ဂျပ်ပုံးတွေကို Warehouse ထဲမှာ ထား / စီ တဲ့အခါ ပြိုမကျအောင် ဘယ်လိုခွေမလဲ
Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။
[Unicode]
Photo Source: https://www.mecalux.com/case-studies/example-conventional-pallet-racking-warehouse-unilever-brazil
ဂျပ်ပုံးတွေကို Warehouse (ဝဲဟောက်စ်) ထဲမှာ ထား / စီ တဲ့အခါ ပြိုကျနိုင်ခြေ / ပျက်စီး မှု နည်း အောင် ဘယ်လို လုပ်သင့်လဲ ဆိုတာ ကို တိုတို ရှင်းရှင်း မျှဝေထားပါတယ်၊
- ဂျပ်ပုံးပေါ်က သရုပ်ပြပုံကိုကြည့်ပြီးခွေ၊
- ဂျပ်ပုံးပေါ်မှာ မပါရင် ဂျပ်ပုံးရဲ့ အလျှား အနံ ကို ကြည့်ပြီး ပြိုမကျ နိုင်အောင် ဘယ်လို ခွေရမလဲ တစ်လွှာ ၊နှစ်လွှာ လောက် အစမ်းခွေကြည့်၊
- ဂျပ်ပုံးတွေက ပဲလက်အနား ထက် ပိုမထွက် အောင် ခွေ / စီ သင့်၊
- အပေါ်ဆုံး အလွှာကို အောက်က အလွာတွေနှင့် မတူအောင် Pattern ပုံစံပြောင်းခွေ (ပြိုကျနိုင်မှု ပိုနည်း / အဲဒါကို ချုပ်တာလို့ ခေါ်) အပေါ်ကပုံ ကို ကြည့်ပါ၊
- တစ်ပုံ (တစ်ပဲလက်) ဘယ်လောက် ဆိုတာ ရေး / မှတ်ထား - ဒါမှ Stock ကောက်ရင် လွယ်/ မြန်မှာ
- ဂျပ်ပုံးပေါ်မှာ ဘယ်နှလွှာ အများဆုံး ထပ်ရမယ်ဆိုတာရေးထား တဲ့အတိုင်း ဆင့်/ထပ်၊
- ပို ထပ်မိရင် အောက်ဆုံးအလွှာက ဂျပ်ပုံးတွေက ဗိုက်ပူလာမယ် / ပြန်ရောင်းမယ့် ပစ္စည်းဆို ရောင်းပန်းမလှတော့၊
- နေရာမလောက်လို့ သတ်မှတ် အလွှာထက် ပိုထပ်ရတော့မယ် ဆိုရင် - အောက်ဆုံးအလွှာက ဂျပ်ပုံးတွေ ဗိုက်ပူလာနိုင်ကြောင်း - အခြေမခိုင် (Balance မညီ) တော့ပဲ ပြိုကျ နိုင်ကြောင်း အထက်လူကြီး / သူဌေး ကို တင်ရဲ့ပြပြီး ခွင့်ပြုချက် ယူသင့်။
(ပြိုရင် ပျက်ရင် - ဘာဖြစ်လို့ ပြို/ပျက်တယ် ဆိုတာ လူကြီးတွေ သိပြီးသားဆိုတော့ …….)
.
ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊
ဆက်စပ် ဆောင်းပါး၊ Blog များ
- စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
- What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
- Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
- Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
https://progistics.blogspot.com/
- စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure
No comments:
Post a Comment