Saturday, April 16, 2022

ပဲလက် ပေါ် ဂျပ်ပုံး ခွေခြင်း, Carton Stacking Method on Pallet

ဂျပ်ပုံးတွေကို Warehouse ထဲမှာ ထား / စီ တဲ့အခါ ပြိုမကျအောင် ဘယ်လိုခွေမလဲ

Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

Photo Source: https://www.mecalux.com/case-studies/example-conventional-pallet-racking-warehouse-unilever-brazil


ဂျပ်ပုံးတွေကို Warehouse (ဝဲဟောက်စ်) ထဲမှာ ထား / စီ တဲ့အခါ ပြိုကျနိုင်ခြေ / ပျက်စီး မှု နည်း အောင် ဘယ်လို လုပ်သင့်လဲ ဆိုတာ ကို တိုတို ရှင်းရှင်း မျှဝေထားပါတယ်၊ 

carton box stacking on th pallet
Photo Source: https://www.flexp.com/7-need-know-tips-packing-strong-pallet/
  1.  ဂျပ်ပုံးပေါ်က သရုပ်ပြပုံကိုကြည့်ပြီးခွေ၊
  2. ဂျပ်ပုံးပေါ်မှာ မပါရင် ဂျပ်ပုံးရဲ့ အလျှား အနံ ကို ကြည့်ပြီး ပြိုမကျ နိုင်အောင် ဘယ်လို ခွေရမလဲ တစ်လွှာ ၊နှစ်လွှာ လောက် အစမ်းခွေကြည့်၊
  3. ဂျပ်ပုံးတွေက ပဲလက်အနား ထက် ပိုမထွက် အောင် ခွေ / စီ သင့်၊
  4. အပေါ်ဆုံး အလွှာကို အောက်က အလွာတွေနှင့် မတူအောင် Pattern ပုံစံပြောင်းခွေ (ပြိုကျနိုင်မှု ပိုနည်း / အဲဒါကို ချုပ်တာလို့ ခေါ်) အပေါ်ကပုံ ကို ကြည့်ပါ၊
  5. တစ်ပုံ (တစ်ပဲလက်) ဘယ်လောက် ဆိုတာ ရေး / မှတ်ထား - ဒါမှ Stock ကောက်ရင် လွယ်/ မြန်မှာ
  6. ဂျပ်ပုံးပေါ်မှာ ဘယ်နှလွှာ အများဆုံး ထပ်ရမယ်ဆိုတာရေးထား တဲ့အတိုင်း ဆင့်/ထပ်၊
  7. ပို ထပ်မိရင် အောက်ဆုံးအလွှာက ဂျပ်ပုံးတွေက ဗိုက်ပူလာမယ် / ပြန်ရောင်းမယ့် ပစ္စည်းဆို ရောင်းပန်းမလှတော့၊
  8. နေရာမလောက်လို့ သတ်မှတ် အလွှာထက် ပိုထပ်ရတော့မယ် ဆိုရင် - အောက်ဆုံးအလွှာက ဂျပ်ပုံးတွေ ဗိုက်ပူလာနိုင်ကြောင်း - အခြေမခိုင် (Balance မညီ) တော့ပဲ ပြိုကျ နိုင်ကြောင်း အထက်လူကြီး / သူဌေး ကို တင်ရဲ့ပြပြီး ခွင့်ပြုချက် ယူသင့်။

(ပြိုရင် ပျက်ရင် - ဘာဖြစ်လို့ ပြို/ပျက်တယ် ဆိုတာ လူကြီးတွေ သိပြီးသားဆိုတော့ …….)

.

ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

[ZawGyi]

ဂ်ပ္ပုံးေတြကို Warehouse ထဲမွာ ထား / စီ တဲ့အခါ ၿပိဳမက်ေအာင္ ဘယ္လိုေခြမလဲ



ဂ်ပ္ပုံးေတြကို Warehouse (ဝဲေဟာက္စ္) ထဲမွာ ထား / စီ တဲ့အခါ ၿပိဳက်ႏိုင္ေျခ / ပ်က္စီး မႈ နည္း ေအာင္ ဘယ္လို လုပ္သင့္လဲ ဆိုတာ ကို တိုတို ရွင္းရွင္း မွ်ေဝထားပါတယ္၊ 

