Sunday, May 26, 2024

Packing and Dispatch Procedure (အော်ဒါပစ္စည်း ထုပ်ပိုးခြင်းနှင့် ထုတ်ပေး‌ခြင်း)

Packing and Dispatch Proceses

Packing and Dispatch Process ဟာ Picking Process နဲ့ ပစ္စည်းပို့တဲ့ အဖွဲ့၊ ကား (Delivery Team) ဆီသို့ Order တွေကို မှန်ကန် သေချာအောင် ကောက်ယူ၊ စစ်ဆေးပြီး ပို့ဆောင်ဖို့ အသင့်ဖြစ်အောင် စီစဉ်ပေးရတဲ့ လုပ်ငန်းစဉ်တွေပါ။ ဒီကဏ္ဍဟာလည်း Warehouse ဝိုင်းတော်သားများအတွက် အရေးပါတဲ့ လုပ်ငန်းစဉ် ဖြစ်တာမို့ အောက်ပါအတိုင်း အဆင့် (၁၀) ဆင့်ခွဲပြီး ဖော်ပြပေးထားပါတယ်။

 


၁။ စိစစ်ခြင်း

Picking လုပ်ထားတဲ့ ပစ္စည်းတွေကို Packing မလုပ်ခင် ပြန်စစ်တဲ့ရပါမယ်။ Packing Checker မှ Sales Order နဲ့ မှန်၊ မှန် တိုက်စစ်တဲ့အခါ ပစ္စည်းအမျိုးအမည်၊ ပစ္စည်းအမျိုးအစား၊ (ဥပမာ၊ ဆိုဒ်အကြီးအသေး၊ ဘယ်ဖက်ညာဖက်)၊ အရေအတွက် စသည်တို့ကို မှန်မမှန် စိစစ်ရပါမယ်။ ထို့အပြင် ကိုယ်ထုတ်ပေးမယ့် ပစ္စည်းမှာ Batch Number တွေ၊ သက်တမ်းကုန်ဆုံးရက် (Expiry Date) တို့ ပါ ပါကလည်း အထူးစိစစ်ဖို့ လိုအပ်ပါတယ်။

 

၂။ QC စစ်ခြင်း၊  

တစ်ချို့ Warehouse တွေမှာ “စီစစ်ခြင်း” Process ကို QC စစ်တယ်လို့ ခေါ်ကြပါတယ်၊ တကယ်တော့ ပို့မယ့်ပစ္စည်းတွေမှာ အပျက်အစီးတွေပါလား၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ကိုက်ရဲ့လား၊ (စက်ပစ္စည်း (သို့) လျှပ်စစ်ပစ္စည်းတွေဆိုရင် ပုံမှန် အနေအထားအတိုင်း အလုပ်လုပ်ရဲ့လား) စသည်ဖြင့် စစ်တာကို QC စစ်တယ်လို့ ခေါ်တာပါ။ ပစ္စည်းမပို့ခင် QC စစ်ခြင်းဟာ အော်ဒါမှာတဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှု ရရှိစေပြီး၊​ ပစ္စည်းပြန်ယူ၊ ပြန်လဲပေးရတဲ့ စရိတ်လုပ်ငန်းစဥ်တွေလျှော့ချစေတာကြောင့်  ကုမ္ပဏီအတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

 

၃။ သင့်တော် မှန်ကန်သောထုပ်ပိုးပစ္စည်း ရွေးခြယ်ခြင်း

Picking ကောက်ပြီးနောက် Dispatch လုပ်ရမယ့်ပစ္စည်းအမျိုးအစား တော်တော်များများဟာ Original Packig / box တွေနဲ့လာတားများပြီး၊  အနည်းဆုံးအော်ဒါ (Minimum Order Quantity – MOQ) ကို ဂျပ်တစ်ပုံးမှာပါတဲ့ အရေအတွက်အတိုင်း ရောင်းလေ့၊ မှာလေ့ ရှိတာမို့ Dispatch လုပ်ခင် ဖွင့်၊ ဖောက်၊ စစ် ပြီး ပြန်ပိတ်ရုံပါပဲ။

