Saturday, November 19, 2022

Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေလည်း ထုတ်မယ်၊ Stock စစ်ရင်လည်း ကိုက်အောင် လုပ်ကြမယ်။

 Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေထုတ်ပေးနေရရင် Stock စစ်တဲ့အချိန် လွယ်/ကိုက်အောင် စီစဉ် လုပ်ဆောင်နည်း (Part 2 of 2)

[ZawGyi version Below]

အပိုင်း (၂)

ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေကို မဖြစ်မနေ ထုတ်ပေးရတော့မယ် ဆိုရင် Stock Count တဲ့အချိန်မှာ ကိုက်အောင်, အဆင်ပြေအောင် အောက်ပါနည်းလမ်းတွေ ကို စီစဉ် အသုံးပြုနိုင်ပါတယ်။


  • Loose Item တွေ ထုတ်ဖို့ အတွက် Main Stock ကနေ Location သီးသန့်ခွဲထားပါ၊
  • အရေအတွက်ရော၊ Location ပါ ခွဲထားနိုင်ရင် ပိုကောင်းပါတယ်၊
  • Bin Card (or) Stock Card သို့မဟုတ် အလားတူ ဝင်/ထွက် မှတ်တဲ့ ကဒ်ပြား စနစ် အသုံးပြုပါကလည်း သီးသန့် ခွဲထားပါ၊
  • နေရာ သီးသန့် ခွဲမထားနိုင်ပါက Main Stock ရဲ့ဘေးမှာ - ဂျပ်ပုံး (သို့) ခြင်းတောင်း သီးသန့် နှင့် သိသာထင်ရှားသော အမှတ်အသားပြု၍ ထားပါ၊
  • (အချို့ Warehouse တွေမှာ - Loose-Item Storage Area ဆိုပြီး - ပစ္စည်းထုတ်ပေးတဲ့နေရာ (Dispatch Area) နေရာအနီးမှာ သီးသန့်ထားပါတယ်)
  • Expiry, Batch Number, Serial Number များနှင့် ထိမ်းရသော ပစ္စည်းများဆိုလျှင် FIFO လုပ် စနစ်နှင့် သွားဖို့ မမေ့ပါနှင့်၊
  • Main Stock ထဲမှ Loose Area ပြောင်းတဲ့အခါမှာ စာရင်း သေချာ မှတ်ပါ။ System ထဲမှာပါ ဝင်/ထွက် စာရင်း သွင်းနိုင်ရင် အကောင်းဆုံးပါ၊
  • Stock မစစ်ခင် အတတ်နိုင်ဆုံး Loose အရေအတွက် နည်းနိုင်သမျှနည်းအောင် လုပ်ပါ၊ (item တူပြီး ပေါင်းလို့ရရင် ဂျပ်ပုံး တစ်ပုံးပြည့်အောင် ပြန်ပေါင်းပါ)၊
  • သက်ဆိုင်တဲ့သူအားလုံး (Team) ကိုလည်း ရှင်းပြထားပြီး Loose item ဝင်,ထွက် ကို လုပ်တဲ့သူတိုင်း စီစဉ်ထားတဲ့ အတိုင် တသမတ်ထည်း လုပ်ပါ၊
  • Stock စစ်တဲ့သူရဲ့ စာရင်းမှာ Main Stock အရေအတွက် တစ်ခုပဲပြလျှင် စစ်တဲ့သူကို သေချာရှင်းပြပြီး Location နှစ်ခုလုံးကို ကောက်ခိုင်းပါ၊

ရှောင်ရန် (Don’t)

အောက်က ဥမမာ က Warehouse Ground Operation မှာ အများဆုံးတွေ့ရတတ် လို့ ရှောင်သင့်ပါတယ်။