  1.  ဂ်ပ္ပုံးေပၚက သ႐ုပ္ျပပုံကိုၾကည့္ၿပီးေခြ၊
  2. ဂ်ပ္ပုံးေပၚမွာ မပါရင္ ဂ်ပ္ပုံးရဲ႕ အလွ်ား အနံ ကို ၾကည့္ၿပီး ၿပိဳမက် ႏိုင္ေအာင္ ဘယ္လို ေခြရမလဲ တစ္လႊာ ၊ႏွစ္လႊာ ေလာက္ အစမ္းေခြၾကည့္၊
  3. ဂ်ပ္ပုံးေတြက ပဲလက္အနား ထက္ ပိုမထြက္ ေအာင္ ေခြ / စီ သင့္၊
  4. အေပၚဆုံး အလႊာကို ေအာက္က အလြာေတြႏွင့္ မတူေအာင္ Pattern ပုံစံေျပာင္းေခြ (ၿပိဳက်ႏိုင္မႈ ပိုနည္း / အဲဒါကို ခ်ဳပ္တာလို႔ ေခၚ) အေပၚကပုံ ကို ၾကည့္ပါ၊
  5. တစ္ပုံ (တစ္ပဲလက္) ဘယ္ေလာက္ ဆိုတာ ေရး / မွတ္ထား - ဒါမွ Stock ေကာက္ရင္ လြယ္/ ျမန္မွာ
  6. ဂ်ပ္ပုံးေပၚမွာ ဘယ္ႏွလႊာ အမ်ားဆုံး ထပ္ရမယ္ဆိုတာေရးထား တဲ့အတိုင္း ဆင့္/ထပ္၊
  7. ပို ထပ္မိရင္ ေအာက္ဆုံးအလႊာက ဂ်ပ္ပုံးေတြက ဗိုက္ပူလာမယ္ / ျပန္ေရာင္းမယ့္ ပစၥည္းဆို ေရာင္းပန္းမလွေတာ့၊
  8. ေနရာမေလာက္လို႔ သတ္မွတ္ အလႊာထက္ ပိုထပ္ရေတာ့မယ္ ဆိုရင္ - ေအာက္ဆုံးအလႊာက ဂ်ပ္ပုံးေတြ ဗိုက္ပူလာႏိုင္ေၾကာင္း - အေျခမခိုင္ (Balance မညီ) ေတာ့ပဲ ၿပိဳက် ႏိုင္ေၾကာင္း အထက္လူႀကီး / သူေဌး ကို တင္ရဲ႕ျပၿပီး ခြင့္ျပဳခ်က္ ယူသင့္။
(ၿပိဳရင္ ပ်က္ရင္ - ဘာျဖစ္လို႔ ၿပိဳ/ပ်က္တယ္ ဆိုတာ လူႀကီးေတြ သိၿပီးသားဆိုေတာ့ …….)
.

က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီ ေတာ့ မကူးပါနဲ႔လား၊

Friday, April 1, 2022

စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure

 Unicode Font version ၏ အဆုံးကို မွာ ZawGyi Font Version ႏွင့္ ဖတ္ႏိုင္ပါတယ္။

[Unicode]

အရင်တစ်ပါတ်က Cycle Count and Annual Stock Count  အကြောင်းကို မျှဝေခဲ့ပါတယ်၊

ဒီတစ်ပါတ်မှာ Warehouse (WH) ထဲမှာ ပစ္စည်းစာရင်း ဘယ်လို ကောက် / စစ်ကြတယ် (Stock Count) ဆိုတာ မျှဝေပါ့မယ်။

Stock Count / Inventory Count

ပစ္စည်းစာရင်း ကောက်သည့် လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာလေ့ရှိတာမို့လို့ ခြုံငုံပြီးသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Stock Count လုပ်ငန်းစဉ် ကို

  • အပိုင်း (၁) Stock Count မစခင် လိုအပ်သည့် ပြင်ဆင်မှုများ
  • အပိုင်း (၂) Stock Count နေ့မှာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ
  • အပိုင်း (၃) စာရင်းကောက်ယူပြီး - အပြီးသတ် လုပ်ဆောင်ချက်များ 

