Saturday, March 26, 2022

Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ ( The differences , Advantage and Disadvantage of Cycle Count and Annual Stock Count)

Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
The differences , Advantage and Disadvantage of Cycle Count and Annual Stock Count

 Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

ပထမဦးစွာ Warehouse ထဲရှိ ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ်မှာ သုံးလေ့ရှိတဲ့ ဝေါဟာရ (၂)မျိုး ဖြစ်တဲ့ Cycle Count နှင့် Annual Stock Count အကြောင်းကို ဆွေးနွေးပါ့မယ်။

    ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး ဆွေးနွေးပါမယ်။

Inventory Count, inventory management


Cycle Count  ဆိုက်ကယ်ကောင့်

    Cycle Count  ဆိုတာ .. ဥပမာ၊ Warehouse ထဲမှာ ပစ္စည်း အမျိုး(၁၀၀) ရှိရှင် တစ်ကြိမ် ကို (၂၅) မျိုး လောက်ကို ရွေးချယ်ပြီး အလှည့်ကျ ကောက် / စစ် သည့် စနစ် ဖြစ်ပါတယ်။ Cycle Count (၄)ကြိမ်ဆိုရင် ပစ္စည်းအမျိုး (၁၀၀) လုံး စစ်ပြီးသား ဖြစ်သွားမှာပါ။)

တစ်ခါတစ်လေ ပစ္စည်းအမျိုးအမည် ကို အလှည့်ကျ မရွေးပဲ Random - ကျပန်းရွေးလိုက်ပြီး (Surprise Check) ကောက်/စစ် တာတွေလည်း ရှိပါတယ်။

Cycle Count ရဲ့အားသာချက်များ

  • စာရင်းကွာနေသည်ကို မြန်မြန်သိရသည့်အတွက် ဝင်/ထွက် စာရင်း မှားနေခြင်း ကို စီစစ် / ပြင်ဆင်ရာတွင် အထောက်အကူဖြစ်ခြင်း
  • နေ့စဉ် လည်ပတ်နေသော အရောင်းဌာန / ကုန်ထုတ် ဌာန လုပ်ငန်းစဉ်များကို မထိခိုက်ခြင်း
  • လူအင်အား နှင့် အချိန် များစွာ အသုံးပြုစရာ မလိုအပ်ခြင်း

Cycle Count ရဲ့အားနည်းချက်များ

  • ပစ္စည်း တစ်မျိုးတည်းကို နှစ်ကြိမ် ကောက်မိခြင်း 
    • (ဥပမာ (ပ အကြိမ်) Cycle Count တွင် Wholesales Stock , လက္ကားစာရင်း အဖြစ် ကောက်ထားသော ပစ္စည်းကို - Location ပြောင်း / ရွှေ့လိုက်သောကြောင့် (ဒု အကြိမ်) Cycle Count တွင် Retail Stock - အဖြစ် နောက်တစ်ကြိမ်ကောက်မိရန် ဖြစ်နိုင်ခြေ ရှိခြင်း
  • ပစ္စည်း ဝင်/ထွက် ဆက်တိုက်ရှိနေသဖြင့် ပို/လို အရေအတွက်ကို အတည်ပြုရန် မသေချာခြင်း

Annual Stock count  

Annual Stock count  - အန်နြူရယ် စတော့ ကောင့် (or)

Periodic Stock count  - ပီရီယောဒစ် စတော့ ကောင့် (or)

Wall to Wall Stock Count  - ဝေါ တူ ဝေါ စတော့ ကောင့်

Physical Inventory Count - ဖီစစ်ကယ် အင်ဗန်ထရီ ကောင့်

ဘယ်လိုပဲ ခေါ်ခေါ် လုပ်ငန်းစဉ်က အတူတူပါပဲ။

Warehouse ထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို တကြိမ်တည်း စာရင်းကောက်ယူခြင်းပါ။ Company အများစုက နှစ်ကုန် (သို့) ဘဏ္ဍာရေး ဌာန (Finance) ရဲ့ တစ်နှစ်စာ စာရင်းချုပ်တဲ့ လမှာ ကောက်ယူလေ့ရှိပါတယ်။

Annual Stock count ရဲ့ အားသာချက်များ

  • ပစ္စည်း ပို/လို အရေအတွက်ကို ရာနုန်းပြည့် နီးပါး ဖေါ်ထုတ် နိုင်ခြင်း
  • ပစ္စည်း ပို/လို စာရင်းသည် ဘဏ္ဍာရေး ဌာန၏ တစ်နှစ်တာ ရှံး/မြတ် တွက်ချက်ရာတွင် အထောက်အကူပြုခြင်း

Annual Stock Count ရဲ့အားနည်းချက်များ 

  • နေ့စဉ် ဝင်/ထွက် (Movement) ရှိသော ပစ္စည်းများ ကို ခေတ္တ ဝင်/ထွက် ရပ်နားထားရန် လိုအပ်ခြင်း
  • လုံလောက်သော လူအင်အား နှင့် အချိန် အသုံးပြုရန် လိုအပ်ခြင်း။

    Stock Count (၂) မျိုး အကြောင်း ပြောနေရင်း စာ ရှည်သွားပြီဖြစ်လို့ Stock Count လုပ်ငန်းစဉ် ကို အသေးစိတ် ထပ်မံ မျှဝေပါမယ်။ 

စကားချပ်။ ။ ထပ်ပြောပါရစေ၊ Stock-count လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားတာပါ။

    ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီတော့ မကူးပါနှင့်လား 


[ZawGyi]

Cycle Count Vs. Annual Stock Count ကြဲျပားခ်က္ ႏွင့္ အားနည္းခ်က္၊ အားသာခ်က္မ်ား
The differences , Advantage and Disadvantage of Cycle Count and Annual Stock Count

ပထမဦးစြာ Warehouse ထဲရွိ ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္မွာ သုံးေလ့ရွိတဲ့ ေဝါဟာရ (၂)မ်ိဳး ျဖစ္တဲ့ Cycle Count ႏွင့္ Annual Stock Count အေၾကာင္းကို ေဆြးေႏြးပါ့မယ္။

    ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး ေဆြးေႏြးပါမယ္။

stock count, inventory count, inventory management


Cycle Count  ဆိုက္ကယ္ေကာင့္

    Cycle Count  ဆိုတာ .. ဥပမာ၊ Warehouse ထဲမွာ ပစၥည္း အမ်ိဳး(၁၀၀) ရွိရွင္ တစ္ႀကိမ္ ကို (၂၅) မ်ိဳး ေလာက္ကို ေ႐ြးခ်ယ္ၿပီး အလွည့္က် ေကာက္ / စစ္ သည့္ စနစ္ ျဖစ္ပါတယ္။ Cycle Count (၄)ႀကိမ္ဆိုရင္ ပစၥည္းအမ်ိဳး (၁၀၀) လုံး စစ္ၿပီးသား ျဖစ္သြားမွာပါ။)

တစ္ခါတစ္ေလ ပစၥည္းအမ်ိဳးအမည္ ကို အလွည့္က် မေ႐ြးပဲ Random - က်ပန္းေ႐ြးလိုက္ၿပီး (Surprise Check) ေကာက္/စစ္ တာေတြလည္း ရွိပါတယ္။


Cycle Count ရဲ႕အားသာခ်က္မ်ား

  • စာရင္းကြာေနသည္ကို ျမန္ျမန္သိရသည့္အတြက္ ဝင္/ထြက္ စာရင္း မွားေနျခင္း ကို စီစစ္ / ျပင္ဆင္ရာတြင္ အေထာက္အကူျဖစ္ျခင္း
  • ေန႔စဥ္ လည္ပတ္ေနေသာ အေရာင္းဌာန / ကုန္ထုတ္ ဌာန လုပ္ငန္းစဥ္မ်ားကို မထိခိုက္ျခင္း
  • လူအင္အား ႏွင့္ အခ်ိန္ မ်ားစြာ အသုံးျပဳစရာ မလိုအပ္ျခင္း

Cycle Count ရဲ႕အားနည္းခ်က္မ်ား

  • ပစၥည္း တစ္မ်ိဳးတည္းကို ႏွစ္ႀကိမ္ ေကာက္မိျခင္း 
    • (ဥပမာ (ပ အႀကိမ္) Cycle Count တြင္ Wholesales Stock , လကၠားစာရင္း အျဖစ္ ေကာက္ထားေသာ ပစၥည္းကို - Location ေျပာင္း / ေ႐ႊ႕လိုက္ေသာေၾကာင့္ (ဒု အႀကိမ္) Cycle Count တြင္ Retail Stock - အျဖစ္ ေနာက္တစ္ႀကိမ္ေကာက္မိရန္ ျဖစ္ႏိုင္ေျခ ရွိျခင္း
  • ပစၥည္း ဝင္/ထြက္ ဆက္တိုက္ရွိေနသျဖင့္ ပို/လို အေရအတြက္ကို အတည္ျပဳရန္ မေသခ်ာျခင္း

Annual Stock count  

Annual Stock count  - အန္ျႏူရယ္ စေတာ့ ေကာင့္ (or)

Periodic Stock count  - ပီရီေယာဒစ္ စေတာ့ ေကာင့္ (or)

Wall to Wall Stock Count  - ေဝါ တူ ေဝါ စေတာ့ ေကာင့္

Physical Inventory Count - ဖီစစ္ကယ္ အင္ဗန္ထရီ ေကာင့္

ဘယ္လိုပဲ ေခၚေခၚ လုပ္ငန္းစဥ္က အတူတူပါပဲ။

Warehouse ထဲမွာရွိတဲ့ ပစၥည္းအားလုံးကို တႀကိမ္တည္း စာရင္းေကာက္ယူျခင္းပါ။ Company အမ်ားစုက ႏွစ္ကုန္ (သို႔) ဘ႑ာေရး ဌာန (Finance) ရဲ႕ တစ္ႏွစ္စာ စာရင္းခ်ဳပ္တဲ့ လမွာ ေကာက္ယူေလ့ရွိပါတယ္။