ဒါပေမယ့် ပို့ရမယ် ပစ္စည်းက တစ်ခုချင်း (သို့မဟုတ်) အပြေ (Loose)တွေကို ပို့ရတော့မယ်ဆိုရင်တော့၊ ပစ္စည်းရဲ့ ဆိုဒ်၊ အလေးချိန်၊ ကျိုးပဲ့ကွဲလွယ်နိုင်မှု၊ ပစ္စည်းတန်ဖိုး စသည်တို့အပေါ်မူတည်ပြီး ၊ ပို့တဲ့လမ်းမှာ ပျက်စီး ဆုံးရှံးမှု မရှိအောင် သင့်တော်တဲ့ ဂျပ်ပုံး၊ ရေမြုတ်ပူဖောင်းပလပ်စတစ်ချပ်များ၊ လေအိပ်များ စသည်တို့ကို စနှစ်တကျ ရွေးချယ်ပြီး ထုပ်ပိုးရပါမယ်။ ထုပ်ပိုးပစ္စည်း အချို့ကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားပေးပါတယ်။

 

Airpouch - လေအိပ်ချပ်

Bubble Bag

Bubble Bag - ရေမြုတ်ပူဖောင်း အိပ်



Bubble Sheet / Rollရေမြုတ်ပူဖောင်းချပ် (အလိပ်လိုက်လာတာများ)


Packing Foam - ရေမြုတ်ချပ်


၄။ Packing လုပ်ခြင်း

Packing လုပ်တဲ့အခါမှာ၊ (အထူးသဖြင့် Loose Item တွေကို Packing လုပ်တဲ့အခါမှာ) အပြင်ဂျပ်ပုံးနဲ့ အထဲကိုထည့်ရမည့် ပစ္စည်းတွေက ကွက်တိမကျပဲ ချောင်နေ၊ ဟာနေပါက ပစ္စည်းပို့ရာ လမ်းကြောင်းတစ်လျှောက် အတွင်းကပစ္စည်းတွေမပျက်စီးစေရန် ဖေါ့၊ ပလပ်စတစ်၊ စက္ကူ၊ ရေမြုတ်၊ လေခေါင်းအုံး စသည်တို့နှင့် ချောင်နေ၊ ဟာနေတဲ့နေရာတွေကို ဖြည့်ပါ။

The crimp of the paper pad (စက္ကူလိပ်၊ စက္ကူလုံး)




လေခေါင်းအုံး
 

၅။ ဂျပ်ပုံးအား တောင်းတင်း လုံခြုံအောင် Packing ပြုလုပ်ခြင်း

ဂျပ်ပုံးကို တိပ်နှင့်ပိတ်တဲ့အခါမှာလည်း ကော်ကပ်အား ကောင်းတဲ့ တိပ်သားကိုသုံးသင့်ပါတယ်၊ တိပ်ပိတ်ရမယ့်နေရာမှာ အရင်ကတိပ်အဟောင်း ရှိပါက ခွါပြီးကပ်ရင် ပိုကပ်အားကောင်းပြီး လမ်းမှာ ပွင့်၊ ပေါက်နိုင်ချေ နည်းပါတယ်။

ပစ္စည်းအမျိုးအစား နှင့် ဂျပ်ပုံးအနေအထား ပေါ်မူတည်ပြီး တိပ်ပိတ်ရုံနှင့် မလုံလောက်ပါက ပလပ်တစ် Wrapping (Stratch Film), သိုင်းကြိုးပြား (Strapping Band), ထောင့်ချုပ် (Vboard) စသည့် သင့်တော်မှန်ကန်တဲ့ Packing ပစ္စည်းကို လိုအပ်သလို သုံးသင့်ပါတယ်။ ဒါမှ ပို့လိုက်တဲ့ ပစ္စည်းတွေဟာ Customer ဆီမရာက်ခင် လမ်းမှာ အပျက်အစီး အပျောက်အရှနည်းပြီး၊ Company အတွက် မလိုအပ်တဲ့ ဆုံးရှုံးမှုကို လျှော့ချပေးနိုင်သလို Customer ရဲ့ ကျေနပ်မှုလည်းရတာပေါ့။

 

Stratch Film


 Strapping Band - သိုင်းကြိုးပြား အဝါ နှင့် အစိမ်း


ကဒ်ထူထောင့်ချုပ် (Vboard)


၆။ ပို့ဆောင်ရန် အညွှန်းနှင့် လိပ်စာ တပ် / ရေးခြင်း (Shipping Label And Adddress)

Packing ပြီးသွားရင် - Packing ပုံးတွေရဲ့အပြင်မှာ ပို့ဆောင်ရန် အညွှန်းနှင့် လိပ်စာ (Shipping label and Address) ကို တပ် / ကပ် / ရေးပေးဖို့ လိုပါတယ်။ Shipping Label မှာ အောက်ပါအချက် (၃) ချက် အဓိက မပါမဖြစ် ပါရပါတယ်၊

·       ပေးပို့သည့် သူ  / Company ၏ လိပ်စာ

·       လက်ခံမည့်သူ (Customer အမည်) နှင့် လိပ်စာ

·       အမှာစာ အမှတ် Sales Order Number (PO – Purchase Order Number)

