔ပါ)

2. Pallet ရဲ႕ ေအာက္ေဘာင္တန္းက စင္ / Rack ေပၚတင္လိုက္ရင္ ခံႏိုင္ရည္ရွိရဲ႕လား

(တစ္ခ်ိဳ႕ pallet ေတြက ေဘာင္တန္းႏွစ္ဖက္ပဲ အထူ၊အျပည့္ ပါၿပီး အျခားႏွစ္ဖက္က ပါး၊ေပ်ာ့ တတ္လို႔ပါ)

3. စင္ / Rack ေပၚမွာ Pallet တင္ၿပီးတဲ့အခါ Forklift ျပန္မဆုတ္ခင္ ေနာက္ဘီးေျဖာင့္လား အရင္ၾကည့္ပါ၊ ဘီးကေကြ႕မယ့္ အေနအထား ျဖစ္ေနတာကို ေမ့ၿပီး ဆုတ္မိရင္ စင္ေပၚက Pallet ေတြကို အစြယ္ႏွင့္ တြန္းခ်လိုက္သလို ျဖစ္သြားပါမယ္။

4. စင္ေပၚတင္ၿပီး ျပန္ဆုတ္ ၿပီးေကြ႕လိုက္တဲ့ အခ်ိန္ဆိုရင္ Forklift အစြယ္က အေပၚဖက္မွာပဲ ရွိေနေသးတဲ့ အတြက္ ေဘးနား၊ဝန္းက်င္က ပစၥည္းေတြ/  စင္ရဲ႕ ေဘာင္ / ဘားတန္းေတြကို ကို အစြယ္ႏွင့္ မထိခိုက္မိေအာင္ လြတ္ကင္းမယ့္ အေနအထား ကို ႀကိဳၾကည့္ၿပီးမွ ေကြ႕ပါ၊


ဘယ္အခ်ိန္မွာ ေနာက္ျပန္(Reverse Driving) ေမာင္းရမလဲ?

Forklift ႏွင့္ သယ္/မ မည့္ ပစၥည္း/ပုံးေတြထပ္ထားတာျမင့္လြန္းၿပီး Forklift ေမာင္းတဲ့သူရဲ႕ ေရွ႕ျမင္ကြင္းကို ကြယ္ေနတဲ့အခါ ေနာက္ျပန္ေမာင္းပါ၊

ေလွ်ာေဇာက္ (Ramp) ေပၚမွ ဆင္းတဲ့ အခါ ေနာက္ျပန္ေမာင္းပါ။

အျခား Safety Drive စည္းမ်ဥ္းေတြ၊ Forklift Check List အေၾကာင္းေတြ ကေတာ့ မိမိ အဖြဲ႕အစည္း / ကုမၸဏီ က HSE Officer ေတြ၊ Warehouse Operation Manager ေတြက ေျပာျပၿပီးသား ျဖစ္မွာပါ။

ေအာက္က Link မွာေတာ့ Nissan Forklift က အေျခခံ ေမာင္းနည္းကို တစ္ဆင့္ျခင္းစီ အေသးစိတ္ သ႐ုပ္ျပထားပါတယ္။ စေမာင္းမယ့္ သူေတြေလ့လာဖို႔ သင့္ေတာ္ပါတယ္၊

https://www.youtube.com/watch?v=fc0JWk19Z7I

(Video ထဲမွာ က်ေနာ္တက္ခဲ့တဲ့ သင္တန္းႏွင့္ မတူတာ တစ္ခ်က္က ပစၥည္း မပါပဲ ေမာင္းတဲ့အခါ, အစြယ္ ကို ၁ ေပေလာက္ မ / ေနာက္လွန္ၿပီးေမာင္းတာ ေတြ႕ပါတယ္၊ က်ေနာ္ကေတာ့ အလြတ္ေမာင္းရင္ အစြယ္ကို ၾကမ္းျပင္ႏွင့္လြတ္႐ုံေလး ပဲမၿပီး ၊အစြယ္ကို ေရွ႕ငိုက္ၿပီး ေမာင္းပါတယ္ - ပိုၿပီး Safe ျဖစ္ပါတယ္)

အေပၚက အထာ (ေမာင္းနည္း) ေတြလိုမ်ိဳး မိတ္ေဆြတို႔ဆီက အထာေလးေတြကိုလည္း Comment Box မွာ မွ်ေဝ / ဖလွယ္ေပးၾကပါလား၊ က်ေနာ္တို႔ Warehouse ဝိုင္းေတာ္သားေတြအတြက္ တစ္စုတစ္စည္းထည္း ကိုးကား၊ အသုံးခ်လို႔ ရတာေပါ့။


God Bless You,

Zarni Oo (Progistics)

https://progistics.blogspot.com/























No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...