  • ဂျပ်ပုံးတစ်ပုံးမှာ ၆ ခုပါ တယ်၊ (၃ခု x ၂လွှာ)
  • Loose ပုံးထဲမှာ လက်ကျန် ၂ ခု
  • Customer Order အသစ် က ၃ ခု ...
  • အသစ်တစ်ပုံးကို ဖောက်ပြီး အပေါ်အလွှာက ၃ ခု ကို ထုတ်ပေး
  • (ဆိုတော့ Loose က ၂ ပုံး ဖြစ်သွားရော)

ဆောင်ရန် (Do)

  •  ဖြစ်သင့်တာက လက်ကျန် Loose ၂ ခု ကို အရင်ထုတ်၊ လိုတဲ့ ၁ ခုကို ပုံးအသစ်ထဲကယူ လိုက်မယ်ဆိုရင် Loose ပုံးဆိုတာ အမြဲတန်း ၁ပုံးပဲ ရှိနေမှာပါ၊
  • လက်ကျန် Loose ကုန်မှ အပြည့် (parking) ပုံးကိုစဖောက်ပါ။

စကားချပ်။ ။ Loose items ကေက်တာနှင့် ထုတ်ပေးသည့် လုပ်ငန်းစဉ် များသည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားပါတယ်။

ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

 

[ZawGyi version]

Warehouse ထဲက ပစၥည္းထုတ္ေပးတဲ့အခါ အေျပ (Loose) ေတြထုတ္ေပးေနရရင္ Stock စစ္တဲ့အခ်ိန္ လြယ္/ကိုက္ေအာင္ စီစဥ္ လုပ္ေဆာင္နည္း (Part 2 of 2)

[ZawGyi version Below]

အပိုင္း (၂)

ပစၥည္းထုတ္ေပးတဲ့အခါ အေျပ (Loose) ေတြကို မျဖစ္မေန ထုတ္ေပးရေတာ့မယ္ ဆိုရင္ Stock Count တဲ့ အခါမွာ ကိုက္ေအာင္, အဆင္ေျပေအာင္ ေအာက္ပါနည္းလမ္းေတြ ကို စီစဥ္ အသုံးျပဳႏိုင္ပါတယ္။

Loose item picking, Dispatch

  • Loose Item ေတြ ထုတ္ဖို႔ အတြက္ Main Stock ကေန Location သီးသန႔္ခြဲထားပါ၊
  • အေရအတြက္ေရာ၊ Location ပါ ခြဲထားႏိုင္ရင္ ပိုေကာင္းပါတယ္၊
  • Bin Card (or) Stock Card သို႔မဟုတ္ အလားတူ ဝင္/ထြက္ မွတ္တဲ့ ကဒ္ျပား စနစ္ အသုံးျပဳပါကလည္း သီးသန႔္ ခြဲထားပါ၊
  • ေနရာ သီးသန႔္ ခြဲမထားႏိုင္ပါက Main Stock ရဲ႕ေဘးမွာ - ဂ်ပ္ပုံး (သို႔) ျခင္းေတာင္း သီးသန႔္ ႏွင့္ သိသာထင္ရွားေသာ အမွတ္အသားျပဳ၍ ထားပါ၊
  • (အခ်ိဳ႕ Warehouse ေတြမွာ - Loose-Item Storage Area ဆိုၿပီး - ပစၥည္းထုတ္ေပးတဲ့ေနရာ (Dispatch Area) ေနရာအနီးမွာ သီးသန႔္ထားပါတယ္)၊
  • Expiry, Batch Number, Serial Number မ်ားႏွင့္ ထိမ္းရေသာ ပစၥည္းမ်ားဆိုလွ်င္ FIFO လုပ္ စနစ္ႏွင့္ သြားဖို႔ မေမ့ပါႏွင့္၊
  • Main Stock ထဲမွ Loose Area ေျပာင္းတဲ့အခါမွာ စာရင္း ေသခ်ာ မွတ္ပါ။ System ထဲမွာပါ ဝင္/ထြက္ စာရင္း သြင္းႏိုင္ရင္ အေကာင္းဆုံးပါ၊
  • Stock မစစ္ခင္ အတတ္ႏိုင္ဆုံး Loose အေရအတြက္ နည္းႏိုင္သမွ်နည္းေအာင္ လုပ္ပါ၊ (item တူၿပီး ေပါင္းလို႔ရရင္ ဂ်ပ္ပုံး တစ္ပုံးျပည့္ေအာင္ ျပန္ေပါင္းပါ)၊
  • သက္ဆိုင္တဲ့သူအားလုံး (Team) ကိုလည္း ရွင္းျပထားၿပီး Loose item ဝင္,ထြက္ ကို လုပ္တဲ့သူတိုင္း စီစဥ္ထားတဲ့ အတိုင္ တသမတ္ထည္း လုပ္ပါ၊
  • Stock စစ္တဲ့သူရဲ႕ စာရင္းမွာ Main Stock အေရအတြက္ တစ္ခုပဲျပလွ်င္ စစ္တဲ့သူကို ေသခ်ာရွင္းျပၿပီး၊
  • Location ႏွစ္ခုလုံးကို ေကာက္ခိုင္းပါ။

