Monday, July 22, 2024

Delivery Processes (Planning, Scheduling and Delivering)

 Delivery Processes (Planning, Scheduling and Delivering)

Delivery Processes (Planning, Scheduling and Delivering)


ဒီအခန်းမှာ ဖော်ပြမယ့်
Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင်ဆင်ခြင်း၊ လမ်းကြောင်းဆွဲခြင်း နှင့် ပို့ရမယ့် အချိန်ဇယားကို စီစဉ်ခြင်းတို့တွင် လုပ်ဆောင်ရမည့်အဆင့်များစွာ ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ထိရောက်မှုရှိစေရန် နဲ့ Customer ရဲ့စိတ်ကြေနပ်မှုရရှိစေရန်အတွက် Warehouse  Dispatch Team က ပို့ရမယ့် ပစ္စည်းတွေကို Delivery Team က လက်ခံပြီးတာနှင့် အောက်ပါအချက်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

1. လိုအပ်သော အချက်အလက်များကို စုဆောင်း စီစစ်ခြင်း

အောက်ပါ အချက်အလက်များကို စုဆောင်းပြီး စီစစ်ပါ။

  • ပို့ဆောင်ရမယ့် အော်ဒါများ၊ လိပ်စာများ စာရင်း။
  • Customer များ (သို့မဟုတ်) ကားဂိတ်များရဲ့ ပစ္စည်းလက်ခံနိုင်သောအချိန်။
  • ကားအမျိုးအစား နဲ့ တင်နိုင် (ဆံ့နိုင်)တဲ့တန်ချိန်
  • ယာဉ်မောင်းရရှိနိုင်မှု နဲ့ သူတို့၏အလုပ်ချိန်
  • ပို့ရမယ့်နေ့မှာ ဖြစ်နိုင်တဲ့ ယာဉ်ကြောအခြေအနေများနှင့် နှောင့်နှေးမှုများ။
  • ပို့ဆောင်ရန်နေရာတစ်ခုစီကြား အကွာအဝေးနှင့် ကားမောင်းရန်ကြာချိန်

2. Sales Order များကို အုပ်စုခွဲခြင်း

ပို့ရမယ့် အော်ဒါများကို အုပ်စုခွဲတဲ့အခါမှာ

  • Customer များ၊ ကားဂိတ်များ၏ ပစ္စည်းလက်ခံနိုင်မယ့်အချိန်၊ (နေ့လည်၊ ညနေ (၅)နာရီ ရှေ့ပိုင်း၊ စသည်)
  • အရေးတကြီး ပို့ပေးရမယ့်အော်ဒါ၊ 
  • ပျက်စီးဆုံးရှုံးလွယ်တဲ့ ပစ္စည်းများ နှင့်
  • နယ်မြေ အနေအထားအလိုက် လမ်းကြောင်းသင့်တဲ့ လိပ်စာ / Location များ စသည်တို့ကို ရွေးချယ်ပြီး အုပ်စုခွဲပါ။

3. ပို့ဆောင်ရန်လမ်းကြောင်း (Delivery Route) များကို အတိုဆုံးနှင့်အမြန်ဆုံးဖြစ်အောင် ဆွဲခြင်း

Delivery လမ်းကြောင်းဆွဲတဲ့အခါ အခြေခံအနေနဲ့ ပုံမှာပြထားတဲ့အတိုင်းဖြစ်အောင် အတတ်နိုင်ဆုံးဆွဲပါ။ ဒါပေမယ့် ပိတ်ထားတဲ့လမ်းတွေ၊ အပေါ် (အမှတ်စဉ် (၂)) မှာ ဖေါ်ပြထားတဲ့ အကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပြီးမှ အထိရောက်ဆုံး အတိုဆုံး လမ်းကြောင်းဖြစ်အောင်ဆွဲပါ။

Delivery ကားရဲ့ Size နဲ့ တင်နိုင်တဲ့ဝန်၊ သွားပို့တဲ့ Delivery Team ရဲ့အလုပ်ချိန် နဲ့ OT ဆင်းလို့ရမရ၊​ လမ်းကြောင်းတစ်ခေါက်ကို အချိန်ဘယ်လောက် ပေးနိုင်လဲဆိုတာတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

Delivery Route Planning


4. Delivery Schedule (ပို့ဆောင်မှုအချိန်ဇယား) သတ်မှတ်ခြင်း

Delivery Schedule ဆွဲတဲ့အခါ အရောင်းအဖွဲ့ (Sales Team)Warehouse Team နဲ့ Delivery Team တို့ သုံးဖွဲ့ညှိနိုင်းပြီးမှ ဆွဲပါ။ Delivery Shcedule ဆွဲတဲ့အခါ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားပါ။