Annual Stock count ရဲ႕ အားသာခ်က္မ်ား

  • ပစၥည္း ပို/လို အေရအတြက္ကို ရာႏုန္းျပည့္ နီးပါး ေဖၚထုတ္ ႏိုင္ျခင္း
  • ပစၥည္း ပို/လို စာရင္းသည္ ဘ႑ာေရး ဌာန၏ တစ္ႏွစ္တာ ရွံး/ျမတ္ တြက္ခ်က္ရာတြင္ အေထာက္အကူျပဳျခင္း

Annual Stock Count ရဲ႕အားနည္းခ်က္မ်ား 

  • ေန႔စဥ္ ဝင္/ထြက္ (Movement) ရွိေသာ ပစၥည္းမ်ား ကို ေခတၱ ဝင္/ထြက္ ရပ္နားထားရန္ လိုအပ္ျခင္း
  • လုံေလာက္ေသာ လူအင္အား ႏွင့္ အခ်ိန္ အသုံးျပဳရန္ လိုအပ္ျခင္း။

    Stock Count (၂) မ်ိဳး အေၾကာင္း ေျပာေနရင္း စာ ရွည္သြားၿပီျဖစ္လို႔ Stock Count လုပ္ငန္းစဥ္ ကို အေသးစိတ္ ထပ္မံ မွ်ေဝပါမယ္။ 

စကားခ်ပ္။ ။ ထပ္ေျပာပါရေစ၊ Stock-count လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားတာပါ။

    က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီေတာ့ မကူးပါႏွင့္လား 

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား

  1. စကားမေျပာေသာ အမွန္တရားမ်ားႏွင့္ ကခုန္ျခင္း - အပိုင္း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အေၾကာင္း)
  3.  Warehousing ဆိုင္ရာ အေျခခံ ေဝါဟာရ၊ အသုံးအႏႈန္းမ်ား (Basic Warehousing Terms )



Saturday, March 19, 2022

Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms)

Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms)

 Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

        Warehousing Terms (Terminology) တွေ မြောက်များစွာရှိ တဲ့ အထဲ ကနေ Basic Warehousing Terms; အခြေခံကျပြီး နေ့စဉ် လုပ်ငန်းစဉ်မှာ အသုံးများတဲ့ ဝေါဟာရ၊ အသုံးအနှုန်းများကို မျှဝေ (Share) ရင်းနှင့် အဲဒီ အသုံးအနှုန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများထဲမှ မိမိ Warehouse ထဲမှာ ပစ္စည်း စပြီး ရောက်တဲ့ အချိန်ကနေ Delivery Team ကို ပစ္စည်းထုတ်ပေးသည်အထိ အပိုင်းလိုက် မျှဝေသွားပါမယ်။

Warehousing, Warehouse

Incoming - ပစ္စည်း အဝင် / ရောက်ရှိ ခြင်း ဆိုင်သော အသုံးအနှုန်းများ

  1. ETA – Estimate Arrival Time (ပစ္စည်း ရောက်မည့်အချိန် - (ခန့်မှန်း))
  2. ATA – Actual Time of Arrival (အမှန် တကယ် ဆိုက်ရောက်ချိန်)
  3. Packing List - ထုပ်ပိုးမှုပုံစံ နှင့် အရေအတွက် ပါသော စာရင်း
  4. Unloading - ပစ္စည်းချခြင်း - (Container / Truck ပေါ်မှ)
  5. Loading Bay  / Loading Dock - Container / Truck တွေ ပစ္စည်း တင်/ချဖို့ ပါ့ကင်ထိုး ရမယ့်နေရာ
  6. Receiving - ပစ္စည်း ရေတွက် လက်ခံခြင်း 
  7. Receiving Area - ချထားသော /မည့် ပစ္စည်းများ ခေတ္တ ထားရှိသည့် နေရာ
  8. QC – Quality Check - အရည်အသွေး / အပျက်အစီး စစ်ဆေးခြင်း - စစ်ဆေးသူ
  9. Goods - ကုန်ပစ္စည်း (Good မှာ “s” ပါ ပါတယ်)
  10. GRN – Goods Received Note (ပစ္စည်း လက်ခံ ရရှိကြောင်း ပြေစာ)
  11. Inbound – (အပေါ်က လုပ်ငန်းစဉ်တွေ အားလုံးကို - Inbound Process လို့ခေါ်ပါတယ်)

    Incoming လုပ်ငန်းစဉ်မှာတော့ Warehouse မှ တာဝန်ရှိသူတွေဟာ ETA သိရပြီ ဆိုတာနှင့် Unloading and Receiving လုပ်ဖို့ အောက်ပါ အချက် / လုပ်ငန်းစဉ်တွေ စီစဉ်၊ ပြည့်စုံရပါမယ်၊

  • Unloading လုပ်ဖို့ လူအင်အား၊ ဆက်စပ်ပစ္စည်း ကရိယာ၊ ယာဉ် (စသည်)
  • Receiving လုပ်ဖို့ နေရာ (နေရာလွတ် မရှိသေးရင် Receiving Area ကိုရှင်းရန် လို)  
  • Packing List - ရေတွက် လက်ခံရန်အတွက် ထုပ်ပိုးမှုပုံစံ နှင့် အရေအတွက် ပါသောစာရင်း
  • QC - စစ်ဆေးမည့်သူ နှင့် QC တိုက်စစ် ရမည့် နမူနာ (စံ) ပစ္စည်း (သို့) ညွှန်ကြားချက် (Guide Line)

Storage (ပစ္စည်း သိုလှောင်ခြင်း နှင့် ထိမ်းသိမ်းခြင်း ဆိုင်သော အသုံးအနှုန်း များ)

  1. Putaway – (Receiving Area က ပစ္စည်းတွေကို Warehouse ထဲမှာ သူ့နေရာ နှင့် သူ နေရာချတာ ကို Put Away လို့ ခေါ်တာပါ။)
  2. SKU – Stock Keeping Unit – တစ်ချို့နိုင်ငံတွေမှာ SKU ကို စကူ လို့ အသံထွက်ပါတယ် - WH ထဲမှာ ရှိတဲ့ ပစ္စည်းတွေကို သတ်သတ်မှတ်မှတ် နှင့် ကွဲပြားအောင် နာမည် / နံပါတ်တပ် ပေးထား တာ - ဥပမာ (AB1234, 100023) စသည်ဖြင့်…. (တစ်ချို့ ပစ္စည်းတစ်မျိုးထည်းကိုပဲ   SKU (၂ )မျိုး (၃) မျိုးမက ခွဲထားလေ့ရှိပါတယ်
  3. POSM – Point Of Sales Material - ရောင်းအားတက်ရန် အထောက်အကူပြုသည့် ကြော်ညာ၊ ဗီနိုင်း၊ လက်ဆောင်ပစ္စည်း စသည်)
  4. Buffer Stock - နေ့စဉ် /လစဉ် စီးဆင်း သည့် အရေအတွက်ထက် ပိုပြီး သိုလှောင်ထားသော ပစ္စည်း (အကြောင်းကြောင်းကြောင့် ပစ္စည်းပြတ်လတ်မှု မရှိအောင် အရန် သိုလှောင် / ထုတ်လုပ်ထားသော ပစ္စည်း)
  5. Bin Card (Stock Card) - ဘင်းကဒ် (ပစ္စည်း ဝင်/ထွက် မှတ်သား သည့် ကဒ်ထူစာရွက် / စာရင်း)
  6. FIFO – First In First Out - အရင် ရောက်သည့် ပစ္စည်းကို အရင်ထုတ် ပေးသည့် စနစ်
  7. LIFO – Last In First Out - နောက်မှ ရောက်သည့် ပစ္စည်းကို အရင်ထုတ် ပေးသည့် စနစ် (အသုံးနည်း)
  8. Quarantine Area - ကွာရင်တိုင်း ဧရိယာ - Quality မမှီ သည့်ပစ္စည်း / သက်တမ်းလွန် ပစ္စည်း စသည်တို့ကို သီးသန့်ခွဲထား သည့် နေရာ၊
  9. RO – Return Order – Customer မှ အကြောင်းကြောင်းကြောင့်ပြန်ပို့သည့် Order ပစ္စည်းများ
  10. Reverse Logistics – RO ကို မိမိ WH ထဲ ရောက်အောင် စီစဉ်ရ သည့် လုပ်ငန်းစဉ်များ (ပြန်လက်ခံ / သယ်ယူဖို့ စီစဉ် / စာရင်းပြန်သွင်း၊ စသည်).
  11. Cross Docking – (Goods that is received at the warehouse or DC is not put away but prepared for shipment to retail stores) ခရော့စ် ဒေါ့ကင်း - Receiving လုပ်ထားတဲ့ ပစ္စည်းတွေကို Put Away မလုပ်တော့ဘဲ  သက်ဆိုင်ရာ စက်ရုံ / ဆိုင် / Customer  များဆီသို့ တိုက်ရိုက်ပို့ခြင်း) – (ဥပမာ ဆိပ်ကမ်းက ထုတ်လာသော ဘိလတ်မြေအိတ် Truck နှင့် Delivery Truck ကားခြင်းဆိုင် ပြီး ပစ္စည်းပြောင်းတင်ကာ တစ်ခါထည်း ဆောက်လုပ်ရေးပစ္စည်း ဆိုင်ကို ပို့ခြင်း)
  12. Cycle Count – WH ထဲက ပစ္စည်းစာရင်း ကို အလည့်ကျ ကောက်ယူ စစ်ဆေးခြင်း (ဥပမာ - SKU နံပါတ် ၁ မှ ၁၀၀ ကို Jan လကုန်မှာ  ကောက်ယူစစ်ဆေး၍ SKU ၁၀၁ မှ ၂၀၀ ကို Feb လကုန်မှာ ကောက်ယူခြင်း) - စသည်။ 

        Cycle Count နှင့် Wall to Wall Physical Count ဆိုသည့် လုပ်ငန်းစဉ်များ ကို သီးခြား အသေးစိတ် ဆွေးနွေး မျှဝေပါမည်။

