Putaway (Warehouse ထဲမှာ ပစ္စည်းများကို သူ့နေရာ နှင့် သူ နေရာချခြင်း)
Incoming ပစ္စည်းတွေကို ချယူ/လက်ခံထားပြီး Receiving Area မှာ
ခဏ ချ/ပုံ ထားတဲ့ ပစ္စည်းတွေကို Warehouse ထဲမှာ သူ့နေရာနှင့်သူ နေရာချတာ ကို Putway လို့ ခေါ်တာပါ၊ ဒါကြောင့် Putaway
လုပ်ငန်းစဉ်ဟာ Receiving နဲ့
တိုက်ရိုက်ဆက်စပ်နေပါတယ်။
Putaway
မလုပ်မှီ ပစ္စည်း ဝင်ထွက်နှုန်းပေါ်
မူတည်ပြီး အုပ်စုခွဲခြား သတ်မှတ်ခြင်း
ပစ္စည်းချ / လက်ခံခဲ့တုံးက ပစ္စည်းအမျိုးအစားလိုက်
ခွဲထားပြီး Receiving
Area မှာခဏ ချ / ပုံထားတဲ့ ပစ္စည်းတွေကို Putaway မလုပ်ခင်၊ ပစ္စည်း ဝင်ထွက်နှုန်းပေါ်
မူတည်ပြီး အနည်းဆုံး အုပ်စု (၃)စု ခွဲသင့်ပါတယ်။ ဥပမာ - ရေချိုးခန်းသုံးပစ္စည်း များကို
လက်ခံပြီး Putaway လုပ်ကြမယ် ဆိုပါစို့၊ ပထမဦးစွာ အောက်မှာ ဥပမာပြထားတဲ့ ဇယားထဲကလို အုပ်စုအရင်ခွဲပါ။
အုပ်စုခွဲပြီး
Putaway ပြုလုပ်ခြင်း
အုပ်စုခွဲပြီးပြီးပါက၊
- အဝင်အထွက် အများဆုံးပစ္စည်း A-အုပ်စု ကို Picking ကောက်လို့ အလွယ်ဆုံးနေရာမှာထားပါ။
- ဖြစ်နိုင်ရင် Picking ကောက်တဲ့အခါ ဘယ်၊ညာ ကောက်လို့ရအောင် - ပစ္စည်းတွေကို လျှောက်လမ်းရဲ့ မျက်နှာခြင်းဆိုင် သို့မဟုတ် “U” Shape အနေအထား ထားနိုင်ရင် အကောင်းဆုံးပါပဲ။
- Racking ပေါ်မှာထားရင် တင်လို့ချလို့ အလွယ်ဆုံးနေရာ၊ အနိမ့်ဆုံးအလွှာ တွေမှာထားပါ။
- နေရာမလောက်လို့ တစ်နေရာထက် ပိုထားရရင်လဲ ရွှေ့၊ပြောင်းလို့ လွယ်တဲ့ နေရာမှာထားပါ။
- အဝင်အထွက် ပုံမှန်ပစ္စည်း B-အုပ်စု နှင့် အနည်းဆုံး C-အုပ်စု ကိုလည်း အောက်ပါပုံထဲမှာ ပြထားတဲ့ဥပမာအတိုင်း နေရာချနိုင်ရင်ကောင်းပါတယ်။
ပစ္စည်း ဝင်ထွက်နှုန်းပေါ် မူတည်ပြီး A,B,C
အုပ်စု သုံးစုခွဲခြားပြီး Putaway (နေရာချ) ထားပုံ
အထက်ပါ Putaway စနစ်ကို Racking Warehouse မဟုတ်ပဲ ပုံမှန် ကြမ်းပြင်ပေါ်မှာပဲ ပဲလက်နှင့်ထားတဲ့ Warehouse များ၊ Distributor တွေရဲ့ စတိုတွေသာမက၊ ကုန်စုံဆိုင် / စတိုးဆိုင်တွေမှာလည်း ပစ္စည်း တွေနေရာချတဲ့အခါ မှာလည်း အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။
Post-Putaway (Putaway လုပ်ပြီး ဆက်လုပ်သင့် အရာများ)
- ဝင်/ထွက် အုပ်စုမတူပေမယ့် ပစ္စည်းအမျိုးအစားတူလို့ဆိုပြီး အတူတူရောထားလိုက်တယ်ဆိုရင် - Picking ကောက်တဲ့ အချိန်ကြာတာ၊ လမ်းကြောင်းရှည်သွားတာမျိုး ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ အုပ်စုတူတာခြင်း ထားပါ။
- အဝင်အထွက်အများဆုံး ပစ္စည်းစာရင်း / အမျိုးအစားများဟာ ပုံမှန်အတိုင်း ရှိမနေပဲ ရာသီအလိုက် ပြောင်းလဲလေ့ရှိပါတယ်။ (ဥပမာ၊ နွေရာသီမှာ ဝင်/ထွက်များတဲ့ အုပ်စု-A ရေချိုးခန်းသုံးပစ္စည်းများ က ဆောင်းရာသီမှာ အုပ်စု-B ဖြစ်သွားနိုင်ပါတယ်။)
- အဲဒါကြောင့် Put-Away လုပ်တဲ့အခါ တစ်သမတ်ထည်း မလုပ်သင့်ပဲ လက်ရှိဝင်/ထွက်နေတဲ့ ပစ္စည်း အမျိုးအစား / အရေအတွက်ပေါ်မူတည်ပြီး - အုပ်စု ပြောင်းလဲ သတ်မှတ်ကာ နေရာလဲ / နေရာချသင့်ပါတယ်။
- ပစ္စည်းဝင်/ထွက် အနေအထားကို အနည်းဆုံး သုံးလတစ်ကြိမ်လောက်စီစစ်ပြီး - Putaway နေရာများကို ပြောင်းလဲ သင့်ပါတယ်။
- အဲလို နေရာပြောင်း၊ရွှေ့ရတာဟာ အလုပ်ရှုတ် / အလုပ်ပို တယ် လို့ထင်ရပေမယ့် နေ့စဉ် ပစ္စည်းကောက်တဲ့ အခါမှာ သက်သာ၊ လွယ်ကူ၊ မြန်ဆန် တဲ့ အကျိုးကို ခံရမှာပါ။
ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။
God Bless You 🙏
https://progistics.blogspot.com/
No comments:
Post a Comment