  • မိမိမှာရှိတဲ့ Delivery ကားအရေအတွက်ပေါ်မူတည်ပြီး ကားတစ်စီးကို တစ်နေ့မှာ ဘယ်နှကြောင်းသွားသင့်လဲ၊
  • အမှတ်စဉ် (၂) မှာ ခွဲထားတဲ့ အုပ်စုများ၊
  • Buffer Time – တစ်နေရာ မှ တစ်နေရာ ကူးတဲ့အခါမှာ မမျှော်လင့်ထားတဲ့ အသွားအလာ နှောင့်နှေးမှုများ (ကားပိတ်/ လမ်းပိတ်)အတွက် အချိန် ကိုလည်းထည့် တွက်ရပါမယ်။     

Delivery Scheduel ဆွဲပြီးပါက  ယာဉ်မောင်းများကို သူတို့နဲ့ သက်ဆိုင်တဲ့ အချိန်ဇယား နဲ့ လမ်းကြောင်းများကို ကြိုပြောပြီး၊ Customer များ / ကားဂိတ်များကိုလည်း ပစ္စည်းလာပို့မယ့်အချိန် (ခန့်မှန်း) ကိုလည်း အကြောင်းကြားထားပါ။


5. ဆွဲထားတဲ့ Delivery Schedule များ အဆင်ပြေ၊ မပြေ စောင့်ကြည့်ခြင်းနှင့် ၊ ပြင်ဆင်ခြင်း

အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်မှုတိုးတက်စေရန် ဆွဲထားတဲ့ Delivery လမ်းကြောင်းတွေ၊ Schedule တွေ အဆင်ပြေမပြေ ဆိုတာကို အမြဲစောင့်ကြည့် သုံးသပ် နေရပါမယ်။ Delivery ကားတွေမှာ GPS တပ်ထားပြီး GPS software ကနေ စောင်ကြည့် သုံးသပ်ပါက ပိုပြီးထိရောက်ပါတယ်။

Delivery ကား Driver များ၊ Customer များရဲ့ အကြံပေးချက်၊ Feedback ကိုလည်း ရယူပါ။

စောင့်ကြည့်သုံးသပ်တဲ့အခါ လက်ရှိ လမ်းကြောင်းတွေ၊ Schedule တွေက အဆင်မပြေဖြစ်နေတာ၊ လမ်းကြောင်းတွေထပ်နေတာ၊ နှောက်နှေးနေတာ ဖြစ်ပါက အမှတ်စဉ် (၄) မှာဖော်ပြထားတဲ့ အဖွဲ့သုံးဖွဲ့နဲ ညှိပြီး လမ်းကြောင်း၊ Schedule တွေကို ပြင်ဆင်ပါ။

Delivery ကားပျက်သွားခြင်း သို့မဟုတ် အရေးကြီး Sales Order များပို့စရာ ကြုံလားခြင်း၊ ကြိုတင်မမြင်နိုင်သော အခြေအနေများ (မိုးကြီး၊ ရေလျှံ၊ လမ်းပိတ်) စသည်တို့ ဖြစ်ပေါ်လာပါက လမ်းကြောင်းများနှင့် အချိန်ဇယားများကို အချိန်နှင့်တပြေးညီ ပြောင်းလဲ ချိန်ညှိရန် လိုအပ်ပါတယ်။

 

6. Delivery ကားပေါ်ကို ပို့စရာပစ္စည်းများတင်ခြင်း လုပ်ငန်းစဉ်


Delivery ကားပေါ်ကို ဆွဲထားတဲ့ လမ်းကြောင်းနဲ့ Schedule အတိုင်း ပို့စရာပစ္စည်းတွေတင်တဲ့အခါ အလျင်စလို တွေ့တာ ကောက်တင်တာမျိုးလုပ်ပါက လမ်းမှာပိုပြီးကြန့်ကြာသွားတာမျိုးဖြစ်နိုင်ပါတယ်။ Delivery လုပ်တဲ့အခါမှာ လွယ်ကူ၊ မြန်ဆန်၊ မှန်ကန်ပြီး စမတ်ကျကျ ပို့နိုင်အောင် အောက်ပါအချက်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

6.1 နောက်ဆုံးပို့ရမယ့်ပစ္စည်းကို အရင်ဆုံးတင်ပါ။

  • ပထမဦးစွာ လမ်းကြောင်းဆွဲထားတဲ့ Customer စာရင်းကို ကြည့်ပြီး နောက်ဆုံးပို့ရမယ့် Customer ရဲ့ပစ္စည်းတွေကို အတွင်းဆုံးကျတဲ့နေရာမှာ အရင်ဆုံးနေရာချပါ။ 
  • (ဆိုတော့) အရင်ဆုံးပို့ရမယ့်ပစ္စည်းက နောက်ဆုံးမှာ တင်ရမှာဖြစ်ပြီး ကားနောက်ပိတ်တံခါးနဲ့အနီးဆုံးနေရာမှာ ရှိနေရမှာပါ။ 
  • ပို့ရမယ့် ပစ္စည်းအနည်းအများကို ကြည့်ပြီး နေရာဆံ့အောင် စဉ်းစားစီစဉ်ပြီးမှတင်ပါ။


