Unicode Font version ၏ အဆုံးကို မှာ ZawGyi Font Version နှင့် ဖတ်နိုင်ပါတယ်။
[Unicode]
Logistics and Warehousing မှာ အသုံးများပြီး တူသလိုလို / ကွဲသလိုလို ရှိတဲ့ Stock နှင့် Inventory ဆိုတဲ့ ဝေါဟာရအကြောင်းကို မျှဝေပါ့မယ်။
Stock and Inventory အင်ဗန်ထရီ
Stock
Stock ဆိုတာက ထုတ်လုပ်ပြီးသား ရောင်းရန် အသင့် ဖြစ်နေတဲ့ ကုန်ချောပစ္စည်း Finished Goods (သို့မဟုတ်) ရောင်းလို့ရတဲ့ ပစ္စည်း အမျိုးအစားကို ခေါ်ပါတယ်။
Photo Source: https://evcentral.com.au/your-new-tesla-sir-step-into-my-warehouse/.
Inventory
Inventory ဆိုတဲ့ အထဲမှာ
- Raw Material - ကုန်ကြမ်း၊
- Component (or) Collateral -ကုန်ချောထုတ်လုပ်ရာတွင် ပါဝင်ထောက်ပံ့ ပေးသည့် ပစ္စည်း၊
- Semi-Finished Goods - ရာနှုန်းပြည့် မပြီးသေးသော ကုန်ချော ပစ္စည်း နှင့်
- Finished Goods တို့ ပါ ဝင်ပါတယ်။
ဥပမာ - ကားထုတ်လုပ်ရေး စက်ရုံရဲ့ Warehouse ထဲကို ကြည့်ကြပါစို့
အပြီးသတ်ထုတ်လုပ်ပြီး Finished Goods, ရောင်းရန် အသင့် ဖြစ်နေတဲ့ ကားအရေအတွက် ဟာ Stock ပါ။
Inventory စာရင်းထဲမှာတော့ အောက်ပါ ဥပမာ ပစ္စည်းများ ပါဝင်ပါတယ်
- ကားဘော်ဒီ ထုတ်ဖို့ လိုအပ်သည့် သံပြား သံဘောင် စသည့် ကုန်ကြမ်းများ
- အင်ဂျင် ၊ ဂီယာအုံ ၊ တာယာ လေကာမှန် စသည့် Components များ
- ဝါယာ၊ နတ်၊ လိုင်နာ၊ နောက်ကြည့်မှန် စသည့် Collateral များ
- ကားအဖြစ် အားလုံတပ်းဆင်ပြီးသော်လည်း ဆေးမမှုတ်ရသေးသော ကား - Simi Finished Goods များ
- ၁၀၀% ပြည့် ပြီးစီး၍ အရောင်းစင်တာ သို့ ပို့ဆောင်တော့မည့် Finished Goods များ
ဒါကြောင့် Stock Control နှင့် Inventory Control တို့ရဲ့ကွဲပြား ခြားနားပုံ နှင့် နက်နဲ မှုကို မိတ်ဆွေတို့ စဉ်းစားမိမှာပါ။
• စကားချပ် - တချို့တွေက ပစ္စည်းစာရင်း ကိုပဲ Stock နှင့် Inventory ကို ထည်လဲ သုံးကြတာလဲ ရှိပါတယ် -
ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ
God Bless You 🙏
https://progistics.blogspot.com/
[ZawGyi]
Stock နှင့် Inventory ရဲ့ ကွာခြားချက်က ဘာတွေပါလဲ၊ What are the differences between stock and inventory.
.
.
.
အပြီးသတ်ထုတ်လုပ်ပြီး ရောင်းရန် အသင့် ဖြစ်နေတဲ့ ကားအရေအတွက် ဟာ Stock ပါ
God Bless You 🙏