အခြားအချက်အလက်များ အနေနှင့် ပေးပို့သူ Company ၏ လိုအပ်ချက်အရ ကိုးကားရန် (SKU number, weight , barcode, Item code, location code) စသည်တို့ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

ပို့မယ့်ပစ္စည်းက ကွဲစရာ (သို့မဟုတ်) ဂရုတစိုက်ကိုင်တွယ်ရမယ့်ပစ္စည်း အမျိုးအစားဆိုရင် သက်ဆိုင်တဲ့ သင်္ကေတကို ဂျပ်ပုံးပေါ်မှာ အမှတ်အသားပြုတာ၊  စတစ်ကာ ကပ်တာမျိုးလည်း လုပ်သင့်ပါတယ်။

Shipping Label

Shipping Label - Spare Care

၇။ စာရွက်စာတမ်းများ ကို Packing နှင့် အတူတွဲထားခြင်း၊

သက်ဆိုင်သည့်စာရွက်စာတမ်းများ ဖြစ်သည့် DO (Delivery Order)Packing Slip (ထုပ်ပိုးမှု ပုံစံနှင့် စာရင်း)၊ Invoice (ဘောင်ချာ) စသည်တို့ကို သက်ဆိုင်ရာ Packing များနှင့်အတူတွဲထားပေးပါ။

 

၈။ Delivery Team ဆီသို့မလွှဲခင် နောက်ဆုံး စစ်ဆေးခြင်း

နောက်ဆုံးစစ်ဆေးခြင်း အနေနှင့် Packing ဂျပ်ပုံး တွေကို သေချာ ပိတ်/ထုတ်ထားရဲ့လား၊ လေဘယ်တွေ၊ စာရွက်စာတမ်းတွေ မှန်ရဲ့လား စသည်ဖြင့် စစ်ဆေးပါ၊ ပြီးနောက် ထုပ်ပိုးထားတဲ့ ပစ္စည်းများကို Dispatch Area ကို ရွှေ့လို့ရပါပြီ။ Picking အားလုံးပြီးနေပြီဖြစ်လို့ တစ်ခုခုလွဲသွားတာနဲ့ အလုံးအရင်းနဲ့ လွဲသွားမှာ ဖြစ်လို့ နောက်ဆုံးစစ်ဆေးခြင်း (Final Checking) ဟာ မဖြစ်မနေ လုပ်သင့်တဲ့ အရာတခုပါ။

 

၉။ Packing များကို ရွေးထုတ်ပြီးလမ်းကြောင်းဆွဲခြင်း

Dispatch လုပ်ရမယ့် ပစ္စည်းတွေကို ပို့ပေးရမယ့် နေရာ၊ မြို့၊ ဦးစားပေးအဆင့်ပေါ်မူတည်ပြီး ပစ္စည်းများကို ရွေးထုတ်၊ လမ်းကြောင်းဆွဲပါ။ ရွေးထုတ်၊ လမ်းကြောင်းဆွဲထားတဲ့ပစ္စည်းတွေကို ပစ္စည်းပို့ရမယ့်အချိန်ဇယား (Schedule) နှင့်ကိုက်ပြီး Delivery ကားပေါ် အလွယ်တကူတင်နိုင်မယ့်နေရာ (Dispatch Area) မှာ ထားပါ။

 

၁၀။ Dispatch

Dispatch လုပ်ငန်းစဉ်ဟာ Packing and Dispatch လုပ်ငန်းစဉ်၏ နောက်ဆုံးဖြစ်ပါတယ်။

Dispatch Area မှာထား ထားတဲ့ ပစ္စည်းများကို သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ Delivery Team သို့မဟုတ် ပစ္စည်းပို့မယ့်အဖွဲ့ကို လုပ်ငန်းစဉ် (၉)မှာ ဆွဲထားတဲ့ လမ်းကြောင်း၊ အချိန်ဇယားအတိုင်း ထုတ် ပေးပါ။

Delivery အဖွဲ့ကိုလွှဲ‌ပေးတဲ့ အခါမှာ အရေးအကြီးဆုံးကတော့ Warehouse ထဲမှထုတ်ပေးပြီးကြောင်း၊ GIN (Good Issue Notes) မှာ Delivery Team က လက်ခံရရှိကြောင်း လက်မှတ်ယူထားပြီး ထုတ်ပေးတဲ့အချိန်ပါမှတ်သားပြီးပါက Picking and Dispatch လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။

 

Warehouse dispatch SO to Delivery Van

နောက်အခန်းမှာတော့  Delivery အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...