Sunday, January 9, 2022

Letter of Credit (LC) and TT Payment (What is LC in Myanmar Language)

LC Payment and TT Payment




Letter of Credit (LC) - ယုံကြည်မှု သဝဏ်လွှာ
LC ဆိုတဲ့ Letter of Credit ကို Supply Chain နယ်ပယ် တော်တော်များများမှာ ကြားဖူးနေကြ၊
LC Purchase, LC Shipment, LC payment စသဖြင့် ပေါ့၊
LC ကို International Chamber of Commerce (ICC) က စည်းမျဉ်း နည်းနာ သတ်မှတ်ပေးထားတာဖြစ်ပါတယ်
LC ဆိုသည်မှာ 
ဝယ်ယူသူ နှင့် ချိတ်ထားသည့် ဘဏ်တစ်ခုမှနေ၍ ရောင်းတဲ့သူကို “ဝယ်တဲ့သူ / Company သည် ဤကျသင့်ငွေကို ပေးနိုင်စွမ်းရှိကြောင်း” အာမခံပေး၊ အတည်ပြုပေးတဲ့ စာ ဖြစ်ပါတယ်။ 
အကြောင်းကြောင့် ဝယ်သူက မပေးနိုင်ခဲ့ရင် ရောင်းသူနှင့် ချိတ်ထားတဲ့ ဘဏ်က ရောင်းသူကို စိုက်ပေးရတယ်။ 
အဲဒါကြောင့် LC ကို ယုံကြည်မှု သဝဏ်လွှာ လို့ ကျနော့ဘာသာ နာမည်ပေးလိုက်တာ။
LC ၏ အဓိက နိယာမတစ်ခုမှာ 
LC Process မှာ ပါဝင်သည့်ဘဏ်များသည် ကုန်ပစ္စည်းအားလုံးကို LC မှာ ပါတဲ့အတိုင်း အတိအကျ တင်ပို့ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လည်းမလို / သိရှိရန်မလိုပဲ သက်ဆိုင်ရာ စာရွက်စာတမ်းများကိုသာ စစ်ဆေးအတည်ပြုရန်လိုအပ်ပါတယ်။
LC သည်...
ရောင်းသူဝယ်သူ အတွက် စိတ်ချရသော စနစ်၊
နိုင်ငံတကာ အရောင်းအဝယ် / ပို့ကုန်သွင်းကုန် လုပ်ငန်းတွေမှာ အသုံးများ၊ 
ပစ္စည်းအရေအတွက်များများကို သင်္ဘောနှင့်ပို့ တဲ့ လုပ်ငန်းတွေမှာ သုံးတာများပါတယ်။
LC အမျိုးအစားများကို ပူးတွဲပါ ပုံဇယားမှာကြည့်ပါ။ (အဓိက ကွဲလွဲချက် တွေကို အဝါရောင်ချယ်ပေးထားပါတယ်)
အဓိက သုံးတဲ့ LC များကတော့ Commercial LC နှင့် Standby LC နှစ်ခုပါ။
~~~
TT Payment
TT ဆိုတာ ဟိုးအရင်တုံးကတော့ Telegraphic Transfer (ကြေးနန်းနှင့်ငွေလွှဲတဲ့ စနစ်)၊ အခုခေတ်တော့ SWIFT Transfer လို့လည်းခေါ်ကြပါတယ်။ 
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငွေလွှဲနှုန်း နှင့် ငွေလွှဲလို့ အဆင်ပြေလွယ်ကူတဲ့ ဘဏ်တစ်ခုကနေပြီး ပစ္စည်းဖိုး ငွေလွှဲပေးချေရတဲ့ စနစ်ဖြစ်ပါတယ်၊
LC လောက်မရှုတ်ထွေးပဲ ဈေးလည်း သက်သာပါတယ်၊
TT Payment ဟာ….
Importer / ဝယ်သူမှ Exporter / ရောင်းသူကို ငွေကြိုပေးရတဲ့အခါမှာသုံးတာများ၊
ပစ္စည်း အရေအတွက် နည်းနည်းကို လေကြောင်းနှင့် မှာယူ၊ ဝယ်ယူ တဲ့နေရာမှာ သုံးတာများ၊
ငွေကြိုလွှဲရတာဖြစ်လို့ ဝယ်သူဘက်က စိတ်မချစရာ (Risk) ဖြစ်ပါတယ်။ 
ရောင်းသူ ကို သေချာမသိသေးရင် တော့ မလွဲခင် သေချာ ဂရုတစိုက် ဆန်းစစ်သင့်ပါတယ်။
🔹
ကျနော့ရဲ့ Blog ဟာ #Knowledge_Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။ 
စာသားချည်း သက်သက်တော့ ကော်ပီ မကူးပါနှင့်လား၊

God Bless You 🙏





LC အမျိုးအစားများကို ပူးတွဲပါ ပုံဇယားမှာကြည့်ပါ။ (အဓိက ကွဲလွဲချက် တွေကို အဝါရောင်ချယ်ပေးထားပါတယ်)



ZawGyi
LC Payment and TT Payment