စသည်ဖြင့် (၃)ပိုင်းခွဲ ပြီး လုပ်ဆောင်နိုင်ပါတယ်။

အပိုင်း (၁) Stock Count မစခင် လိုအပ်သည့် ပြင်ဆင်မှုများ 

  • WH က ဝန်ထမ်းများ က Stock Count လုပ်သည်အခါ ရေတွက်ရလွယ်ကူအောင် ပစ္စည်းတွေကို စနစ်တကျ စီထား ဖို့ လိုအပ် ပါတယ်၊ (ပစ္စည်း မျိုးတူ / SKU တူတာ စု / စီ ထားခြင်း )
  • ပစ္စည်းပေါ်က လေဘယ် (Label) တွေ / ဘားကုဒ် (Barcode) တွေကို စစ်တဲ့ အခါမှာ ဖတ်ဖို့ လိုရင် ဖတ်လို့လွယ်အောင် စီစဉ် နေရာချထားခြင်း
  • System ထဲက လက်ကျန် အရေအတွက်နှင့် WH ထဲက လက်ကျန် စာရင်း ကြိုတင်ကိုက်ညှိထားခြင်း
  • အရောင်းဌာန(Sales)  / ကုန်ထုတ်ဌာန (Production)၊ - ငွေစာရင်းဌာန (Finance)တို့နှင့် ညှိနိုင်း၍ Stock Count လုပ်မည့် နေ့ / အချိန် ကို သတ်မှတ်ခြင်း 
  • ပစ္စည်း စာရင်း ကောက်မည့်အဖွဲ့များ သတ်မှတ် ဖွဲစည်းခြင်း
စသည့် လုပ်ငန်းစဉ်တွေဟာ Stock Count မစခင်မှာ လုပ်ဆောင်ရမည့် အရာများထဲက အချို့ ဖြစ်ပါတယ်။

အပိုင်း (၂) Stock Count နေ့မှာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

Stock Count တစ်ဖွဲ့မှာ ဆိုရင် အောက်ပါ လူ ၄ ယောက် လောက် ပါရင် အကောင်းဆုံးပါ၊

  1. ပစ္စည်းရေ မည့်သူ၊ 
  2. စာရင်းရေးမှတ်မည့်သူ၊
  3. ပစ္စည်းအမျိုးအမည် အရေအတွက် ကို ပြောပြပေးမည့်သူ၊
  4. ပစ္စည်း ရေလို့ လွယ်အောင် ရွှေ့/ စီ ပေးမည့်သူ

  • Stock Count နေ့မှာ တော့ Logistics & Warehouse ဝန်ထမ်း / တာဝန်ရှိသူ တွေက အဓိက Stock Count မလုပ်သင့်ပါဘူး၊ 
  • Finance က အဓိက ပစ္စည်းစာရင်း စစ် သူ ဖြစ်သင့်ပါတယ်။ အခြားဌာန တွေက သူများလည်း ပူးပေါင်းပါဝင်သင့်ပါတယ်။
  • WH ဝန်ထမ်းများ အနေနှင့် ပစ္စည်းစစ်သူများ အဆင်ပြေအောင် လိုက်ပြ / မရှင်းလို့ မေးရင်ဖြေ စသည် လောက်သာ လုပ်သင့်ပါတယ်။
  •  စစ်ပြီးသား ပစ္စည်းတွေကို ထပ်မစစ်မိ / နှစ်ကြိမ် မရေတွက် မိအောင် အမှတ်အသား လုပ်ထားရပါမယ်။
  • စာမေးပွဲ ဖြေပြီးရင် တစ်ခေါက်ပြန်စစ်သလို ပစ္စည်း စစ်ပြီးရင် တာဝန်ရှိ ခေါင်းဆောင် (Leader / Incharge) တွေက စာရင်းကောက်စရာ ကျန်ခဲ့လား / ကျော်သွားလား ဆိုတာကို တစ်ကြိမ် / နှစ်ကြိမ်  (One or Two round) လောက် ပြန်စစ်ကြည့်သင့်ပါတယ်။
  • Finance က ပစ္စည်းစစ်ပြီး အရေအတွက် ရေးထားတဲ့ စာရင်းစာရွက် (Check List) အပေါ်မှာ ရေတွက်သူတွေက လက်မှတ်ထိုး သလို၊ WH တာဝန်ခံ ကို လက်မှတ်ထိုးခိုင်းရပါတယ်။ Finance ကောက်တဲ့ အရေတွက်ဟာ မှန်ကန်ကြောင်း အတည်ပြု တဲ့ သဘောပါ - 