ေရွာင္ရန္ (Don’t)

ေအာက္က ဥမမာ က Warehouse Ground Operation မွာ အမ်ားဆုံးေတြ႕ရတတ္ လို႔ ေရွာင္သင့္ပါတယ္။

  • ဂ်ပ္ပုံးတစ္ပုံးမွာ ၆ ခုပါ တယ္၊ (၃ခု x ၂လႊာ)
  • Loose ပုံးထဲမွာ လက္က်န္ ၂ ခု
  • Customer Order အသစ္ က ၃ ခု ...
  • အသစ္တစ္ပုံးကို ေဖာက္ၿပီး အေပၚအလႊာက ၃ ခု ကို ထုတ္ေပး
  • (ဆိုေတာ့ Loose က ၂ ပုံး ျဖစ္သြားေရာ)

ေဆာင္ရန္ (Do)

  • ျဖစ္သင့္တာက လက္က်န္ Loose ၂ ခု ကို အရင္ထုတ္၊ လိုတဲ့ ၁ ခုကို ပုံးအသစ္ထဲကယူ လိုက္မယ္ဆိုရင္ - Loose ပုံးဆိုတာ အၿမဲတန္း ၁ပုံးပဲ ရွိေနမွာပါ၊
  • လက္က်န္ Loose ကုန္မွ အျပည့္ (parking) ပုံးကိုစေဖာက္ပါ။

စကားခ်ပ္။ ။ Loose items ေကက္တာႏွင့္ ထုတ္ေပးသည့္ လုပ္ငန္းစဥ္ မ်ားသည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားပါတယ္။

 

က်ေနာ့ရဲ႕ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီ ေတာ့ မကူးပါနဲ႔လား။

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား

  1. စကားမေျပာေသာ အမွန္တရားမ်ားႏွင့္ ကခုန္ျခင္း - အပိုင္း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အေၾကာင္း)
  3.  Warehousing ဆိုင္ရာ အေျခခံ ေဝါဟာရ၊ အသုံးအႏႈန္းမ်ား (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကြဲျပားခ်က္ ႏွင့္ အားနည္းခ်က္၊ အားသာခ်က္မ်ား
  5. စေတာ့ ဘယ္လိုေကာက္ၾကမလဲ - Stock Count Procedure
  6. ပဲလက္ ေပၚ ဂ်ပ္ပုံး ေခြျခင္း,  Carton Stacking Method on Pallet
  7. Brief of Logistics (Logistics အေၾကာင္း လို၊ တို၊ ရွင္း)
  8. Warehouse ထဲက ပစၥည္းထုတ္ေပးတဲ့အခါ အေျပ (Loose) ေတြထုတ္ေပး ေနရရင္ Stock စစ္တဲ့အခါ လြယ္/ကိုက္ေအာင္ ဘယ္လိုလုပ္မလဲ?

No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...