Wednesday, December 27, 2023

Sourcing, Procurement and Purchasing

Sourcing ၊ Procurement နှင့် Purchasing

(ZawGyi  Font Version, Below)

Sourcing (အရင်းအမြစ် ရှာဖွေခြင်း)Procurement (ဝယ်ယူရေး) နှင့် Purchasing (ဝယ်ယူခြင်း) ဆိုတဲ့ လုပ်ငန်းစဉ် တစ်ခုစီမှာ မတူညီသော ရှုထောင့်တွေရှိကြပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေဟာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု (Goods or Services) ရယူဖို့အတွက် လုပ်ငန်းစဥ်များဖြစ်ပြီး Supply Chain Management (SCM)) လုပ်ငန်းစဥ် များထဲက တချို့ ဖြစ်ပါတယ်။

၎င်းတို့၏ ကွဲပြားမှုတွေကို နားလည် သဘောပေါက် ထားခြင်းအားဖြင့် (SCM) နှင့် ဝယ်ယူရေး လုပ်ငန်းစဥ်များ ကို ထိထိ ရောက်ရောက် စီမံ ခန့်ခွဲနိုင်မှာပါ။

အဲဒီ အသုံးအနှုန်းများတွေရဲ့ အဓိကကွာခြားချက်တွေကို အောက်ပါအတိုင်း ခြုံငုံပြီး ဖော်ပြထားပါတယ်။

ဖတ်နေရင်း စိတ်ထဲမှာ တစ်ခုခုဖြစ်လာရင် နိဂုံးကို အရင် ‌ဖတ်ပါဗျ။



Sourcing  (အရင်းအမြစ် ရှာဖွေခြင်း)

Sourcing ဆိုတဲ့ လုပ်ငန်းစဥ် ထဲမှာ အဖွဲ့အစည်း၊ ကုမ္ပဏီ အတွက်လိုအပ်တဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်တဲ့ ထုတ်လုပ်ဖြန့်ဖြူးသူများ (Supplier) သို့မဟုတ် ရောင်းချသူများ (Vendor) ကို ရှာဖွေ ဖေါ်ထုတ်ခြင်း (Identifying) နှင့် ရွေးချယ်ခြင်းများ ကို အဓိကထား လုပ်ရတဲ့ မဟာဗျူဟာကျသော လုပ်ငန်းစဉ်ဖြစ်ပါတယ်

မိမိ Company ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနိုင်မယ့် Supplier (ထုတ်လုပ်ဖြန့်ဖြူးသူ) များကို အကဲဖြတ်ခြင်း၊ ၎င်းတို့၏ စွမ်းဆောင်ရည်များကို အကဲဖြတ်ခြင်း၊ သဘောတူညီချက် စာချုပ်များ ညှိနှိုင်းခြင်းနှင့် ရောင်းသူ-ဝယ်သူ ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်

အခုခေတ်မှာတော့ တဆင့်ခံ Supplier တွေဆီက မဝယ်တော့ပဲ၊ OEM (Original Equipment Manufacturer) ထုတ်လုပ်သူ၊ စက်ရုံ (ပင်ရင်း) တွေကို တိုက်ရိုက် ဆက်သွယ် ညှိနိုင်း မှာယူ၊ ဝယ်ယူ ကြတဲ့ စနစ်တွေ တွင်တွင် ကျယ်ကျယ် အသုံးပြု လာကြပါပြီ။

Sourcing လုပ်ငန်းစဥ်ဟာ ကုမ္ပဏီတစ်ခု၏ အရည်အသွေး၊ ကုန်ကျစရိတ် တွေသာမက နှင့် ရေရှည်တည်တံ့မှု ကို အများကြီး အထောက်အကူပြုပါတယ်။


Procurement - ဝယ်ယူရေး

Procurement Process - ယ်ယူရေး လုပ်ငန်းစဥ်ထဲမှာ ကုန်စည်၊ ဝန်ဆောင်မှုများ ရယူခြင်း၊ ကုမ္ပဏီ၏ လိုအပ်ချက်များအတိုင်း Supplier များကို ဖော်ထုတ်၊ ရွေးချယ်ခြင်း (Supplier Identification and Selection) မှ စ၍  ငွေပေးချေမှုအထိ လုပ်ငန်းစဥ်အားလုံး အကျုံးဝင်ပါတယ်။

တချို့ကုမ္ပဏီများတွင် ဝယ်ယူရေးစာချုပ်ချုပ်ပြီး နောက်ပိုင်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ သူများ၏ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း (post-contract performance evaluation) ကိုလည်း Procurement က လုပ်ပေးရပါတယ်။

