Thursday, April 4, 2024

Efficient Picking (မှန်ကန်မြန်ဆန်စွာ ပစ္စည်းကောက်နည်း)

Efficient Picking  (မှန်ကန်မြန်ဆန်စွာ ပစ္စည်းကောက်နည်း)

Picking, Packing and Dispatching တွေဟာ ဆက်စပ် ပြီး အရေးပါတဲ့ လုပ်ငန်းစဉ်တွေပါ၊

System တစ်မျိုးမျိုးသုံးတဲ့ Warehouse တွေမှာတော့ Picking Process မှာ System က အတော်လေး အထောက်အကူရပါတယ်။

ဒီအခန်းမှာ ဖော်ပြမှာက System မသုံးသေးတဲ့ သမားရိုးကျ Warehouse တွေမှာ Picker များက ပစ္စည်းထားတဲ့နေရာကို သွားပြီးကောက်ရတဲ့ လုပ်ငန်းစဉ် (Person-to-Goods) ကို အသားပေး ဖေါ်ပြသွားပါမယ်၊ ဒါမှ Picking Process ကိုအဆင့်ဆင့် ဘယ်လိုလုပ်ရလဲ၊ ဘယ်လိုလုပ်သင့်လဲ ဆိုတာ လေ့လာကိုးကားလို့ရသလို၊​ Warehouse မှာ System သုံးတော့မယ်ဆိုရင်လည်း System ထဲမှာ ဘာတွေထည့်သင့် / ပါသင့်လဲ ဆိုတာ အလွယ်တကူ စဉ်းစားလို့ရမှာပါ။

Picking Process ဟာ Warehouse ထဲကကုန်ပစ္စည်းများကို Sales Order (သို့မဟုတ်) Stock Movement Order (SMO) အတိုင်း ကောက်ယူခြင်းနှင့် Dispatch ဧရိယာသို့ မှန်ကန်မြန်ဆန်စွာ ရွှေ့ပြောင်းရသည့် လုပ်ငန်းစဉ် ဖြစ်ပြီး အောက်ပါအဆင့်တွေ အဓိက ပါဝင်ပါတယ်။

 


Planning before Pick (ပစ္စည်းမကောက်ခင် ကြိုတင်စီစဉ်ခြင်း)

  • ပစ္စည်းကောက်ချိန်ဇယား (Picking Schedule) သတ်မှတ်ခြင်း။

Warehouse ဟာ အရောင်းဌာနမှ SOတွေကို Pick, Pack and Dispacth လုပ်ဖို့ အချိန်မရွေး လက်ခံရရှိနိုင်ပါတယ်။ Warehouse ဝိုင်းတော်သားများဟာ SO ကိုလက်ခံရရှိသည့်အခါတိုင်းသာ ပစ္စည်းကောက်နေရပါက ဝိုင်းတော်သားများ အားလုံးအလုပ်ရှုတ် ပင်ပန်းပြီး ၊ အလုပ်မတွင်နိုင်ပါဘူး။ Warehouse မှာ Pick, Pack and Dispacth လုပ်ဖို့ သင့်လျော်သော အချိန်ဇယားဆွဲထားမှသာ Picking အတွက် ပြင်ဆင်ဖို့ အချိန်ရပြီး မှန်ကန်၊မြန်ဆန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ (ဥပမာ၊ တစ်နေ့ (၃) ကြိမ် (10 AM, 2 PM and 4 PM) စသည်ဖြင့်)။

  •  ပစ္စည်း ကောက်ဖို့ လမ်းကြောင်းဆွဲခြင်း

Picker များက ပစ္စည်းထားတဲ့နေရာကို သွားပြီးကောက်တဲ့ Picking စနှစ် (Person-to-Goods) မှာ ဆိုရင် ပစ္စည်းကောက်ဖို့ လမ်းကြောင်းဆွဲရတာကို အချိန်ပေးပြီး သေချာ စီစဥ်ရမှာပါ။ Picking list  အား သက်ဆိုင်ဌာနမှ လက်ခံရရှိပြီးလျှင် - Picking list  ပါ Item များရှိသည့် Location များကို စီစစ်ပြီး လမ်းကြောင်းဆွဲ၊ Plan ချပါ။

Picking အတွက် Plan ချရာတွင် ရှေ့အခန်း တွင်ဖော်ပြထားသော ABC Putaway method နဲ့ location အမှီပြုပြီး Picking Route (ပစ္စည်းကောက်ရမည့် လမ်းကြောင်း) ကိုဆွဲပါ၊ လမ်းကြောင်းဆွဲတဲ့အခါမှာ SO / Pick List များမှာမှာပါတဲ့ Item တွေ တူနေပါက - SO တစ်ခုထက်ပိုပြီးလည်း ထည့်လို့ရပါတယ် 