6.2 ပစ္စည်းများ၊ ဂျပ်ပုံးများကို Delivery ကားပေါ်မှာနေရာချခြင်း

အရွယ်အစားနှင့် ပုံသဏ္ဍာန်- ဂျပ်ပုံးများကို အရွယ်အစားနှင့် ပုံသဏ္ဍာန်အလိုက် အုပ်စုဖွဲ့ပါ။ ပိုကြီး၊ ပိုခိုင်ခံ့တဲ့ဂျပ်ပုံးများကို အောက်ဆုံးအလွှာမှာ နေရာချပြီး နှင့် သေးငယ်၊ ပေါ့ပါးတဲ့ ဂျပ်ပုံးများကို အပေါ်ဘက်တွင်ထားပါ။

ပစ္စည်းအလေးချိန် - ပို့ရမယ့်ပစ္စည်းတွေထဲမှာ ဝိတ် (weight)များတာတွေပါခဲ့ရင် ကားပေါ်မှာ တစ်ဖက်သတ်ထည်း မတင်ပဲ ဘယ်၊ညာ ဝိတ်ညီအောင် မျှ၊​ ဖြန့်ထားပါ၊​ ပစ္စည်းတွေကို အောက်ဆုံးအလွှာနဲ့ ကားရှေ့ပိုင်းမှာ ထားပါ။ ဒါမှ ကားမောင်းနေစဉ် ကုန်းအတက်/အဆင်း နဲ့ အကွေ့တွေမှာ အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

Fragile Items - ပျက်စီး ကွဲရှလွယ်သော ပစ္စည်းများကို အပေါ်ဆုံးအလွှာတွေမှာတင်ပြီး မြင်သာထင်ရှားအောင် အမှတ်အသားပြုထားပါ။

 

7. Delivery ကားပေါ်မှ ပစ္စည်းများကို လက်ခံမည့်သူ (Customer) ထံသို့ ချ/လွှဲပြောင်း ပေးခြင်း

 


နေ့စဉ်ပို့ပေးရတဲ့ ပစ္စည်းတွေဟာ ဂျပ်ပုံးအပြည့် မဟုတ်ပဲ အပြေတွေပါ ပို့ပေးရလို့ရှိရင် လက်ခံတဲ့ သူကို  DO  အတိုင်း Item တစ်ခုချင်း၊ တစ်ကြောင်းချင်း စီ စစ်ဖို့ပြောပါ။ နေ့စဉ်လက်ခံနေကျ Customer ဆိုရင် ပစ္စည်းလက်ခံရင်းနှင့် ရင်းနှီးနေတဲ့အတွက် လာပို့တဲ့ အရေအတွက်က မှန်မှာပဲ၊ လူရင်းတွေပဲ ဆိုပြီး ပစ္စည်းလက်ခံ / စစ် တဲ့အခါ သေချာမစစ်ပဲ, ပစ္စည်းလက်ခံရှိကြောင်း လက်မှတ်ထိုးပေးလိုက်တာမျိုးကို လာပို့တဲ့သူ (Delivery Man က လက်မခံသင့်ပါ၊

အကြောင်းအမျိုးမျိုးကြောင့် လာပို့တဲ့ ပစ္စည်းစာရင်းက ကွာတတ်၊​ လွဲတတ်တာမို့ - ပို့ခဲ့တဲ့ Delivery အဖွဲ့ ရုံးကိုပြန်ရောက်မှ (သို့မဟုတ်) နောက်တစ်ရက်ကျမှာ လက်ခံတဲ့ သူက ပစ္စည်းအရေအတွက်လျော့နေ၊ အမျိုးအစား လွဲနေကြောင်း အကြောင်းကြားလာရင် ​ ပြန်ဖြေရှင်းရလည်း ခက်ပါတယ်။

 

နိဂုံး

Sales Order Delivery Process ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါက အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခြင်း၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကို လျှော့ချပေးခြင်း၊ Customer များရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိမှာဖြစ်ပါတယ်။ သင့်တော်မှန်ကန်သောကိရိယာများ၊ စက် / ယာဉ်များနှင့် နည်းစနစ်များကို အသုံးပြုခြင်းဖြင့် Delivery  လုပ်ငန်းစဉ်ကို ချောမွေ့စေပြီး စိန်ခေါ်မှုအမျိုးမျိုးကို ထိရောက်စွာ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်

ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

 

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...