Procurement လုပ်ငန်းစဥ်တွင် Sourcing မှ ရှာဖွေ ဖော်ထုတ် ထားတဲ့ Supplier / Vendor များထဲမှာ ဈေးနုန်းနှင့် အရည်အသွေး အသင့်တော်ဆုံး Supplier / Vendor များကို ရွေးချယ်ခြင်း၊ စာချုပ်ပါ အချက်အလက်များညှိနှိုင်းခြင်းအော်ဒါ (အမှာစာ) များ စီစဥ်ခြင်း (Order Placement)၊ မှာယူထားသော အော်ဒါများ ကို အချိန်မှီ လက်ခံရရှိရန် Follow up လိုက်ခြင်းနှင့် ရောင်းသူ၊ ဝယ်သူ ဆက်ဆံရေး စီမံခန့်ခွဲမှု ကဲ့သို့သော လုပ်ဆောင်ချက်များ ပါဝင်ပါသည်။

Porcurement ဝယ်ယူရေး အဖွဲ့ / ဌာနဟာ ပစ္စည်းမှန် ဈေးမှန်၊ Quality အမှန် နှင့် အချိန်မှီ (လိုအပ်သည့်အချိန်) (at the right price, quality, and time) ရရှိစေရန်အတွက် အာရုံစိုက် ဆောင်ရွက်ရပါတယ်။

 

Purchasing - ဝယ်ယူခြင်း

Purchasing - ဝယ်ယူခြင်းသည် ဝယ်ယူခြင်း လုပ်ငန်းစဥ်၏ လုပ်ငန်းလည်ပတ်မှုအပိုင်း (Operation) ကို ပိုမို အလေးထား ဆောင်ရွက်ရတာဖြစ်ပါတယ်။

Purchasing Process တွင် Supplier များထံမှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူသည့် လုပ်ငန်းစဉ် (Transitions) အသေးစိတ် ပါဝင်ပါတယ်။

Purchasing လုပ်ငန်းစဥ်မှာ  ဝယ်ယူမှုအမှာစာ (Purchase Order) များ ထုတ်၍ ‌သက်ဆိုင်ရာ Supplier ထံ ပို့ပေးခြင်း(Issue PO and Sending PO to Supplier)

ရောက်ရှိလာသော ကုန်ပစ္စည်းများ ကို လက်ခံခြင်း နှင့် စစ်ဆေးခြင်း (Receiving and Inspecting (checking) Goods) နှင့် ငွေပေးချေမှုအတွက် စီစဥ်ဆောင်ရွက်ခြင်း (Payment Arrangement) စသည့် လုပ်ဆောင်မှုများ ပါဝင်သည်။

အချုပ်အားဖြင့်ဆိုရသော် အရင်းအမြစ်ရှာဖွေခြင်း (Sourcing) သည် မှန်ကန်သော Supplier များကို ရှာဖွေ‌၊ ဖော်ထုတ်ခြင်း ၏ ကနဦး မဟာဗျူဟာမြောက် လုပ်ဆောင်မှုဖြစ်ပြီး၊

ဝယ်ယူရေး (Procurement) သည် Supplier များ ရွေးခြယ်ခြင်း နှင့် ရွေးခြယ်ထားသော Supplier နှင့်ဆက်ဆံရေးSupplier စီမံခန့်ခွဲခြင်းပါ၀င်သည့် ပိုမိုကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဝယ်ယူခြင်း (Purchasing) သည် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူခြင်း၏ တိကျ၊ အသေးစိတ်သော အရောင်းအ၀ယ်လုပ်ငန်းစဉ်ဖြစ်သည်။

အဲဒီ လုပ်ငန်းစဉ် (၃)ခု ဟာ အပြန်အလှန်ဆက်နွယ်နေကြပါတယ်။

နိဂုံး။ ။ နာမည် အခေါ်အဝေါ် (Terminology) အဓိကမကျပဲ လုပ်ငန်းစဉ် အားလုံး ချောမွေ့အောင် စနစ်တကျ ဆောင်ရွက်နိုင်ဖို့ က ပိုပြီးအရေးကြီးပါတယ်။

စာရေးသူ လုပ်ခဲ့ဖူးတဲ့ ပထမ Company တစ်ခုမှာ “Procurement Department” လို့နာမည် တပ်ထားပေမယ့် အထက်က လုပ်ငန်းစဉ် သုံးခုလုံး လုပ်ကြပါတယ်။ နောက် Company တစ်ခုမှာတော့ “Sourcing Department” ကပဲ လုပ်ငန်းစဉ် သုံးခုလုံး ကို လူခွဲ ပြီး လုပ်ကြပါတယ်။

စကားချပ်။ ။ ထပ်ပြောပါရစေ၊ အဲဒီလုပ်ငန်းစဉ် တွေဟာ လုပ်ငန်း သဘာဝ နှင့် Company ရဲ့  Size ပေါ်မှာ မူတည်ပြီး နည်းလမ်း အမျိုးမျိုး ကွဲပြားတာဖြစ်လို့ ခြုံငုံပြီး သာ ဆွေးနွေးထားတာပါ။

.

ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။

လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊

Zarni Oo (Progistics)

https://progistics.blogspot.com/


ဆက်စပ်ဆောင်းပါးများ

1. Supply Chain ဆိုတာ (What is Supply Chain in Myanmar Language)

2. Letter of Credit (LC) and TT Payment (What is LC in Myanmar Language)

3.LC Process Flow (LC ကို ဘယ်လိုလျှောက် ပြီး LC ရဲ့ Process က ဘာတွေပါလဲ)

4.Incoterms 2020 - (အင်ကိုတမ်း ၂၀၂၀ မှာ ဘာတွေပြောင်းသွားလဲ)

5.သင်ဟာ အဝယ်တော် တစ်ယောက်ဆိုရင် ဘယ်လိုမိတ်ဆက်မလဲ


Sourcing ၊ Procurement ႏွင့္ Purchasing

Sourcing (အရင္းအျမစ္ ရွာေဖြျခင္း) ၊ Procurement (ဝယ္ယူေရး) ႏွင့္ Purchasing (ဝယ္ယူျခင္း) ဆိုတဲ့ လုပ္ငန္းစဥ္ တစ္ခုစီမွာ မတူညီေသာ ရႈေထာင့္ေတြရွိၾကပါတယ္။ အဲဒီ လုပ္ငန္းစဥ္ေတြဟာ ကုန္စည္ (သို႔မဟုတ္) ဝန္ေဆာင္မႈ (Goods or Services) ရယူဖို႔အတြက္ လုပ္ငန္းစဥ္မ်ားျဖစ္ၿပီး Supply Chain Management (SCM)) လုပ္ငန္းစဥ္ မ်ားထဲက တခ်ိဳ႕ ျဖစ္ပါတယ္။

၎တို႔၏ ကြဲျပားမႈေတြကို နားလည္ သေဘာေပါက္ ထားျခင္းအားျဖင့္ (SCM) ႏွင့္ ဝယ္ယူေရး လုပ္ငန္းစဥ္မ်ား ကို ထိထိ ေရာက္ေရာက္ စီမံ ခန႔္ခြဲႏိုင္မွာပါ။

အဲဒီ အသုံးအႏႈန္းမ်ားေတြရဲ႕ အဓိကကြာျခားခ်က္ေတြကို ေအာက္ပါအတိုင္း ၿခဳံငုံၿပီး ေဖာ္ျပထားပါတယ္။

Sourcing  (အရင္းအျမစ္ ရွာေဖြျခင္း)

Sourcing ဆိုတဲ့ လုပ္ငန္းစဥ္ ထဲမွာ အဖြဲ႕အစည္း၊ ကုမၸဏီ အတြက္လိုအပ္တဲ့ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈမ်ားကို ပံ့ပိုးေပးႏိုင္တဲ့ ထုတ္လုပ္ျဖန႔္ျဖဴးသူမ်ား (Supplier) သို႔မဟုတ္ ေရာင္းခ်သူမ်ား (Vendor) ကို ရွာေဖြ ေဖၚထုတ္ျခင္း (Identifying) ႏွင့္ ေ႐ြးခ်ယ္ျခင္းမ်ား ကို အဓိကထား လုပ္ရတဲ့ မဟာဗ်ဴဟာက်ေသာ လုပ္ငန္းစဥ္ျဖစ္ပါတယ္။

မိမိ Company ရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီႏိုင္မယ့္ Supplier (ထုတ္လုပ္ျဖန႔္ျဖဴးသူ) မ်ားကို အကဲျဖတ္ျခင္း၊ ၎တို႔၏ စြမ္းေဆာင္ရည္မ်ားကို အကဲျဖတ္ျခင္း၊ သေဘာတူညီခ်က္ စာခ်ဳပ္မ်ား ညႇိႏႈိင္းျခင္းႏွင့္ ေရာင္းသူ-ဝယ္သူ ေရရွည္ဆက္ဆံေရး တည္ေဆာက္ျခင္းတို႔ ပါဝင္ပါတယ္။

အခုေခတ္မွာေတာ့ တဆင့္ခံ Supplier ေတြဆီက မဝယ္ေတာ့ပဲ၊ OEM (Original Equipment Manufacturer) ထုတ္လုပ္သူ၊ စက္႐ုံ (ပင္ရင္း) ေတြကို တိုက္႐ိုက္ ဆက္သြယ္ ညႇိႏိုင္း မွာယူ၊ ဝယ္ယူ ၾကတဲ့ စနစ္ေတြ တြင္တြင္ က်ယ္က်ယ္ အသုံးျပဳ လာၾကပါၿပီ။