#Letter_of_Credit (#LC) - ယုံၾကည္မႈ သဝဏ္လႊာ
LC ဆိုတဲ့ Letter of Credit ကို Supply Chain နယ္ပယ္ ေတာ္ေတာ္မ်ားမ်ားမွာ ၾကားဖူးေနၾက၊
LC Purchase, LC Shipment, LC payment စသျဖင့္ ေပါ့၊
LC ကို International Chamber of Commerce (ICC) က စည္းမ်ဥ္း နည္းနာ သတ္မွတ္ေပးထားတာျဖစ္ပါတယ္
LC ဆိုသည္မွာ 
ဝယ္ယူသူ ႏွင့္ ခ်ိတ္ထားသည့္ ဘဏ္တစ္ခုမွေန၍ ေရာင္းတဲ့သူကို “ဝယ္တဲ့သူ / Company သည္ ဤက်သင့္ေငြကို ေပးႏိုင္စြမ္းရွိေၾကာင္း” အာမခံေပး၊ အတည္ျပဳေပးတဲ့ စာ ျဖစ္ပါတယ္။ 
အေၾကာင္းေၾကာင့္ ဝယ္သူက မေပးႏိုင္ခဲ့ရင္ ေရာင္းသူႏွင့္ ခ်ိတ္ထားတဲ့ ဘဏ္က ေရာင္းသူကို စိုက္ေပးရတယ္။ 
အဲဒါေၾကာင့္ LC ကို ယုံၾကည္မႈ သဝဏ္လႊာ လို႔ က်ေနာ့ဘာသာ နာမည္ေပးလိုက္တာ။
LC ၏ အဓိက နိယာမတစ္ခုမွာ 
LC Process မွာ ပါဝင္သည့္ဘဏ္မ်ားသည္ ကုန္ပစၥည္းအားလုံးကို LC မွာ ပါတဲ့အတိုင္း အတိအက် တင္ပို႔ျခင္း ရွိ၊ မရွိ စစ္ေဆးရန္ လည္းမလို / သိရွိရန္မလိုပဲ သက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားကိုသာ စစ္ေဆးအတည္ျပဳရန္လိုအပ္ပါတယ္။
LC သည္...
ေရာင္းသူဝယ္သူ အတြက္ စိတ္ခ်ရေသာ စနစ္၊
ႏိုင္ငံတကာ အေရာင္းအဝယ္ / ပို႔ကုန္သြင္းကုန္ လုပ္ငန္းေတြမွာ အသုံးမ်ား၊ 
ပစၥည္းအေရအတြက္မ်ားမ်ားကို သေဘၤာႏွင့္ပို႔ တဲ့ လုပ္ငန္းေတြမွာ သုံးတာမ်ားပါတယ္။
LC အမ်ိဳးအစားမ်ားကို ပူးတြဲပါ ပုံဇယားမွာၾကည့္ပါ။ (အဓိက ကြဲလြဲခ်က္ ေတြကို အဝါေရာင္ခ်ယ္ေပးထားပါတယ္)
အဓိက သုံးတဲ့ LC မ်ားကေတာ့ Commercial LC ႏွင့္ Standby LC ႏွစ္ခုပါ။
~~~
TT Payment
TT ဆိုတာ ဟိုးအရင္တုံးကေတာ့ Telegraphic Transfer (ေၾကးနန္းႏွင့္ေငြလႊဲတဲ့ စနစ္)၊ အခုေခတ္ေတာ့ SWIFT Transfer လို႔လည္းေခၚၾကပါတယ္။ 
တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ေငြလႊဲႏႈန္း ႏွင့္ ေငြလႊဲလို႔ အဆင္ေျပလြယ္ကူတဲ့ ဘဏ္တစ္ခုကေနၿပီး ပစၥည္းဖိုး ေငြလႊဲေပးေခ်ရတဲ့ စနစ္ျဖစ္ပါတယ္၊
LC ေလာက္မရႈတ္ေထြးပဲ ေဈးလည္း သက္သာပါတယ္၊
TT Payment ဟာ….
Importer / ဝယ္သူမွ Exporter / ေရာင္းသူကို ေငြႀကိဳေပးရတဲ့အခါမွာသုံးတာမ်ား၊
ပစၥည္း အေရအတြက္ နည္းနည္းကို ေလေၾကာင္းႏွင့္ မွာယူ၊ ဝယ္ယူ တဲ့ေနရာမွာ သုံးတာမ်ား၊
ေငြႀကိဳလႊဲရတာျဖစ္လို႔ ဝယ္သူဘက္က စိတ္မခ်စရာ (Risk) ျဖစ္ပါတယ္။ 
ေရာင္းသူ ကို ေသခ်ာမသိေသးရင္ ေတာ့ မလြဲခင္ ေသခ်ာ ဂ႐ုတစိုက္ ဆန္းစစ္သင့္ပါတယ္။
🔹
က်ေနာ့ရဲ႕ Blog ဟာ #Knowledge_Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ Warehouse ဝိုင္းေတာ္သားမ်ားအေၾကာင္း ပိုျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။
လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်။ 
စာသားခ်ည္း သက္သက္ေတာ့ ေကာ္ပီ မကူးပါႏွင့္လား၊
#Procurement, #Shipping #Import # Export
God Bless You 🙏
#Daniel_Zarni


No comments:

Post a Comment

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...