Monday, October 9, 2023
ပဲလက် မှိုတက် (Mold On The Pallet)
ပဲလက် မှိုတက်
[ZawGyi version Below]
ကျနော်တို့ Warehouse ဝိုင်းတော်သားတွေ ခေါင်းခဲရတာတွေထဲမှာ - မိုးအေး၊ စိုထိုင်းတဲ့ ရာသီမှာ သစ်သား ပဲလက်တွေ၊ စင် ပေါ်မှာခင်းထားတာ သစ်သား / အထပ်သားပြားတွေ မှိုတက်တာ တစ်ခု အပါအဝင် ပါပဲ။
သိပ်သတိမထားမိတဲ့ မှိုတက်ရတဲ့အကြောင်းအရင်းတစ်ခု
ကဒ်ထူ ဂျပ်ပုံးတွေဟာ ရေငွေ့ စုပ်ယူတဲ့အားကောင်းပါတယ်၊ စိုထိုင်းဆများတဲ့ ဂျပ်ပုံးတွေကို ပဲလက်ပေါ်, သစ်သားပြားပေါ် တင်ထားတဲ့အခါ, အဲဒီ အစိုဓါတ်ကြောင့် ပဲလက်၊ သစ်သားပြား တွေဟာ မှိုတက် တတ်ပါတယ်။
သစ်သားပေါ်က မှိုတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲ
နည်း ၁။ ရှာလကာရည်နှင့် ဖြန်းလို့ရပါတယ်။ ရှာလကာရည် (Vinegar) ဟာ မှိုတက်မှု မျိုးစုံ ကိုသတ်နိုင်ပါတယ်။ စျေးသက်သာပြီး ထိရောက်သော နည်းတစ်ခုပါ။
နည်း ၂။ အစွန်းချွတ်ဆေးရည် နှင့် ဖြန်းရင်လည်းရပါတယ်။ မှိုတက်နေတဲ့ နေရာတွေကို အပေါ်က ဆေးတစ်မျိုးမျိုးနှင့် ဖြန်းပြီး, ဘရပ်ရှ် နဲ့ သေချာတိုက်ချွန်ပြီး အခြောက်ခံပြီး ဖယ်ရှားလို့ရပါတယ်။
ဘယ်လိုကာကွယ် ကြမလဲ၊
မှိုမတက်အောင်ကာကွယ်ခြင်းဖြင့် ကိုယ့်ရဲ့ Warehouse ဟာ သန့်ရှင်း, မှိုနံ့ကင်းပြီး ၊ အလုပ်ခွင်မှာလည်း ကျန်းမာရေးနှင့် ညီညွတ်တာပေါ့။
  • မှိုမတက်အောင်၊ မှိုတက်နည်းအောင် အောက်ပါနည်းတွေ က အထောက်အကူ ဖြစ်မှာပါ။
  • ဖြစ်နိုင်ရင် အစိုဓာတ် (moisture) 20% အောက်ဖြင့် ခြောက်အောင်ထားပါ။
  • ဂိုဒေါင် /  Warehouse အတွင်း လေ၀င်လေထွက်ကောင်းအောင် စီစဉ်ထားပါ။
  • အလုံပိတ်သိုလှောင်သည့်နေရာများတွင် Pallet များကို မသိမ်းဆည်းပါနှင့် (ကျဉ်းမြောင်း၊ အလုံပိတ်နေရာများဟာ မှိုတက်စေသည့် စိုထိုင်းဆများလို့ပါ)။
  • မှိုပေါက်နိုင်တဲ့ ပစ္စည်း (ဥပမာ ရေစို ဂျပ်ပုံး, ဆွေးမြေ့ ပဲလက်) စသည်တို့ကို အဓိက ပစ္စည်း ထားမည့် နေရာ အနီး မှ အရင်းအမြစ်များကို ဖယ်ရှားပါ။
  • လေအေးပေးစက်အပေါက်များကို စစ်ဆေးပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
  • ပုံမှန် / ကြာရှည် သုံးမည့် ပဲလက်များ, သစ်သား၊ အထပ်သားပြားများကို သန့်ရှင်း, သင်္ဘောဆေး သုတ်ပြီးလိုက်ကာ (Lacquer) မှုတ်ထားခြင်းအားဖြင့် မှိုလွယ်လွယ် မတက်နိုင်ပဲ၊ ကြာရှည် အသုံးခံပါတယ်။
ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား။
God Bless You 🙏
Zarni Oo (Progistics)
https://progistics.blogspot.com/
ဆက်စပ် ဆောင်းပါး၊ Blog များ
  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
ပဲလက် မှိုတက်
ကဒ်ထူ ဂျပ်ပုံးတွေဟာ ရေငွေ့ စုပ်ယူတဲ့အားကောင်းပါတယ်၊ စိုထိုင်းဆများတဲ့ ဂျပ်ပုံးတွေကို ပဲလက်ပေါ်, သစ်သားပြားပေါ် တင်ထားတဲ့အခါ, မှိုတက်တက် တတ်ပါတယ်.
သစ်သားမှိုတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲ။
ဘယ်လိုကာကွယ် ကြမလဲ၊
God Bless You 🙏
Zarni Oo (Progistics)
  5. စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure
  6. ပဲလက် ပေါ် ဂျပ်ပုံး ခွေခြင်း,  Carton Stacking Method on Pallet
  7. Brief of Logistics (Logistics အကြောင်း လို၊ တို၊ ရှင်း)
  8. Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေထုတ်ပေး နေရရင် Stock စစ်တဲ့အခါ လွယ်/ကိုက်အောင် ဘယ်လိုလုပ်မလဲ?
  9. Part (2) Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေလည်း ထုတ်မယ်၊ Stock စစ်ရင်လည်း ကိုက်အောင် လုပ်ကြမယ်။ 
  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...