Picking, Packing and Dispatching နှင့်ဆိုင်သော အသုံးအနှုန်းများ

  1. SO - Sales Order - အရောင်းအမှာစာ (Sales မှာ “s” ပါပါတယ်)
  2. Pick List – Warehouse ထဲမှ ပစ္စည်းကောက်ရန် စာရင်း (SO နှင့် အရေအတွက်တွေ တူပေမယ့် Pick List မှာဈေးနုန်း မပါဘူး ဒါပေမယ့် ကောက်ရမည့် ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ ပါပါတယ်)
  3. Picking - ပစ္စည်း များကို Pick list ထဲမှာ ပါသည့် အတိုင်း ကောက် ယူခြင်း
  4. Packing  - Picking လုပ်ထားသော ပစ္စည်းများကို ထုတ်ပိုးခြင်း
  5. Packing List - ထုပ်ပိုးထား သော ပစ္စည်း အရေအတွက် / ဂျပ်ပုံး အရေအတွက် စသည်တို့ ကို ပြုစုထားသော စာရင်း 
  6. DO - Delivery Order  ((SO နှင့် ပုံစံတူပေမယ့် ဈေးနုန်း မပါ ၊ Delivery Man - ပစ္စည်းပို့သူကို ပေးလိုက်မည့် စာရင်း)
  7. GDNGoods Delivery Note – DO နှင့် ပုံစံတူ (Systemထဲ ထည့်မည့်စာရင်း ဆို ရင် GDN လို့ခေါ်တာ များပါတယ်)
  8. Dispatch Area – (Packing လုပ်ထားတဲ့ ပစ္စည်းများ ကို Delivery Team သို့ ထုတ် မပေးမှီ စစ်ဆေးရန် ထားသော နေရာ၊
  9. Dispatching - Dispatch Area မှာ စစ်ဆေးပြီးသော ပစ္စည်းများကို Delivery Team သို့ DO / Packing List နှင့် တကွ ထုတ်ပေးခြင်း၊
  10. Loading Bay ( Container / Truck တွေ ပစ္စည်းတင်/ချ ဖို့ ပါ့ကင်ထိုး ရမယ့်နေရာ) - တစ်ချို့ ကြီးတဲ့ WH တွေမှာ Unloading Bay နှင့် Loading Bay ကို သီးသန့် ခွဲထားပါတယ်။

        တစ်ချို့ Warehouse လုပ်ငန်းစဉ်တွေကို ကုမ္ပဏီ တစ်ခု နှင့် တစ်ခု သုံးကြသော အသုံးအနှုန်းများ မတူကြပါ၊ အသုံးများသော အသုံးအနှုန်းများ ကို ခြုံငုံဖော်ပြ၊ မျှဝေခြင်းသာ ဖြစ်ပါသည်။ 

        ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။ 

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီတော့ မကူးပါနှင့်လား 🙂


ဆက်စပ် ဆောင်းပါး၊ Blog များ




[ZawGyi]

Warehousing ဆိုင္ရာ အေျခခံ ေဝါဟာရ၊ အသုံးအႏႈန္းမ်ား (Basic Warehousing Terms)
(စကားမေျပာေသာ အမွန္တရားမ်ားႏွင့္ ကခုန္ျခင္း - အပိုင္း ( ၂ ))
Warehousing Terms (Terminology) ေတြ ေျမာက္မ်ားစြာရွိ တဲ့ အထဲ ကေန Basic Warehousing Terms; အေျခခံ က်ၿပီး ေန႔စဥ္ လုပ္ငန္းစဥ္မွာ အသုံးမ်ားတဲ့ ေဝါဟာရ၊ အသုံးအႏႈန္းမ်ားကို မွ်ေဝ (Share) ရင္းႏွင့္ အဲဒီ အသုံးအႏႈန္းမ်ား ႏွင့္ ဆက္စပ္သည့္ လုပ္ငန္းမ်ား ထဲမွ မိမိ Warehouse ထဲမွာ ပစၥည္း စၿပီး ေရာက္တဲ့ အခ်ိန္ကေန Delivery Team ကို ပစၥည္းထုတ္ေပးသည္အထိ အပိုင္းလိုက္ မွ်ေဝသြားပါမယ္။

warehouse, warehousing


Incoming - ပစၥည္း အဝင္ / ေရာက္ရွိ ျခင္း ဆိုင္ေသာ အသုံးအႏႈန္းမ်ား

  1. ETA – Estimate Arrival Time (ပစၥည္း ေရာက္မည့္ အခ်ိန္ - (ခန႔္မွန္း))
  2. ATA – Actual Time of Arrival (အမွန္ တကယ္ ဆိုက္ေရာက္ခ်ိန္)
  3. Packing List - ထုပ္ပိုးမႈပုံစံ ႏွင့္ အေရအတြက္ ပါေသာ စာရင္း
  4. Unloading - ပစၥည္း ခ်ျခင္း - (Container / Truck ေပၚမွ)
  5. Loading Bay  / Loading Dock - Container / Truck ေတြ ပစၥည္း တင္/ခ်ဖို႔ ပါ့ကင္ထိုး ရမယ့္ေနရာ
  6. Receiving - ပစၥည္း ေရတြက္ လက္ခံျခင္း 
  7. Receiving Area - ခ်ထားေသာ /မည့္ ပစၥည္းမ်ား ေခတၱ ထားရွိသည့္ ေနရာ
  8. QC – Quality Check - အရည္အေသြး / အပ်က္အစီး စစ္ေဆးျခင္း - စစ္ေဆးသူ
  9. Goods - ကုန္ပစၥည္း (Good မွာ “s” ပါ ပါတယ္)
  10. GRN – Goods Received Note (ပစၥည္း လက္ခံ ရရွိေၾကာင္း ေျပစာ)
  11. Inbound – (အေပၚက လုပ္ငန္းစဥ္ေတြ အားလုံးကို - Inbound Process လို႔ေခၚပါတယ္)

    Incoming လုပ္ငန္းစဥ္မွာေတာ့ Warehouse မွ တာဝန္ရွိသူေတြဟာ ETA သိရၿပီ ဆိုတာႏွင့္ Unloading and Receiving လုပ္ဖို႔ ေအာက္ပါ အခ်က္ / လုပ္ငန္းစဥ္ေတြ စီစဥ္၊ ျပည့္စုံရပါမယ္၊

  • Unloading လုပ္ဖို႔ လူအင္အား၊ ဆက္စပ္ပစၥည္း ကရိယာ၊ ယာဥ္ (စသည္)
  • Receiving လုပ္ဖို႔ ေနရာ (ေနရာလြတ္ မရွိေသးရင္ Receiving Area ကိုရွင္း ရန္ လို)  
  • Packing List - ေရတြက္ လက္ခံရန္ အတြက္ ထုပ္ပိုးမႈပုံစံ ႏွင့္ အေရအတြက္ ပါေသာ စာရင္း
  • QC - စစ္ေဆးမည့္သူ ႏွင့္ QC တိုက္စစ္ ရမည့္ နမူနာ (စံ) ပစၥည္း (သို႔) ၫႊန္ၾကားခ်က္ (Guide Line)

Storage (ပစၥည္း သိုေလွာင္ျခင္း ႏွင့္ ထိမ္းသိမ္းျခင္း ဆိုင္ေသာ အသုံးအႏႈန္း မ်ား)
  1. Put Away – (Receiving Area က ပစၥည္းေတြကို Warehouse ထဲမွာ သူ႔ေနရာ ႏွင့္ သူ ေနရာခ်တာ ကို Put Away လို႔ ေခၚတာပါ။)
  2. SKU – Stock Keeping Unit – တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ SKU ကို စကူ လို႔ အသံထြက္ပါတယ္ - WH ထဲမွာ ရွိတဲ့ ပစၥည္းေတြကို သတ္သတ္မွတ္မွတ္ ႏွင့္ ကြဲျပားေအာင္ နာမည္ / နံပါတ္တပ္ ေပးထား တာ - ဥပမာ (AB1234, 100023) စသည္ျဖင့္…. (တစ္ခ်ိဳ႕ ပစၥည္းတစ္မ်ိဳးထည္းကိုပဲ   SKU (၂ )မ်ိဳး (၃) မ်ိဳးမက ခြဲထားေလ့ရွိပါတယ္
  3. POSM – Point Of Sales Material - ေရာင္းအားတက္ရန္ အေထာက္အကူျပဳမည့္ ေၾကာ္ညာ၊ ဗီႏိုင္း၊ လက္ေဆာင္ပစၥည္း စသည္)
  4. Buffer Stock - ေန႔စဥ္ /လစဥ္ စီးဆင္း သည့္ အေရအတြက္ထက္ ပိုၿပီး သိုေလွာင္ထားေသာ ပစၥည္း (အေၾကာင္းေၾကာင္းေၾကာင့္ ပစၥည္းျပတ္လတ္မႈ မရွိေအာင္ အရန္ သိုေလွာင္ / ထုတ္လုပ္ထားေသာ ပစၥည္း)
  5. Bin Card (Stock Card) - ဘင္းကဒ္ (ပစၥည္း ဝင္/ထြက္ မွတ္သား သည့္ ကဒ္ထူစာ႐ြက္ / စာရင္း)
  6. FIFO – First In First Out - အရင္ ေရာက္သည့္ ပစၥည္းကို အရင္ထုတ္ ေပးသည့္ စနစ္
  7. LIFO – Last In First Out - ေနာက္မွ ေရာက္သည့္ ပစၥည္းကို အရင္ထုတ္ ေပးသည့္ စနစ္ (အသုံးနည္း)
  8. Quarantine Area - ကြာရင္တိုင္း ဧရိယာ - Quality မမွီ သည့္ပစၥည္း / သက္တမ္းလြန္ ပစၥည္း စသည္တို႔ကို သီးသန႔္ခြဲထား သည့္ ေနရာ၊
  9. RO – Return Order – Customer မွ အေၾကာင္းေၾကာင္းေၾကာင့္ျပန္ပို႔သည့္ Order ပစၥည္းမ်ား
  10. Reverse Logistics – RO ကို မိမိ WH ထဲ ေရာက္ေအာင္ စီစဥ္ရ သည့္ လုပ္ငန္းစဥ္မ်ား (ျပန္လက္ခံ / သယ္ယူဖို႔ စီစဥ္ / စာရင္းျပန္သြင္း၊ စသည္).
  11. Cross Docking – (Goods that is received at the warehouse or DC is not put away but prepared for shipment to retail stores) ခေရာ့စ္ ေဒါ့ကင္း - Receiving လုပ္ထားတဲ့ ပစၥည္းေတြကို Put Away မလုပ္ေတာ့ဘဲ  သက္ဆိုင္ရာ စက္႐ုံ / ဆိုင္ / Customer  မ်ားဆီသို႔ တိုက္႐ိုက္ပို႔ျခင္း) – (ဥပမာ ဆိပ္ကမ္းက ထုတ္လာေသာ ဘိလတ္ေျမအိတ္ Truck ႏွင့္ Delivery Truck ကားျခင္းဆိုင္ ၿပီး ပစၥည္းေျပာင္းတင္ကာ တစ္ခါထည္း ေဆာက္လုပ္ေရးပစၥည္း ဆိုင္ကို ပို႔ျခင္း)
  12. Cycle Count – WH ထဲက ပစၥည္းစာရင္း ကို အလည့္က် ေကာက္ယူ စစ္ေဆးျခင္း (ဥပမာ - SKU နံပါတ္ ၁ မွ ၁၀၀ ကို Jan လကုန္မွာ  ေကာက္ယူ စစ္ေဆး ၍ SKU ၁၀၁ မွ ၂၀၀ ကို Feb လကုန္မွာ ေကာက္ယူျခင္း) - စသည္။ 