 အပိုင်း (၃) စာရင်းကောက်ယူပြီး - အပြီးသတ် လုပ်ဆောင်ချက်များ 

 အပိုင်း(၃) မှာတော့ Finance ရဲ့ လုပ်ဆောင်ချက်တွေပဲများပါတယ်၊

  • Finance က WH ထဲက ကောက်လာတဲ့ စာရင်းနှင့် Computer System ထဲက စာရင်း ယှဉ်ပြီး စစ်ရပါမယ်။
  • ကွာဟသည့် အရေအတွက် အရမ်းများ နေရင် အဝင်/အထွက် တွေ စာရင်းမသွင်းမိလို့လား ၊ သို့မဟုတ် စာရင်းကောက်တုံးက ပို /လို ကောက်မိလို့လား စစ်ပြီရပါမယ်၊ လိုအပ်ရင် Check List မှာ လက်မှတ်ထိုးထားတဲ့ ရေတွက်သူတွေကို ပြန်ရေတွက် ခိုင်းရပါမယ်၊
  • ကွာဟသည့် အရေအတွက် (Variance Quantity) ကို အမြန်ဆုံးတွက်ချက်သင့်ပါတယ်၊
  • အဲဒီကွာဟချက်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ ကုမ္ပဏီ အကြီးအကဲတွေ ဆုံးဖြတ်ပါလိမ္မယ်။

စကားချပ်။ ။ ထပ်ပြောပါရစေ၊ Stock-count လုပ်ငန်းစဉ် သည် လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားတာပါ။

.

ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊


ဆက်စပ် ဆောင်းပါး၊ Blog များ

  1. စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
  2. What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
  3. Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
  4. Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ

[ZawGyi]

အရင္တစ္ပါတ္က Cycle Count and Annual Stock Count  အေၾကာင္းကို မွ်ေဝခဲ့ပါတယ္၊

ဒီတစ္ပါတ္မွာ Warehouse (WH) ထဲမွာ ပစၥည္းစာရင္း ဘယ္လို ေကာက္ / စစ္ၾကတယ္ (Stock Count) ဆိုတာ မွ်ေဝပါ့မယ္။

ပစၥည္းစာရင္း ေကာက္သည့္ လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာေလ့ရွိတာမို႔လို႔ ၿခဳံငုံၿပီးသာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

Stock Count လုပ္ငန္းစဥ္ ကို

  • အပိုင္း (၁) Stock Count မစခင္ လိုအပ္သည့္ ျပင္ဆင္မႈမ်ား
  • အပိုင္း (၂) Stock Count ေန႔မွာ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ား
  • အပိုင္း (၃) စာရင္းေကာက္ယူၿပီး - အၿပီးသတ္ လုပ္ေဆာင္ခ်က္မ်ား 
စသည္ျဖင့္ (၃)ပိုင္းခြဲ ၿပီး လုပ္ေဆာင္ႏိုင္ပါတယ္။

အပိုင္း (၁) Stock Count မစခင္ လိုအပ္သည့္ ျပင္ဆင္မႈမ်ား 

  • WH က ဝန္ထမ္းမ်ား က Stock Count လုပ္သည္အခါ ေရတြက္ရလြယ္ကူေအာင္ ပစၥည္းေတြကို စနစ္တက် စီထား ဖို႔ လိုအပ္ ပါတယ္၊ (ပစၥည္း မ်ိဳးတူ / SKU တူတာ စု / စီ ထားျခင္း )
  • ပစၥည္းေပၚက ေလဘယ္ (Label) ေတြ / ဘားကုဒ္ (Barcode) ေတြကို စစ္တဲ့ အခါမွာ ဖတ္ဖို႔ လိုရင္ ဖတ္လို႔လြယ္ေအာင္ စီစဥ္ ေနရာခ်ထားျခင္း
  • System ထဲက လက္က်န္ အေရအတြက္ႏွင့္ WH ထဲက လက္က်န္ စာရင္း ႀကိဳတင္ကိုက္ညႇိထားျခင္း
  • အေရာင္းဌာန(Sales)  / ကုန္ထုတ္ဌာန (Production)၊ - ေငြစာရင္းဌာန (Finance)တို႔ႏွင့္ ညႇိႏိုင္း၍ Stock Count လုပ္မည့္ ေန႔ / အခ်ိန္ ကို သတ္မွတ္ျခင္း 
  • ပစၥည္း စာရင္း ေကာက္မည့္အဖြဲ႕မ်ား သတ္မွတ္ ဖြဲစည္းျခင္း
စသည့္ လုပ္ငန္းစဥ္ေတြဟာ Stock Count မစခင္မွာ လုပ္ေဆာင္ရမည့္ အရာမ်ားထဲက အခ်ိဳ႕ ျဖစ္ပါတယ္။

အပိုင္း (၂) Stock Count ေန႔မွာ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ား

