Monday, January 3, 2022
Supply Chain ဆိုတာ (What is Supply Chain in Myanmar Language)
Supplychain ဆိုတာ ကို Internet ထဲမှာ ရှာကြည့်ရင် မိမိ လုပ်ငန်း အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ် အပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်.
ကျနော်ကတော့ အောက်ကပုံမှာ ပြထားတဲ့ နမူနာ ကို သဘောကျတယ် ဗျ
Supply Chain, Cooking Oil, Palm Oil
ဆီအုန်းပင် စိုက်ခင်းကနေ စားအုန်းဆီ ထုတ်ပြီး စားသုံးသူ လက်ထဲရောက်သည်အထိ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် (Plan / process / procedure) အားလုံး ကို Supply Chain လို့ခေါ်ပါတယ်။
Supply Chain လုပ်ငန်းစဉ် မှာ ဌာနစိတ် သုံးခုနဲ့ အထက် ပါဝင်လေ့ရှိပါတယ်။
အခု ဒီ စားအုံးဆီ ရဲ့ Supply chain မှာဆိုရင်
အောက်ပါ ဌာနစိတ်တွေ မရှိမဖြစ် လိုအပ်ပါမယ်၊
၁။ Purchasing (Sourcing) - စိုက်ခင်းကနေ ကုန်ကြမ်း (Raw Material) တွေ ဝယ်ယူရေး
၂။ Manufacturing ( ကုန်ကြမ်း / ကုန်ချောထုတ်လုပ်ရေး )
၃။ Logistics (Shipping / Transportation)
ရေကြောင်း/ လေကြောင်း / ကုန်းလမ်း ပို့ဆောင်ရေး
၄။ Warehousing (ပင်မ သိုလှောင်ရုံ တွေ / Customer တွေဆီ ပစ္စည်း အမြန်ရောက်နိုင်ဖို့ သိုလှောင်ရုံ အခွဲ တွေကလည်း မရှိမဖြစ်ပါ)
၅။ Delivery (စားသုံးသူလက်ထဲ အရောက် ပေးပို့ ဖို့ Delivery team လဲရှိရမယ်)
စတဲ့ ဌာနစိတ်တွေဟာ Supply Chain ရဲ့ အဓိက ကွင်းဆက်တွေပါ ။
ပိုပြီးပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း ဝင်ပြီးဆွေးနွေးသွားပါဦး
God bless you
#Supply Chain #Logistics #Procurement #Warehousing #Delivery
ZawGyi
No comments:
Post a Comment
  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...