Cycle Count ႏွင့္ Wall to Wall Physical Count ဆိုသည့္ လုပ္ငန္းစဥ္မ်ား ကို သီးျခား အေသးစိတ္ ေဆြးေႏြး မွ်ေဝပါမည္။

Picking, Packing and Dispatching ႏွင့္ဆိုင္ေသာ အသုံးအႏႈန္းမ်ား
  1. SO - Sales Order - အေရာင္းအမွာစာ (Sales မွာ “s” ပါပါတယ္)
  2. Pick List – Warehouse ထဲမွ ပစၥည္းေကာက္ရန္ စာရင္း (SO ႏွင့္ အေရအတြက္ ေတြ တူေပမယ့္ ေဈးႏုန္း မပါဘူး ဒါေပမယ့္ ေကာက္ရမည့္ ပစၥည္းရဲ႕ အေသးစိတ္အခ်က္အလက္ေတြ ပါတယ္)
  3. Picking - ပစၥည္း မ်ားကို Pick list ထဲမွာ ပါသည့္ အတိုင္း ေကာက္ ယူျခင္း
  4. Packing  - Picking လုပ္ထားေသာ ပစၥည္းမ်ားကို ထုတ္ပိုးျခင္း
  5. Packing List - ထုပ္ပိုးထား ေသာ ပစၥည္း အေရအတြက္ / ဂ်ပ္ပုံး အေရအတြက္ စသည္တို႔ ကို ျပဳစုထား ေသာ စာရင္း 
  6. DO - Delivery Order  ((SO ႏွင့္ ပုံစံတူေပမယ့္ ေဈးႏုန္း မပါ ၊ Delivery Man - ပစၥည္းပို႔သူ ကို ေပးလိုက္မည့္ စာရင္း)
  7. GDN – Good Delivery Note – DO ႏွင့္ ပုံစံတူ (Systemထဲ ထည့္မည့္ စာရင္း ဆို ရင္ GDN လို႔ေခၚတာ မ်ားပါတယ္)
  8. Dispatch Area – (Packing လုပ္ထားတဲ့ ပစၥည္းမ်ား ကို Delivery Team သို႔ ထုတ္ မေပးမွီ စစ္ေဆးရန္ ထားေသာ ေနရာ၊
  9. Dispatching - Dispatch Area မွာ စစ္ေဆးၿပီးေသာ ပစၥည္းမ်ားကို Delivery Team သို႔ DO / Packing List ႏွင့္ တကြ ထုတ္ေပးျခင္း
  10. Loading Bay ( Container / Truck ေတြ ပစၥည္း တင္ဖို႔ ပါ့ကင္ထိုး ရမယ့္ေနရာ) - တစ္ခ်ိဳ႕ ႀကီးတဲ့ WH ေတြမွာ Unloading Bay ႏွင့္ Loading Bay ကို သီးသန႔္ ခြဲထားပါတယ္။

တစ္ခ်ိဳ႕ Warehouse လုပ္ငန္းစဥ္ေတြကုမၸဏီ တစ္ခု ႏွင့္ တစ္ခု သုံးၾကေသာ အသုံးအႏႈန္းမ်ား မတူၾကပါ၊ အသုံးမ်ားေသာ အသုံးအႏႈန္းမ်ား ကို ၿခဳံငုံေဖာ္ျပ၊ မွ်ေဝျခင္းသာ ျဖစ္ပါသည္။ 

က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။ 

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီေတာ့ မကူးပါႏွင့္လား 🙂

God Bless You 🙏




ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား

Thursday, March 17, 2022

About Me, "Progistics Blogs ရေးသားသူ၏ အကြောင်း"

Hi, I am Zarni Oo, the author of Progistics Blogs.

I have over 15 years of experience in warehousing, logistics, and supply chain, working with both domestic and multinational companies. Currently, I am employed as logistics personnel at a multinational company.

In addition to my professional role, I teach a supply chain course at a business school, work as a freelance consultant for warehousing and logistics processes, and speak about Supply Chain at various conferences, seminars, forums, and townhall meetings. 

I also write about Supply Chain on my social media page, Progistics on Facebook.


Contact:

    +95 9259033070

📧     progistics@office365.best

📧     zarni.daniel@gmail.com


Teaching at a business School


Speaking at Company Townhall

https://www.facebook.com/search/posts?q=%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%B7&filters=eyJycF9hdXRob3I6MCI6IntcIm5hbWVcIjpcImF1dGhvcl9tZVwiLFwiYXJnc1wiOlwiXCJ9In0%3D


Group presentation at Confrence of Senior Leadership Team


As speaker at Seminar.


မင်္ဂလာပါ ကျနော်က Progistics Blogs ရေးသားသူ ဇာနည်ဦး ပါ။

နိုင်ငံတကာကုမ္ပဏီများ၌ Warehousing, Logistics နှင့် Supply Chain နယ်ပယ်တွင် ပြည်တွင်းရော ပြည်ပမှာပါ ၁၅ နှစ်ကျော် အတွေ့အကြုံရှိပြီး၊ လက်ရှိမှာလည်း နိုင်ငံတကာ ကုမ္ပဏီ တစ်ခုတွင် Importation နှင့် Logistics ကို တာဝန်ယူ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။

ထို့အပြင်

  • Business School တစ်ခုမှာ Supply Chain ဘာသာရပ်များ သင်ကြားပေးခြင်း၊
  • Warehouse and Logistics လုပ်ငန်းစဉ်များအတွက် အလွတ်တန်း အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပေးခြင်း
  • နှီးနှောဖလှယ်ပွဲ၊ ဖိုရမ်နှင့် ကုမ္ပဏီ Town Hall အစည်းအဝေး တို့တွင် Supply Chain အကြောင်း ဟောပြောဆွေးနွေးခြင်း တို့ကို လည်း လုပ်ဆောင်လျှက်ရှိပါသည်။

လူမှုကွန်ယက် Facebook တွင်လည်း Progistics နာမည်ဖြင့် Supply Chain အကြောင်း Page တစ်ခု ရေးသားနေပါတယ်။

Contact:

☎     +95 9259033070

📧     progistics@office365.best

📧     zarni.daniel@gmail.com

Monday, March 14, 2022

BL အမျိုးအစားများ၊ (Different Types of BL, Bill of Landing)

BL (Bill of Lading) များ အကြောင်း 

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

ကျနော် BL ဆိုတာနဲ့ စပြီး ရင်းနှီးကာစက Bill of Landing လို့ ဖတ်မိပါတယ်၊ အမှန်က Bill of Lading ပါ၊ "n" မပါပါ။  BOL လို့လည်း ခေါ်ကြပါတယ်။

BL, different types of BL

BL / BOL အမျိုးအစားများကို အောက်ပါအတိုင်း ဖော်ပြမျှဝေချင်ပါတယ်၊

(1) Verify Copy BL

Shipper ကနေ Shipping Line ကို Shipping Instruction ပေးပြီးတာနှင့် Shipping Line က BL ကို အကြမ်းထုတ်ပြီး Shipper (သို့မဟုတ်) Shipper ရဲ့ Agent (Forwarder) ဆီကို မှန် / မမှန် စစ်ဖို့ ပြန်ပို့ပေးတဲ့ BL ကို Verify Copy လို့ခေါ်ကြတာပါ။ 

အခုခေတ်မှာတော့ အပေါ်က Process တွေကို Shipping Line တော်တော်များများက - သူတို့ Website ထဲဝင်ပြီး Online လုပ်လို့ရအောင် စီစဉ်ထားကြပါတယ်၊

*

(2) Original BL (သို့မဟုတ်) Negotiable BL

Original BL (သို့မဟုတ်) Negotiable BL တွေက တစ်ယောက်ဆီမှ နောက်တစ်ယောက် ဆီသို့ လွှဲပြောင်းပေးနိုင် ပြီး အဲဒီ ပစ္စည်းရဲ့ ပိုင်ရှင် (Consigner (သို့) Consignee) ဆီမှာပဲ Original BL ရှိသင့်တာပါ။ 

Shipping Line က Original Copy (၃) စုံ ထုတ်ပေးလေ့ ရှိပါတယ်။

*

(3) Non-Negotiable BL

Non-Nego BL ဆိုတဲ့ နာမည်အတိုင်းပဲ - ဒီ non-Nego BL ကို ပြပြီး ပစ္စည်းထုတ်တာ / ငွေလွှဲတာ စသဖြင့် ဘာတစ်ခုမှ လုပ်လို့မရပါဘူး၊ အဒီ ပစ္စည်းရဲ့ ခရီးစဉ် အစ မှ အဆုံး သက်ဆိုင်တဲ့ ဌာနတွေ / Agent တွေ အတွက် ကိုးကား စရာ စာရင်းတစ်ခု အဖြစ်ပဲ အသုံးပြုလို့ ရပါတယ်။

*

(4) Telex Release (or) Surrender BL 

Telex Release (သို့) Surrender BL ဆိုပြီး BL မှာ ရိုက်ထားရင် Original BL မလိုပဲ ပစ္စည်းထုတ်လို့ရတဲ့ BL အမျိုးအစားကို ခေါ်တာပါ. 

