Sunday, November 13, 2022

Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေထုတ်ပေး နေရရင် Stock စစ်တဲ့အခါ လွယ်/ကိုက်အောင် ဘယ်လိုလုပ်မလဲ?

Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေထုတ်ပေး နေရရင် Stock စစ်တဲ့အခါ လွယ်/ကိုက်အောင် ဘယ်လိုလုပ်မလဲ? (Part 1 of 2)

[ZawGyi version Below]

အပိုင်း (၁)

အရောင်း (သို့) ဖြန့်ချီရေးနှင့် ဆိုင်တဲ့ Warehouse တွေမှာ Customer ရဲ့ Order အတိုင်း အပြေ (Loose) တွေ ထုတ်ပေးရလေ့ရှိပါတယ်။ 

Warehouse ထဲမှာ Loose တွေပုံမနေအောင် - Loose Order ထုတ်မပေးပါက Company ရဲ့ လုပ်ငန်း/အရောင်းကိုထိခိုက်နိုင်တဲ့အတွက် အမြဲတန်း Original ဂျပ်ပုံးအပြည့်ချည်း ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါ။

Loose ပုံးတွေများလားရင် Stock စစ်တဲ့အခါမှာ ၊ မကိုက်တာ၊ SKU လိမ်နေတာမျိုး တွေ တွေ့ကြုံလာရပါတယ်။ 

Loose ထုတ်ပေးတဲ့အခါမှာလည်း ထုတ်ပေးသည့်သူများက Loose တစ်ပုံးကုန်မှ နောက်တစ်ပုံး ဖေါက်တာမဟုတ်ပဲ Picking မြန်မြန်ပြီးရန် Loose Order အတွက် နောက်တစ်ပုံးဖေါက်ပြီး ထုတ်ပေးလေ့ရှိပါတယ်။ 

အောက်က ဥမမာ က Warehouse Ground Operation မှာ ဖြစ်လေ့ရှိပါတယ်။

ဂျပ်ပုံးတစ်ပုံးမှာ ၆ ခုပါ တယ်၊ (၃ခု x ၂လွှာ)

Loose ပုံးထဲမှာ လက်ကျန်  ၂ ခု

Customer order အသစ် က ၃ ခု ဆိုရင်...

အသစ်တစ်ပုံးကို ဖောက်ပြီး အပေါ်အလွှာက ၃ ခု ကို ထုတ်ပေးလိုက်တယ် 

(ဆိုတော့ Loose ၂ ပုံး ဖြစ်သွားရော)

ဖြစ်သင့်တာက လက်ကျန် loose ၂ ခု ကို အရင်ထုတ်၊ လိုတဲ့ ၁ ခုကို ပုံးအသစ်ထဲကယူ လိုက်မယ်ဆိုရင် - Loose ပုံးဆိုတာ အမြဲတန်း ၁ပုံးပဲ ရှိနေမှာပါ။

အပိုင်း (၂) မှာတော့ Loose item တွေကို အမှားမရှိအောင်၊ လွယ်ကူအောင် ၊ Stock စစ်တဲ့အခါမှာ ကိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးပါမယ်။


ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။

God Bless You 🙏

[ZawGyi version]




အပိုင်း (၁)
















Zarni Oo (Progistics)

https://progistics.blogspot.com/

ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3.  Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
  5. စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure
  6. ပဲလက် ပေါ် ဂျပ်ပုံး ခွေခြင်း,  Carton Stacking Method on Pallet
  7. Brief of Logistics (Logistics အကြောင်း လို၊ တို၊ ရှင်း)

No comments:

Post a Comment


  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...