  •    Picking အတွက် လိုအပ်သော ကိရိယာများနှင့် ပစ္စည်းများကို ပြင်ဆင်ခြင်း

မိမိ Warehouse ထဲက Pick လုပ်ရမယ့် ပစ္စည်းအမျိုးအစား၊ ထားသိုမှုပုံစံ အပေါ်မူတည်ပြီး Picking ကောက်ရာမှာ လိုအပ်၊ သင့်တော်၊ အသုံးတည့်ပြီး လိုက်လျှောညီထွေရှိမယ့် ပစ္စည်းကရိယာများကို Picker များနှင့် အနီးဆုံးနေရာ မှာ အသင့်ရှိနေပါစေ။ (ဥပမာ၊ Pen, “Pen-Knife”, Click Board, Bin, Trolley, Pallets, Pallet Jacks, Reach Truck, Forklift, Mobile Ladder,စသည်။)

 

  •      ပစ္စည်းကောက်ရာ လမ်းကြောင်းတစ်လျှောက် မှာ အတားအဆီးများရှိရင် ရှင်းထားပါ၊ (ဥပမာ၊ အသုံးမပြုသောပဲလက်များ၊ ဂျပ်ပုံး အခွံများ စသည်ဖြင့်)

 

ပစ္စည်းကောက်ယူခြင်း၊ (Picking)



  1. Picking Paper တွင် Picking စတင်ကောက်မည့်အချိန်အား မှတ်သားပါ။
  2. မိမိ ကောက်မည့် Item အမျိုးအစားအတွက် လိုအပ်၊ သင့်တော်သည့် ပစ္စည်းကရိယာများကို တပါတည်း ယူဆောင်သွားပါ။
  3. မိမိ Plan / လမ်းကြောင်းဆွဲထားသည့် အတိုင်း ကောက်ယူပါ။
  4. (ကောက်ရမည့် ပစ္စည်းများသည် Racking များ၏ လက်လှမ်းမမှီသော အပေါ်အလွှာတွင်ရှိပါက သင့်တော်သော ကရိယာ၊ စက်ပစ္စည်းများကို အသုံးပြုပြီးမှ ကောက်ပါ။ (ဥပမာ၊ Racking ရဲ့ ၂လွှာမှာ ထားတဲ့ အတန်အသင့် လေးတဲ့ ပစ္စည်းကို Forklift / Mobile Ladder မသုံးပဲ Picker ကိုယ်တိုင် တက်ယူတာမျိုးကို ရှောင်ကျဉ်ပါ၊)
  5. Picking ကောက်ပြီးသော Item များကို Picking list တွင်ကောက်ယူပြီးကြောင်း  အမှတ်အသားပြုပါ။
  6. ထို့နောက် Checker မှ Picker ကောက်ထားတဲ့ ပစ္စည်းနှင့် Picklist ကို မှန် / မမှန် တိုက်ဆိုင် စစ်ဆေးပါ။
  7. Checker လုပ်တဲ့သူဟာ Picking Incharge (or) Picking Supervisor (or) QC တစ်ယောက်ယောက် ဖြစ်ရပါမယ်၊ (Picker နဲ့ Checker ဟာ တစ်ယောက်ထည်း မဖြစ်သင့်ပါဘူး)။
  8. စစ်ဆေးပြီးပါက Picking List တွင် Picker နှင့် Checker နှစ်ယောက်လုံး လက်မှတ်ထိုးပြီး နာမည်ရေးပါ။
  9. Picking လုပ်ခြင်းလုပ်ငန်းစဉ်များပြီးဆုံးပါက Picking Paper ပေါ်တွင် ပြီးဆုံးချိန်အား မှတ်သားပါ။



 

Sent to Packing Station (ကောက်ယူပြီး Item များကို Packing ဌာနကိုရွှေ့ခြင်း)

  • Picking ကောက်ပြီးသား SO တွေကို သူ့အုပ်စုနဲ့သူ BIN ထဲမှာ (သို့မဟုတ်) ပဲလက်ပေါ်ခွဲထားပြီး Packing လုပ်မယ့်နေ့ရာကို ရွှေ့ပါ၊
  • Picking ကောက်ထားတဲ့ ပစ္စည်းအပုံ (သို့မဟုတ်) BIN ထဲမှာ (သို့မဟုတ်) ပဲလက်ပေါ်ပေါ်မှာ သက်ဆိုင်တဲ့ Picklist ကို တင်ထားပါ။ 

Picking Process ဟာ Warehouse ရဲ့ အရေးပါဆုံး Processes တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီStage မှာ Item မှားကောက်တာ၊ ပို/လို ကောက်မိတာ စသည်ဖြင့် Error တော်တော်များများ ဖြစ်လေ့ရှိတာကြောင့် Picking process မှာပါတဲ့ အဖွဲ့သားအားလုံးဟာ ကိုယ်လုပ်ရတဲ့ ကဏ္ဍတိုင်းမှာ ဂရုတစိုက် လုပ်သင့်ပါတယ်၊ ဒါမှ မှားကောက်မိလို့ Picking နှစ်ခါပြန်လုပ်ရတာ၊ Item အမှားကို Customer ဆီပို့မိလို့ Return ပြန်ခေါ်၊ ပြန်ပို့ရတာ စတာတွေ လုပ်စရာမလိုပဲ အချိန်ရော ငွေ(Cost)ပါ သက်သာစေမှာ ဖြစ်ပါတယ်။

နောက်အခန်းမှာတော့ SO Packing နဲ့ Dispatch အကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။


ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

 

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...