Shipment က အရင်ထွက်သွားပြီး BL အချိန်မှီ မပို့နိုင် လို့ - သို့မဟုတ် Urgent Shipment တွေမှာ Surrender BL ကို အသုံးပြုလေ့ရှိပါတယ်၊ Shipper က ပစ္စည်း မရောက်သေးပေမယ့် Ownership (ပိုင်ဆိုင်မှုကို) ကိုင်မထားပဲ လွှတ်လိုက်တဲ့ သဘောပါ။

*

(5) Switch BL, 

Switch BL ဆိုတာ Shipment ထွက်သွားတဲ့ အချိန်မှာ Line (သို့) Agent ကနေ အစားထိုးလိုက်တဲ့ BL ကို ခေါ်ပါတယ်။

များသောအားဖြင့် Shipper Information နေရာမှာ ထုတ်လုပ်သူ (သို့) Shipper နာမည် ကနေ Agent နာမည် ပြောင်းလိုက်တာပါ။ အခြား Information တွေတော့ ပြောင်းလေ့မရှိပါဘူး။ ပြောင်းရတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။

*

(6)House BL (HBL)

House BL (HBL) ဆိုတာက Freight Forwarder က Shipper ကို ထုတ်ပေးတဲ့ BLပါ။ 

Forwarder က Shipper ဆီက နေပစ္စည်းလက်ခံရရှိပြီး ပို့ရမည့်နေရာ (နိုင်ငံ / ဆိပ်ကမ်း စသည်) ကို သဘောတူ အတည်ပြုပြီးရင် (Shipper ကို) HBL ထုတ်ပေးပါတယ်။

HBL ကလည်း Nego-BL သဘောသက်ရောက်ပါတယ်။

*

(7) Master BL

Master BL (MBL) ဆိုတာက Main Carrier (Shipping Line) က Forwarder ကို ထုတ်ပေးတဲ့ BL ပါ။

Shipper က Forwarder ဆီက နေပစ္စည်းလက်ခံရရှိပြီး ပို့ရမည့်နေရာ (နိုင်ငံ / ဆိပ်ကမ်း စသည်) ကို သဘောတူ အတည်ပြုပြီးရင် (Forwarder ကို) MBL ထုတ်ပေးပါတယ်။

~~~

BLကို ကြည့်လိုက်ရင်လည်း ရှုတ်ရှက်ခတ်နေတဲ့ စာရွက်တစ်ခုအဖြစ်ပဲ မြင်မိပြီး မလိုအပ်ဘဲနှင့် ဒေတာတွေ အများကြီး ထည့်ထားတာလို့ ထင်မိတာ။ 

တကယ်တော့ BL ဟာShipper, Shipping Line, Freight Forwarder, Consignee, Customs, Port Authority, Transporter, Warehouse နှင့် Bank တွေအားလုံး အတွက် သူ့အပိုင်းနှင့်သူ ကိုးကားစရာ အချက်အလက်တွေ အားလုံးကို စာမျက်နှာ တစ်မျက်နှာထဲမှာပဲ ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ Document တစ်ခုပါ။

နောက်ပြီး - 

တစ်ကမ္ဘာလုံး ပြေးဆွဲနေတဲ့ Shipping Line ကြီးများ စံအဖြစ် အသုံးပြုပြီး BL တစ်ခုမှာ မပါမဖြစ် လိုအပ်တဲ့ အချက်အလက် (၁၀) ခု ကတော့ ……

1. Shipper

2. Consignee

3. Notify Party

4. Vessel Name and Voyage Number

5. Port of Loading & Port of Discharge

6. Place of Receipt and Place of Delivery

7. Container Numbers, Seal Numbers and Marks

8. Description of Packages and Goods

9. Gross Weight 

10. Measurement of Goods တို့ဖြစ်ပါတယ်။

အောက်ပါ ပုံမှာလည်း နံပါတ်လေးတွေ တပ်ပြီး ပြထားပေးပါတယ်။

Simple of Bill of Lading

~~~

ကျနော့ရဲ့ Blog ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။ လွတ်လတ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်၊ ကော်ပီတော့ မကူးပါနှင့်လား။


Credit to Su Su Khaing for sharing / imputing your knowledge.

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ် ဆောင်းပါး၊ Blog များ

[ZawGyi] 

BL (Bill of Lading) မ်ား အေၾကာင္း 

က်ေနာ္ BL ဆိုတာနဲ႔ စၿပီး ရင္းႏွီးကာစက Bill of Landing လို႔ ဖတ္မိပါတယ္၊ အမွန္က Bill of Lading ပါ၊ "n" မပါပါ။ 


BL / BOL အမ်ိဳးအစားမ်ားကို ေအာက္ပါအတိုင္း ေဖာ္ျပမွ်ေဝခ်င္ပါတယ္၊


(1) Verify Copy BL

Shipper ကေန Shipping Line ကို Shipping Instruction ေပးၿပီးတာႏွင့္ Shipping Line က BL ကို အၾကမ္းထုတ္ၿပီး Shipper (သို႔မဟုတ္) Shipper ရဲ႕ Agent (Forwarder) ဆီကို မွန္ / မမွန္ စစ္ဖို႔ ျပန္ပို႔ေပးတဲ့ BL ကို Verify Copy လို႔ေခၚၾကတာပါ။ 


အခုေခတ္မွာေတာ့ အေပၚက Process ေတြကို Shipping Line ေတာ္ေတာ္မ်ားမ်ားက - သူတို႔ Website ထဲဝင္ၿပီး Online လုပ္လို႔ရေအာင္ စီစဥ္ထားၾကပါတယ္၊

*

(2) Original BL (သို႔မဟုတ္) Negotiable BL

Original BL (သို႔မဟုတ္) Negotiable BL ေတြက တစ္ေယာက္ဆီမွ ေနာက္တစ္ေယာက္ ဆီသို႔ လႊဲေျပာင္းေပးႏိုင္ ၿပီး အဲဒီ ပစၥည္းရဲ႕ ပိုင္ရွင္ (Consigner (သို႔) Consignee) ဆီမွာပဲ Original BL ရွိသင့္တာပါ။ 

Shipping Line က Original Copy (၃) စုံ ထုတ္ေပးေလ့ ရွိပါတယ္။

*

(3) Non-Negotiable BL

Non-Nego BL ဆိုတဲ့ နာမည္အတိုင္းပဲ - ဒီ non-Nego BL ကို ျပၿပီး ပစၥည္းထုတ္တာ / ေငြလႊဲတာ စသျဖင့္ ဘာတစ္ခုမွ လုပ္လို႔မရပါဘူး၊ အဒီ ပစၥည္းရဲ႕ ခရီးစဥ္ အစ မွ အဆုံး သက္ဆိုင္တဲ့ ဌာနေတြ / Agent ေတြ အတြက္ ကိုးကား စရာ စာရင္းတစ္ခု အျဖစ္ပဲ အသုံးျပဳလို႔ ရပါတယ္။

*

(4) Telex Release (or) Surrender BL 

Telex Release (သို႔) Surrendered BL ဆိုၿပီး BL မွာ ႐ိုက္ထားရင္ Original BL မလိုပဲ ပစၥည္းထုတ္လို႔ရတဲ့ BL အမ်ိဳးအစားကို ေခၚတာပါ. 

Shipment က အရင္ထြက္သြားၿပီး BL အခ်ိန္မွီ မပို႔ႏိုင္ လို႔ - သို႔မဟုတ္ Urgent Shipment ေတြမွာ Surrender BL ကို အသုံးျပဳေလ့ရွိပါတယ္၊ Shipper က ပစၥည္း မေရာက္ေသးေပမယ့္ Ownership (ပိုင္ဆိုင္မႈကို) ကိုင္မထားပဲ လႊတ္လိုက္တဲ့ သေဘာပါ။

*

(5) Switch BL

Switch BL ဆိုတာ Shipment ထြက္သြားတဲ့ အခ်ိန္မွာ Line (သို႔) Agent ကေန အစားထိုးလိုက္တဲ့ BL ကို ေခၚပါတယ္။

မ်ားေသာအားျဖင့္ Shipper Information ေနရာမွာ ထုတ္လုပ္သူ (သို႔) Shipper နာမည္ ကေန Agent နာမည္ ေျပာင္းလိုက္တာပါ။ အျခား Information ေတြေတာ့ ေျပာင္းေလ့မရွိပါဘူး။ ေျပာင္းရတဲ့ အေၾကာင္းအရင္းကေတာ့ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။

*

(6)House BL (HBL)

House BL (HBL) ဆိုတာက Freight Forwarder က Shipper ကို ထုတ္ေပးတဲ့ BLပါ။ 

Forwarder က Shipper ဆီက ေနပစၥည္းလက္ခံရရွိၿပီး ပို႔ရမည့္ေနရာ (ႏိုင္ငံ / ဆိပ္ကမ္း စသည္) ကို သေဘာတူ အတည္ျပဳၿပီးရင္ (Shipper ကို) HBL ထုတ္ေပးပါတယ္။

HBL ကလည္း Nego-BL သေဘာသက္ေရာက္ပါတယ္။

*

(7) Master BL

Master BL (MBL) ဆိုတာက Main Carrier (Shipping Line) က Forwarder ကို ထုတ္ေပးတဲ့ BL ပါ။