Stock Count တစ္ဖြဲ႕မွာ ဆိုရင္ ေအာက္ပါ လူ ၄ ေယာက္ ေလာက္ ပါရင္ အေကာင္းဆုံးပါ၊

  1. ပစၥည္းေရ မည့္သူ၊ 
  2. စာရင္းေရးမွတ္မည့္သူ၊
  3. ပစၥည္းအမ်ိဳးအမည္ အေရအတြက္ ကို ေျပာျပေပးမည့္သူ၊
  4. ပစၥည္း ေရလို႔ လြယ္ေအာင္ ေ႐ႊ႕/ စီ ေပးမည့္သူ
  • Stock Count ေန႔မွာ ေတာ့ Logistics & Warehouse ဝန္ထမ္း / တာဝန္ရွိသူ ေတြက အဓိက Stock Count မလုပ္သင့္ပါဘူး၊ 
  • Finance က အဓိက ပစၥည္းစာရင္း စစ္ သူ ျဖစ္သင့္ပါတယ္။ အျခားဌာန ေတြက သူမ်ားလည္း ပူးေပါင္းပါဝင္သင့္ပါတယ္။
  • WH ဝန္ထမ္းမ်ား အေနႏွင့္ ပစၥည္းစစ္သူမ်ား အဆင္ေျပေအာင္ လိုက္ျပ / မရွင္းလို႔ ေမးရင္ေျဖ စသည္ ေလာက္သာ လုပ္သင့္ပါတယ္။
  •  စစ္ၿပီးသား ပစၥည္းေတြကို ထပ္မစစ္မိ / ႏွစ္ႀကိမ္ မေရတြက္ မိေအာင္ အမွတ္အသား လုပ္ထားရပါမယ္။
  • စာေမးပြဲ ေျဖၿပီးရင္ တစ္ေခါက္ျပန္စစ္သလို ပစၥည္း စစ္ၿပီးရင္ တာဝန္ရွိ ေခါင္းေဆာင္ (Leader / Incharge) ေတြက စာရင္းေကာက္စရာ က်န္ခဲ့လား / ေက်ာ္သြားလား ဆိုတာကို တစ္ႀကိမ္ / ႏွစ္ႀကိမ္  (One or Two round) ေလာက္ ျပန္စစ္ၾကည့္သင့္ပါတယ္။
  • Finance က ပစၥည္းစစ္ၿပီး အေရအတြက္ ေရးထားတဲ့ စာရင္းစာ႐ြက္ (Check List) အေပၚမွာ ေရတြက္သူေတြက လက္မွတ္ထိုး သလို၊ WH တာဝန္ခံ ကို လက္မွတ္ထိုးခိုင္းရပါတယ္။ Finance ေကာက္တဲ့ အေရတြက္ဟာ မွန္ကန္ေၾကာင္း အတည္ျပဳ တဲ့ သေဘာပါ - 

 အပိုင္း (၃) စာရင္းေကာက္ယူၿပီး - အၿပီးသတ္ လုပ္ေဆာင္ခ်က္မ်ား 

 အပိုင္း(၃) မွာေတာ့ Finance ရဲ႕ လုပ္ေဆာင္ခ်က္ေတြပဲမ်ားပါတယ္၊

  • Finance က WH ထဲက ေကာက္လာတဲ့ စာရင္းႏွင့္ Computer System ထဲက စာရင္း ယွဥ္ၿပီး စစ္ရပါမယ္။
  • ကြာဟသည့္ အေရအတြက္ အရမ္းမ်ား ေနရင္ အဝင္/အထြက္ ေတြ စာရင္းမသြင္းမိလို႔လား ၊ သို႔မဟုတ္ စာရင္းေကာက္တုံးက ပို /လို ေကာက္မိလို႔လား စစ္ၿပီရပါမယ္၊ လိုအပ္ရင္ Check List မွာ လက္မွတ္ထိုးထားတဲ့ ေရတြက္သူေတြကို ျပန္ေရတြက္ ခိုင္းရပါမယ္၊
  • ကြာဟသည့္ အေရအတြက္ (Variance Quantity) ကို အျမန္ဆုံးတြက္ခ်က္သင့္ပါတယ္၊
  • အဲဒီကြာဟခ်က္ကို ဘယ္လိုလုပ္ရမလဲ ဆိုတာကေတာ့ ကုမၸဏီ အႀကီးအကဲေတြ ဆုံးျဖတ္ပါလိမၼယ္။
စကားခ်ပ္။ ။ ထပ္ေျပာပါရေစ၊ Stock-count လုပ္ငန္းစဥ္ သည္ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားတာပါ။

.

က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီ ေတာ့ မကူးပါနဲ႔လား၊

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...