Friday, February 4, 2022
ဒီတန်းရှင်း နှင့် ဒမာ့ရေ့ဂျ် ခွဲနည်း (What is Detention and Demurrage)
Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။
[Unicode]
ကျနော် Logistics လောကထဲ စဝင်ကာစက အမြဲတမ်း မခွဲခြားတတ်ပဲ လွဲလွဲနေတဲ့ Demurrage နဲ့ Detention အကြောင်း ခွဲလို့လွယ်အောင် မျှဝေထားပါတယ်။
Shipping , Container
Demurrage (ဒမာ့ရေ့ဂျ်)
ဒမာ့ရေ့ဂျ် fee ကောက်တဲ့ အချိန်ကာလ ဟာ Container ကို သင်္ဘော ပေါ်ကချတဲ့ အချိန်က စပြီး ဆိပ်ကမ်းထဲမှ ထုတ်သွားတဲ့ အချိန်မှာ ဆုံးပါတယ်။
Export Container ဆိုရင်တော့ ဆိပ်ကမ်းထဲ စချတဲ့ အချိန်ကနေ သင်္ဘောပေါ် တင်တဲ့ အချိန်ထိပါ။
ဥပမာ - ဒမာ့ရေ့ဂျ် (၇) ရက် ရတဲ့ Container ကို တိုင်ပါတ်နေလို့ (၁၀) ရက် ကြာမှ ထုတ်လို့ရင် ဒမာ့ရေ့ဂျ် Fee (၃) ရက်စာ ပေးရပါတယ်။
Detention (ဒီတန်းရှင်း)
Detention ကတော့ Container ကို ဆိပ်ကမ်းက ထုတ်သွားတဲ့ အချိန်က စပြီး ပြန်အပ်တဲ့ အချိန်ထိ ပါ.၊
Detention fee ကတော့ အပေါ်ဥပမာနဲ့ အတူတူပါပဲ-
Shipping line တော်တော်များများက Detention day ကို (၇) ရက်ပဲပေးတာများတယ် ဒါပေမယ့်...
Shipper (Consigner) ကို (၁၄ ) ရက် တောင်းလို့ရပါတယ်။ (Shipper က Shipping Line ရဲ့ Customer ဆိုတော့ သူတို့ကို တောင်းခိုင်းလို့ရနိုင်ပါတယ်။
မိတ်ဆွေတို့လည်း Container ကို အေးဆေးချလို့ရသလို Detention fee လည်း ပေးစရာ မလိုတော့ Company အတွက် Cost Saving ရ (စရိတ်သက်သာစေပါတယ်)
***
တိုက်တွန်းချင်တာတစ်ခုက မိတ်ဆွေက Company တစ်ခုရရဲ့Logistics တာဝန်ယူရတဲ့သူဆိုရင် မိတ်ဆွေ ရဲ့လုပ်ဆောင်ချက်ကြောင့် Cost Saving ဘယ်လောက်ရ (ဖြစ်) သွားလဲဆိုတာ မိတ်ဆွေရဲ့ Boss သိပါစေ။
ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတိုလည်း Comment တွေပေးပြီးဆွေးနွေးပါဦး
God Bless You 🙏
[ZawGyi]
No comments:
Post a Comment
  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...