Shipper က Forwarder ဆီက ေနပစၥည္းလက္ခံရရွိၿပီး ပို႔ရမည့္ေနရာ (ႏိုင္ငံ / ဆိပ္ကမ္း စသည္) ကို သေဘာတူ အတည္ျပဳၿပီးရင္ (Forwarder ကို) MBL ထုတ္ေပးပါတယ္။

~~~

BLကို ၾကည့္လိုက္ရင္လည္း ရႈတ္ရွက္ခတ္ေနတဲ့ စာ႐ြက္တစ္ခုအျဖစ္ပဲ ျမင္မိၿပီး မလိုအပ္ဘဲႏွင့္ ေဒတာေတြ အမ်ားႀကီး ထည့္ထားတာလို႔ ထင္မိတာ။ 

တကယ္ေတာ့ BL ဟာShipper, Shipping Line, Freight Forwarder, Consignee, Customs, Port Authority, Transporter, Warehouse ႏွင့္ Bank ေတြအားလုံး အတြက္ သူ႔အပိုင္းႏွင့္သူ ကိုးကားစရာ အခ်က္အလက္ေတြ အားလုံးကို စာမ်က္ႏွာ တစ္မ်က္ႏွာထဲမွာပဲ ျပည့္ျပည့္စုံစုံ ေဖာ္ျပထားတဲ့ Document တစ္ခုပါ။

ေနာက္ၿပီး - 

တစ္ကမာၻလုံး ေျပးဆြဲေနတဲ့ Shipping Line ႀကီးမ်ား စံအျဖစ္ အသုံးျပဳၿပီး BL တစ္ခုမွာ မပါမျဖစ္ လိုအပ္တဲ့ အခ်က္အလက္ (၁၀) ခု ကေတာ့ ……

1. Shipper

2. Consignee

3. Notify Party

4. Vessel Name and Voyage Number

5. Port of Loading & Port of Discharge

6. Place of Receipt and Place of Delivery

7. Container Numbers, Seal Numbers and Marks

8. Description of Packages and Goods

9. Gross Weight 

10. Measurement of Goods တို႔ျဖစ္ပါတယ္။

ေအာက္ပါ ပုံမွာလည္း နံပါတ္ေလးေတြ တပ္ၿပီး ျပထားေပးပါတယ္။


Simple of Bill of Lading

~~~

က်ေနာ့ရဲ႕ Blog ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။ လြတ္လတ္စြာ ျပန္လည္မွ်ေဝႏိုင္ပါတယ္၊ ေကာ္ပီေတာ့ မကူးပါႏွင့္လား။


Credit to Su Su Khaing for sharing / imputing your knowledge.

God Bless You 🙏

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက္စပ္ ေဆာင္းပါး၊ Blog မ်ား


Monday, March 7, 2022

Forklift ကို အထာကျကျ မောင်းရအောင် (Easy Tips for Forklift Driving)

 Forklift ကို အထာကျကျ မောင်းရအောင် 

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

    အောက်က အထာ (မောင်းနည်း) တွေက စာအုပ်ထဲမှာ၊ သင်တန်းမှာ မပါပါ၊ လက်တွေ့ သုံးခဲ့ ၊ ကြုံခဲ့ဘူးသည့် နည်းလမ်း အနည်းငယ်ကို  မျှဝေခြင်းပါ။

Forklift ရဲ့ စီယာတိုင် (Steering နှင့်ချိတ်ထားတဲ့ ဘီးက နောက်ဘီးဖြစ်တဲ့ အတွက် မောင်းတဲ့အခါ တစ်ချို့ အယူအဆ တွေက ကားမောင်းတာနှင့် ပြောင်းပြန် ဖြစ်နေပါတယ်၊ 

(Forklift မောင်းနည်းကို စာနှင့်ရေးပြသည့်အခါ ဘယ်လိုမှ မပြည့်စုံနိုင်ပါ၊)

Forklift အစွယ် ကို Pallet ရဲ့ အလယ်တည့်အောင် ဘယ်လိုသွင်းမလဲ၊

Forklift အစွယ် ကို ပစ္စည်း /ဂျပ်ပုံး တင်ထားတဲ့ Pallet (ပဲလက်) ရဲ့ အလယ်တည့်တည့်ကို ရောက်အောင် ထိုးသွင်းနည်း

တစ်ခါတစ်လေ နေရာကျဉ်း နေတဲ့အခါ (သို့မဟုတ်) Pallet ပေါ်မှာ တင်ထားတဲ့ ပစ္စည်းက Pallet ဆိုဒ် ထက် ကြီး / လျှံထွက် နေတဲ့အခါ - Pallet ရဲ့ အောက်ခြေဘောင်ကို Forklift ပေါ်ကနေ မမြင်နိုင်ပါ၊ ဒါကြောင့် Forklift အစွယ် ကို Pallet ရဲ့ အလယ် တည့်တည့်ကို ချိန်/ထိုးဖို့ ဆိုတာ ခက်ပါတယ်၊ (အချိန်လည်း ကြာတတ်ပါတယ်)

ကျနော်နှင့် လုပ်ဖော်ကိုင်ဖက်များကတော့ အောက်ကနည်းအတိုင်း သုံးပါတယ်၊

  1. Forklift ရဲ့ အစွယ် ကို ကြမ်းပြင် ကနေ ၂ ၁/၂ လက္မ ခန့် မ/မြှောက်ထားပါ၊
  2. ပစ္စည်း /ဂျပ်ပုံး တင်ထားတဲ့ Pallet ရဲ့ အပေါ်ဆုံး အလွှာရဲ့ အလယ်ကျမည့်နေရာကို Forklift ပေါ်ကနေ လှမ်းကြည့်, ရှာပါ.. (ဥပမာ။ ။ဂျပ်ပုံး ၄ ပုံး တန်း ဆို ရင် အလယ် နှစ်ပုံး စပ်တဲ့ နေရာ/ ၅ လုံး တန်း ဆိုရင် ၃လုံးမြောက်ရဲ့ အလယ်နေရာ... စသည်ဖြင့်)
  3. ကိုယ်မောင်းတဲ့ Forklift အစွယ် နှစ်ခုရဲ့ အလယ် နှင့် အတူတူ တစ်တန်းထည်း ဖြစ်မည့်နေရာ မှာ အမှတ်အသားပြုပါ၊ (ကိုယ့်အထာ နှင့် ကိုယ် မှတ်ထားပါ)
        ဥပမာ။ ။ 

    • အစွယ်နှင့် Body ကို ကာ၊တား ထားတဲ့ သံဘောင် ရဲ့ အလယ် (သို့မဟုတ်) 
    • တင် / ချ လုပ်တဲ့ ဟိုက်ဒရောလစ် တိုင် နှစ်ခုရဲ့ အလယ် (သို့မဟုတ်) 
    • ချိန်းကြိုး နှစ်ချောင်းရဲ့ အလယ်... (စသည်ဖြင့်) 
    • ကျနော်တို့ကတော့ ကာ ထားတဲ့ သံဘောင်ရဲ့ အလယ်မှာ သံချောင်းလေး ထောင်၊ချည်ထားပြီး ဆေးအဖြူ သုတ်ထားပါတယ်၊ (သေနတ်ရဲ့ ချိန်သီး သဘောပေါ့)

    4.Pallet ရဲ့ အလယ် မှတ် နှင့် Forklift က အလယ်မှတ် နှင့် တန်းအောင် Forklift ကို တည်ပါ၊            နောက်ဘီးကို ဖြောင့်ထားပြီးတည့်တည့်မောင်းသွင်းပါ၊
    5. Forklift အစွယ်က Pallet ရဲ့ အလယ်တည့်တည့်ကို ရောက်သွားပါလိမ္မယ်။
အောက်က Video ထဲမှာ တစ်ဆင့်ခြင်း ကြည့်ပါ။


Forklift Driving Tips

Forklift အစွယ်ကို ကျဉ်း / ကျယ် ညှိတဲ့ခါ ပေါ့ပေါ့လေးနှင့် လွယ်လွယ် ကျဉ်း/ကျယ်ညှိနည်း

        Forklift နှင့် မ၊သယ် မည့် ပစ္စည်းရဲ့ အနေအထား၊ ဆိုဒ် ပေါ်မှာ မူတည်ပြီး Forklift အစွယ်ကို ကျဉ်း / ကျယ် ညှိရလေ့ရှိပါတယ်။ 

Forklift အစွယ် ရဲ့ လျှောက်လမ်းက ဆီနည်း နေတဲ့အခါ သို့မဟုတ် မိုးစိုလိုက်၊ နေထိလိုက်ဖြစ်တဲ့အခါ လွယ်လွယ်ရွှေ့မရပဲ ကျပ်နေတတ်ပါတယ်၊ 

တစ်ခါတစ်လေ အစွယ်ကို လက်နှင့်တွန်း/ ရွှေ့မရလို့ ခြေထောက်နှင့်ကန်ပြီး ရွှေ့ရတာ ကြုံဖူး ၊ မြင်ဖူးကြမှာပါ။

Forklift အစွယ်ကို ပေါ့ပေါ့လေးနှင့် လွယ်လွယ် ကျဉ်း/ကျယ်ညှိလို့ရအောင် အောက်ပါနည်း (အထာ) အတိုင်းညှိ/ ရွှေ့ကြည့်ပါ။

    1. အစွယ်ကို ကြမ်းပြင်က တစ်ပေလောက် အရင်မပြီး ရှေ့ကို အဆုံးငိုက် (Tilt Down) လုပ်ပါ။

    2. ပြီးရင် အစွယ်ကို ကြမ်းပြင်နှင့် ထိရုံလေးပဲ ပြန်ချပါ။

    3. Forklift အစွယ် ဟာ လျှောက်လမ်းမှာ တောင့် / ကပ် မနေတော့ပဲ ချောင်သွားပါလိမ္မယ်                 (အစွယ်ဟာ လျှောက်လမ်းမှာ တွဲလဲ ခိုနေတာကို ကြမ်းပြင်က မထားပေးတဲ့သဘော ဖြစ်                သွားလို့ပါ)။

