Saturday, February 26, 2022

Stock နှင့် Inventory ရဲ့ ကွာခြားချက်က ဘာတွေပါလဲ၊ What are the differences between stock and inventory.

Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။

[Unicode]

Logistics and Warehousing မှာ အသုံးများပြီး တူသလိုလို / ကွဲသလိုလို ရှိတဲ့ Stock နှင့် Inventory ဆိုတဲ့ ဝေါဟာရအကြောင်းကို မျှဝေပါ့မယ်။

Stock and Inventory အင်ဗန်ထရီ

Stock and Inventory - Progistics

Stock

Stock ဆိုတာက ထုတ်လုပ်ပြီးသား ရောင်းရန် အသင့် ဖြစ်နေတဲ့ ကုန်ချောပစ္စည်း Finished Goods (သို့မဟုတ်) ရောင်းလို့ရတဲ့ ပစ္စည်း အမျိုးအစားကို ခေါ်ပါတယ်။

EV Carcentral - Warehouse

Photo Source: https://evcentral.com.au/your-new-tesla-sir-step-into-my-warehouse/.

Inventory

Inventory ဆိုတဲ့ အထဲမှာ 

  • Raw Material - ကုန်ကြမ်း၊ 
  • Component (or) Collateral -ကုန်ချောထုတ်လုပ်ရာတွင် ပါဝင်ထောက်ပံ့ ပေးသည့် ပစ္စည်း၊ 
  • Semi-Finished Goods - ရာနှုန်းပြည့် မပြီးသေးသော ကုန်ချော ပစ္စည်း နှင့်
  • Finished Goods တို့ ပါ ဝင်ပါတယ်။

ဥပမာ - ကားထုတ်လုပ်ရေး စက်ရုံရဲ့ Warehouse ထဲကို ကြည့်ကြပါစို့

အပြီးသတ်ထုတ်လုပ်ပြီး Finished Goods, ရောင်းရန် အသင့် ဖြစ်နေတဲ့ ကားအရေအတွက် ဟာ Stock ပါ။

Inventory စာရင်းထဲမှာတော့ အောက်ပါ ဥပမာ ပစ္စည်းများ ပါဝင်ပါတယ်

  • ကားဘော်ဒီ ထုတ်ဖို့ လိုအပ်သည့် သံပြား သံဘောင် စသည့် ကုန်ကြမ်းများ
  • အင်ဂျင် ၊ ဂီယာအုံ ၊ တာယာ လေကာမှန် စသည့် Components များ
  • ဝါယာ၊ နတ်၊ လိုင်နာ၊ နောက်ကြည့်မှန် စသည့် Collateral များ
  • ကားအဖြစ် အားလုံတပ်းဆင်ပြီးသော်လည်း ဆေးမမှုတ်ရသေးသော ကား - Simi Finished Goods များ
  • ၁၀၀% ပြည့် ပြီးစီး၍ အရောင်းစင်တာ သို့ ပို့ဆောင်တော့မည့် Finished Goods များ

Car Inventory Item (Progistics)
Inventory Items (Progistics)

ဒါကြောင့် Stock Control နှင့် Inventory Control တို့ရဲ့ကွဲပြား ခြားနားပုံ နှင့် နက်နဲ မှုကို မိတ်ဆွေတို့ စဉ်းစားမိမှာပါ။

• စကားချပ် - တချို့တွေက ပစ္စည်းစာရင်း ကိုပဲ Stock နှင့် Inventory ကို ထည်လဲ သုံးကြတာလဲ ရှိပါတယ် - 


ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ 

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


[ZawGyi]



.


.


.








အပြီးသတ်ထုတ်လုပ်ပြီး ရောင်းရန် အသင့် ဖြစ်နေတဲ့ ကားအရေအတွက် ဟာ Stock ပါ












God Bless You 🙏

Zarni Oo (Progistics)



No comments:

Post a Comment


  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...