    4. Forklift အစွယ် ဟာ လျှောက်လမ်းမှာ ကျပ်/ တောင့် မနေတော့တဲ့အတွက် ကိုလိုချင်တဲ့                 အကျဉ်း /အကျယ်ကို လွယ်လွယ် နှင့် သာသာ ညှိလို့ရပါပြီ။

(တစ်ချို့ Forklift Model တွေမှာတော့ အစွယ် ညှိဖို့ လီဗာ စနစ် သီးသန့်ပါပါတယ်)


Other Safety Drive Tips (ဘေးအန္တရယ်ကင်းစွာ Forklift မောင်းနည်း အချို့)

နောက်ဘီးဖြောင့် / အစွယ် ကွေ့၊ ဝိုက်ဖို့ နေရာ စဉ်းစား

စင်ပေါ် / Racking ပေါ် / တစ်ခု ပေါ် တစ်ခု Pallet တွေ တင် တဲ့အခါ အောက်ပါ အချက်တွေကို သတိထားပါ၊

1. Pallet ဆိုဒ်က စင် / Rack တွေက ဘောင်၊ခွင် တွေထက် သေးနေလား 

(Pallet က Standard Size မဟုတ်ပဲ, တစ်ဖက်တို၊ တစ်ဖက်ရှည် တွေဆိုရင် ဘောင်ပေါ်တင်မည့်ဖက်က စင်ရဲ့တန်း၂ခု လုံး ပေါ်မေးတင်နိုင်တဲ့ အရှည်ဖြစ်ရပါမယ်၊ မဟုတ်ရင် သေချာမတင်မိပဲ လျှောကျ , ပြိုကျတတ်လို့ပါ)

2. Pallet ရဲ့ အောက်ဘောင်တန်းက စင် / Rack ပေါ်တင်လိုက်ရင် ခံနိုင်ရည်ရှိရဲ့လား

(တစ်ချို့ pallet တွေက ဘောင်တန်းနှစ်ဖက်ပဲ အထူ၊အပြည့် ပါပြီး အခြားနှစ်ဖက်က ပါး၊ပျော့ တတ်လို့ပါ)

3. စင် / Rack ပေါ်မှာ Pallet တင်ပြီးတဲ့အခါ Forklift ပြန်မဆုတ်ခင် နောက်ဘီးဖြောင့်လား အရင်ကြည့်ပါ၊ ဘီးကကွေ့မယ့် အနေအထား ဖြစ်နေတာကို မေ့ပြီး ဆုတ်မိရင် စင်ပေါ်က Pallet တွေကို အစွယ်နှင့် တွန်းချလိုက်သလို ဖြစ်သွားပါမယ်။

4. စင်ပေါ်တင်ပြီး ပြန်ဆုတ် ပြီးကွေ့လိုက်တဲ့ အချိန်ဆိုရင် Forklift အစွယ်က အပေါ်ဖက်မှာပဲ ရှိနေသေးတဲ့ အတွက် ဘေးနား၊ဝန်းကျင်က ပစ္စည်းတွေ/  စင်ရဲ့ ဘောင် / ဘားတန်းတွေကို ကို အစွယ်နှင့် မထိခိုက်မိအောင် လွတ်ကင်းမယ့် အနေအထား ကို ကြိုကြည့်ပြီးမှ ကွေ့ပါ၊


ဘယ်အချိန်မှာ နောက်ပြန်(Reverse Driving) မောင်းရမလဲ?

Forklift နှင့် သယ်/မ မည့် ပစ္စည်း/ပုံးတွေထပ်ထားတာမြင့်လွန်းပြီး Forklift မောင်းတဲ့သူရဲ့ ရှေ့မြင်ကွင်းကို ကွယ်နေတဲ့အခါ နောက်ပြန်မောင်းပါ၊

လျှောဇောက် (Ramp) ပေါ်မှ ဆင်းတဲ့ အခါ နောက်ပြန်မောင်းပါ။


အခြား Safety Drive စည်းမျဉ်းတွေ၊ Forklift Check List အကြောင်းတွေ ကတော့ မိမိ အဖွဲ့အစည်း / ကုမ္ပဏီ က HSE Officer တွေ၊ Warehouse Operation Manager တွေက ပြောပြပြီးသား ဖြစ်မှာပါ။

အောက်က Link မှာတော့ Nissan Forklift က အခြေခံ မောင်းနည်းကို တစ်ဆင့်ခြင်းစီ အသေးစိတ် သရုပ်ပြထားပါတယ်။ စမောင်းမယ့် သူတွေလေ့လာဖို့ သင့်တော်ပါတယ်၊

https://www.youtube.com/watch?v=fc0JWk19Z7I

(Video ထဲမှာ ကျနော်တက်ခဲ့တဲ့ သင်တန်းနှင့် မတူတာ တစ်ချက်က ပစ္စည်း မပါပဲ မောင်းတဲ့အခါ, အစွယ် ကို ၁ ပေလောက် မ / နောက်လှန်ပြီးမောင်းတာ တွေ့ပါတယ်၊ ကျနော်ကတော့ အလွတ်မောင်းရင် အစွယ်ကို ကြမ်းပြင်နှင့်လွတ်ရုံလေး ပဲမပြီး ၊အစွယ်ကို ရှေ့ငိုက်ပြီး မောင်းပါတယ် - ပိုပြီး Safe ဖြစ်ပါတယ်)

စာရေးသူပါ။

အပေါ်က အထာ (မောင်းနည်း) တွေလိုမျိုး မိတ်ဆွေတို့ဆီက အထာလေးတွေကိုလည်း Comment Box မှာ မျှဝေ / ဖလှယ်ပေးကြပါလား၊ ကျနော်တို့ Warehouse ဝိုင်းတော်သားတွေအတွက် တစ်စုတစ်စည်းထည်း ကိုးကား၊ အသုံးချလို့ ရတာပေါ့။


God Bless You,

Zarni Oo (Progistics)

https://progistics.blogspot.com/

-----------

[ZawGyi]

 Forklift ကို အထာက်က် ေမာင္းရေအာင္ 

    ေအာက္က အထာ (ေမာင္းနည္း) ေတြက စာအုပ္ထဲမွာ၊ သင္တန္းမွာ မပါပါ၊ လက္ေတြ႕ သုံးခဲ့ ၊ ႀကဳံခဲ့ဘူးသည့္ နည္းလမ္း အနည္းငယ္ကို  မွ်ေဝျခင္းပါ။


Forklift ရဲ႕ စီယာတိုင္ (Steering ႏွင့္ခ်ိတ္ထားတဲ့ ဘီးက ေနာက္ဘီးျဖစ္တဲ့ အတြက္ ေမာင္းတဲ့အခါ တစ္ခ်ိဳ႕ အယူအဆ ေတြက ကားေမာင္းတာႏွင့္ ေျပာင္းျပန္ ျဖစ္ေနပါတယ္၊ 


(Forklift ေမာင္းနည္းကို စာႏွင့္ေရးျပသည့္အခါ ဘယ္လိုမွ မျပည့္စုံႏိုင္ပါ၊)


Forklift အစြယ္ ကို Pallet ရဲ႕ အလယ္တည့္ေအာင္ ဘယ္လိုသြင္းမလဲ၊

Forklift အစြယ္ ကို ပစၥည္း /ဂ်ပ္ပုံး တင္ထားတဲ့ Pallet (ပဲလက္) ရဲ႕ အလယ္တည့္တည့္ကို ေရာက္ေအာင္ ထိုးသြင္းနည္း

တစ္ခါတစ္ေလ ေနရာက်ဥ္း ေနတဲ့အခါ (သို႔မဟုတ္) Pallet ေပၚမွာ တင္ထားတဲ့ ပစၥည္းက Pallet ဆိုဒ္ ထက္ ႀကီး / လွ်ံထြက္ ေနတဲ့အခါ - Pallet ရဲ႕ ေအာက္ေျခေဘာင္ကို Forklift ေပၚကေန မျမင္ႏိုင္ပါ၊ ဒါေၾကာင့္ Forklift အစြယ္ ကို Pallet ရဲ႕ အလယ္ တည့္တည့္ကို ခ်ိန္/ထိုးဖို႔ ဆိုတာ ခက္ပါတယ္၊ (အခ်ိန္လည္း ၾကာတတ္ပါတယ္)


က်ေနာ္ႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားကေတာ့ ေအာက္ကနည္းအတိုင္း သုံးပါတယ္၊


1. Forklift ရဲ႕ အစြယ္ ကို ၾကမ္းျပင္ ကေန ၂ ၁/၂ လကၼ ခန္႔ မ/ေျမႇာက္ထားပါ၊

2. ပစၥည္း /ဂ်ပ္ပုံး တင္ထားတဲ့ Pallet ရဲ႕ အေပၚဆုံး အလႊာရဲ႕ အလယ္က်မည့္ေနရာကို Forklift ေပၚကေန လွမ္းၾကည့္, ရွာပါ.. (ဥပမာ။ ။ဂ်ပ္ပုံး ၄ ပုံး တန္း ဆို ရင္ အလယ္ ႏွစ္ပုံး စပ္တဲ့ ေနရာ/ ၅ လုံး တန္း ဆိုရင္ ၃လုံးေျမာက္ရဲ႕ အလယ္ေနရာ... စသည္ျဖင့္)

3. ကိုယ္ေမာင္းတဲ့ Forklift အစြယ္ ႏွစ္ခုရဲ႕ အလယ္ ႏွင့္ အတူတူ တစ္တန္းထည္း ျဖစ္မည့္ေနရာ မွာ အမွတ္အသားျပဳပါ၊ (ကိုယ့္အထာ ႏွင့္ ကိုယ္ မွတ္ထားပါ)

        ဥပမာ။ ။ 

အစြယ္ႏွင့္ Body ကို ကာ၊တား ထားတဲ့ သံေဘာင္ ရဲ႕ အလယ္ (သို႔မဟုတ္) 

တင္ / ခ် လုပ္တဲ့ ဟိုက္ဒေရာလစ္ တိုင္ ႏွစ္ခုရဲ႕ အလယ္ (သို႔မဟုတ္) 

ခ်ိန္းႀကိဳး ႏွစ္ေခ်ာင္းရဲ႕ အလယ္... (စသည္ျဖင့္) 

က်ေနာ္တို႔ကေတာ့ ကာ ထားတဲ့ သံေဘာင္ရဲ႕ အလယ္မွာ သံေခ်ာင္းေလး ေထာင္၊ခ်ည္ထားၿပီး ေဆးအျဖဴ သုတ္ထားပါတယ္၊ (ေသနတ္ရဲ႕ ခ်ိန္သီး သေဘာေပါ့)

4.Pallet ရဲ႕ အလယ္ မွတ္ ႏွင့္ Forklift က အလယ္မွတ္ ႏွင့္ တန္းေအာင္ Forklift ကို တည္ပါ၊            ေနာက္ဘီးကို ေျဖာင့္ထားၿပီးတည့္တည့္ေမာင္းသြင္းပါ၊

5. Forklift အစြယ္က Pallet ရဲ႕ အလယ္တည့္တည့္ကို ေရာက္သြားပါလိမၼယ္။

*****

Forklift အစြယ္ကို က်ဥ္း / က်ယ္ ညႇိတဲ့ခါ ေပါ့ေပါ့ေလးႏွင့္ လြယ္လြယ္ က်ဥ္း/က်ယ္ညႇိနည္း

        Forklift ႏွင့္ မ၊သယ္ မည့္ ပစၥည္းရဲ႕ အေနအထား၊ ဆိုဒ္ ေပၚမွာ မူတည္ၿပီး Forklift အစြယ္ကို က်ဥ္း / က်ယ္ ညႇိရေလ့ရွိပါတယ္။ 

Forklift အစြယ္ ရဲ႕ ေလွ်ာက္လမ္းက ဆီနည္း ေနတဲ့အခါ သို႔မဟုတ္ မိုးစိုလိုက္၊ ေနထိလိုက္ျဖစ္တဲ့အခါ လြယ္လြယ္ေ႐ႊ႕မရပဲ က်ပ္ေနတတ္ပါတယ္၊ 

တစ္ခါတစ္ေလ အစြယ္ကို လက္ႏွင့္တြန္း/ ေ႐ႊ႕မရလို႔ ေျခေထာက္ႏွင့္ကန္ၿပီး ေ႐ႊ႕ရတာ ႀကဳံဖူး ၊ ျမင္ဖူးၾကမွာပါ။

Forklift အစြယ္ကို ေပါ့ေပါ့ေလးႏွင့္ လြယ္လြယ္ က်ဥ္း/က်ယ္ညႇိလို႔ရေအာင္ ေအာက္ပါနည္း (အထာ) အတိုင္းညႇိ/ ေ႐ႊ႕ၾကည့္ပါ။

    1. အစြယ္ကို ၾကမ္းျပင္က တစ္ေပေလာက္ အရင္မၿပီး ေရွ႕ကို အဆုံးငိုက္ (Tilt Down) လုပ္ပါ။

    2. ၿပီးရင္ အစြယ္ကို ၾကမ္းျပင္ႏွင့္ ထိ႐ုံေလးပဲ ျပန္ခ်ပါ။

    3. Forklift အစြယ္ ဟာ ေလွ်ာက္လမ္းမွာ ေတာင့္ / ကပ္ မေနေတာ့ပဲ ေခ်ာင္သြားပါလိမၼယ္                 (အစြယ္ဟာ ေလွ်ာက္လမ္းမွာ တြဲလဲ ခိုေနတာကို ၾကမ္းျပင္က မထားေပးတဲ့သေဘာ ျဖစ္                သြားလို႔ပါ)။

    4. Forklift အစြယ္ ဟာ ေလွ်ာက္လမ္းမွာ က်ပ္/ ေတာင့္ မေနေတာ့တဲ့အတြက္ ကိုလိုခ်င္တဲ့                 အက်ဥ္း /အက်ယ္ကို လြယ္လြယ္ ႏွင့္ သာသာ ညႇိလို႔ရပါၿပီ။


(တစ္ခ်ိဳ႕ Forklift Model ေတြမွာေတာ့ အစြယ္ ညႇိဖို႔ လီဗာ စနစ္ သီးသန္႔ပါပါတယ္)


Other Safety Drive Tips (ေဘးအႏၲရယ္ကင္းစြာ Forklift ေမာင္းနည္း အခ်ိဳ႕)

ေနာက္ဘီးေျဖာင့္ / အစြယ္ ေကြ႕၊ ဝိုက္ဖို႔ ေနရာ စဥ္းစား

စင္ေပၚ / Racking ေပၚ / တစ္ခု ေပၚ တစ္ခု Pallet ေတြ တင္ တဲ့အခါ ေအာက္ပါ အခ်က္ေတြကို သတိထားပါ၊

1. Pallet ဆိုဒ္က စင္ / Rack ေတြက ေဘာင္၊ခြင္ ေတြထက္ ေသးေနလား 

(Pallet က Standard Size မဟုတ္ပဲ, တစ္ဖက္တို၊ တစ္ဖက္ရွည္ ေတြဆိုရင္ ေဘာင္ေပၚတင္မည့္ဖက္က စင္ရဲ႕တန္း၂ခု လုံး ေပၚေမးတင္ႏိုင္တဲ့ အရွည္ျဖစ္ရပါမယ္၊ မဟုတ္ရင္ ေသခ်ာမတင္မိပဲ ေလွ်ာက် , ၿပိဳက်တတ္လို႔ပါ)

2. Pallet ရဲ႕ ေအာက္ေဘာင္တန္းက စင္ / Rack ေပၚတင္လိုက္ရင္ ခံႏိုင္ရည္ရွိရဲ႕လား

(တစ္ခ်ိဳ႕ pallet ေတြက ေဘာင္တန္းႏွစ္ဖက္ပဲ အထူ၊အျပည့္ ပါၿပီး အျခားႏွစ္ဖက္က ပါး၊ေပ်ာ့ တတ္လို႔ပါ)

3. စင္ / Rack ေပၚမွာ Pallet တင္ၿပီးတဲ့အခါ Forklift ျပန္မဆုတ္ခင္ ေနာက္ဘီးေျဖာင့္လား အရင္ၾကည့္ပါ၊ ဘီးကေကြ႕မယ့္ အေနအထား ျဖစ္ေနတာကို ေမ့ၿပီး ဆုတ္မိရင္ စင္ေပၚက Pallet ေတြကို အစြယ္ႏွင့္ တြန္းခ်လိုက္သလို ျဖစ္သြားပါမယ္။

4. စင္ေပၚတင္ၿပီး ျပန္ဆုတ္ ၿပီးေကြ႕လိုက္တဲ့ အခ်ိန္ဆိုရင္ Forklift အစြယ္က အေပၚဖက္မွာပဲ ရွိေနေသးတဲ့ အတြက္ ေဘးနား၊ဝန္းက်င္က ပစၥည္းေတြ/  စင္ရဲ႕ ေဘာင္ / ဘားတန္းေတြကို ကို အစြယ္ႏွင့္ မထိခိုက္မိေအာင္ လြတ္ကင္းမယ့္ အေနအထား ကို ႀကိဳၾကည့္ၿပီးမွ ေကြ႕ပါ၊


ဘယ္အခ်ိန္မွာ ေနာက္ျပန္(Reverse Driving) ေမာင္းရမလဲ?

Forklift ႏွင့္ သယ္/မ မည့္ ပစၥည္း/ပုံးေတြထပ္ထားတာျမင့္လြန္းၿပီး Forklift ေမာင္းတဲ့သူရဲ႕ ေရွ႕ျမင္ကြင္းကို ကြယ္ေနတဲ့အခါ ေနာက္ျပန္ေမာင္းပါ၊

ေလွ်ာေဇာက္ (Ramp) ေပၚမွ ဆင္းတဲ့ အခါ ေနာက္ျပန္ေမာင္းပါ။

အျခား Safety Drive စည္းမ်ဥ္းေတြ၊ Forklift Check List အေၾကာင္းေတြ ကေတာ့ မိမိ အဖြဲ႕အစည္း / ကုမၸဏီ က HSE Officer ေတြ၊ Warehouse Operation Manager ေတြက ေျပာျပၿပီးသား ျဖစ္မွာပါ။

ေအာက္က Link မွာေတာ့ Nissan Forklift က အေျခခံ ေမာင္းနည္းကို တစ္ဆင့္ျခင္းစီ အေသးစိတ္ သ႐ုပ္ျပထားပါတယ္။ စေမာင္းမယ့္ သူေတြေလ့လာဖို႔ သင့္ေတာ္ပါတယ္၊

https://www.youtube.com/watch?v=fc0JWk19Z7I

(Video ထဲမွာ က်ေနာ္တက္ခဲ့တဲ့ သင္တန္းႏွင့္ မတူတာ တစ္ခ်က္က ပစၥည္း မပါပဲ ေမာင္းတဲ့အခါ, အစြယ္ ကို ၁ ေပေလာက္ မ / ေနာက္လွန္ၿပီးေမာင္းတာ ေတြ႕ပါတယ္၊ က်ေနာ္ကေတာ့ အလြတ္ေမာင္းရင္ အစြယ္ကို ၾကမ္းျပင္ႏွင့္လြတ္႐ုံေလး ပဲမၿပီး ၊အစြယ္ကို ေရွ႕ငိုက္ၿပီး ေမာင္းပါတယ္ - ပိုၿပီး Safe ျဖစ္ပါတယ္)

အေပၚက အထာ (ေမာင္းနည္း) ေတြလိုမ်ိဳး မိတ္ေဆြတို႔ဆီက အထာေလးေတြကိုလည္း Comment Box မွာ မွ်ေဝ / ဖလွယ္ေပးၾကပါလား၊ က်ေနာ္တို႔ Warehouse ဝိုင္းေတာ္သားေတြအတြက္ တစ္စုတစ္စည္းထည္း ကိုးကား၊ အသုံးခ်လို႔ ရတာေပါ့။


God Bless You,

Zarni Oo (Progistics)

https://progistics.blogspot.com/























Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...