Sourcing လုပ္ငန္းစဥ္ဟာ ကုမၸဏီတစ္ခု၏ အရည္အေသြး၊ ကုန္က်စရိတ္ ေတြသာမက ႏွင့္ ေရရွည္တည္တံ့မႈ ကို အမ်ားႀကီး အေထာက္အကူျပဳပါတယ္။


Procurement - ဝယ္ယူေရး

Procurement Process - ဝယ္ယူေရး လုပ္ငန္းစဥ္ထဲမွာ ကုန္စည္၊ ဝန္ေဆာင္မႈမ်ား ရယူျခင္း၊ ကုမၸဏီ၏ လိုအပ္ခ်က္မ်ားအတိုင္း Supplier မ်ားကို ေဖာ္ထုတ္၊ ေ႐ြးခ်ယ္ျခင္း (Supplier Identification and Selection) မွ စ၍  ေငြေပးေခ်မႈအထိ လုပ္ငန္းစဥ္အားလုံး အက်ဳံးဝင္ပါတယ္။

တခ်ိဳ႕ကုမၸဏီမ်ားတြင္ ဝယ္ယူေရးစာခ်ဳပ္ခ်ဳပ္ၿပီး ေနာက္ပိုင္း ထုတ္လုပ္ ျဖန႔္ျဖဴး ေရာင္းခ် သူမ်ား၏ စြမ္းေဆာင္ရည္ အကဲျဖတ္ျခင္း (post-contract performance evaluation) ကိုလည္း Procurement က လုပ္ေပးရပါတယ္။

Procurement လုပ္ငန္းစဥ္တြင္ Sourcing မွ ရွာေဖြ ေဖာ္ထုတ္ ထားတဲ့ Supplier / Vendor မ်ားထဲမွာ ေဈးႏုန္းႏွင့္ အရည္အေသြး အသင့္ေတာ္ဆုံး Supplier / Vendor မ်ားကို ေ႐ြးခ်ယ္ျခင္း၊ စာခ်ဳပ္ပါ အခ်က္အလက္မ်ားညႇိႏႈိင္းျခင္း၊ ေအာ္ဒါ (အမွာစာ) မ်ား စီစဥ္ျခင္း (Order Placement)၊ မွာယူထားေသာ ေအာ္ဒါမ်ား ကို အခ်ိန္မွီ လက္ခံရရွိရန္ Follow up လိုက္ျခင္းႏွင့္ ေရာင္းသူ၊ ဝယ္သူ ဆက္ဆံေရး စီမံခန႔္ခြဲမႈ ကဲ့သို႔ေသာ လုပ္ေဆာင္ခ်က္မ်ား ပါဝင္ပါသည္။

Porcurement ဝယ္ယူေရး အဖြဲ႕ / ဌာနဟာ ပစၥည္းမွန္၊ ေဈးမွန္၊ Quality အမွန္ ႏွင့္ အခ်ိန္မွီ (လိုအပ္သည့္အခ်ိန္) (at the right price, quality, and time) ရရွိေစရန္အတြက္ အာ႐ုံစိုက္ ေဆာင္႐ြက္ရပါတယ္။


Purchasing - ဝယ္ယူျခင္း

Purchasing - ဝယ္ယူျခင္းသည္ ဝယ္ယူျခင္း လုပ္ငန္းစဥ္၏ လုပ္ငန္းလည္ပတ္မႈအပိုင္း (Operation) ကို ပိုမို အေလးထား ေဆာင္႐ြက္ရတာျဖစ္ပါတယ္။

Purchasing Process တြင္ Supplier မ်ားထံမွ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈမ်ားကို ဝယ္ယူသည့္ လုပ္ငန္းစဥ္ (Transitions) အေသးစိတ္ ပါဝင္ပါတယ္။

Purchasing လုပ္ငန္းစဥ္မွာ  ဝယ္ယူမႈအမွာစာ (Purchase Order) မ်ား ထုတ္၍ ‌သက္ဆိုင္ရာ Supplier ထံ ပို႔ေပးျခင္း၊ (Issue PO and Sending PO to Supplier)

ေရာက္ရွိလာေသာ ကုန္ပစၥည္းမ်ား ကို လက္ခံျခင္း ႏွင့္ စစ္ေဆးျခင္း (Receiving and Inspecting (checking) Goods) ႏွင့္ ေငြေပးေခ်မႈအတြက္ စီစဥ္ေဆာင္႐ြက္ျခင္း (Payment Arrangement) စသည့္ လုပ္ေဆာင္မႈမ်ား ပါဝင္သည္။

အခ်ဳပ္အားျဖင့္ဆိုရေသာ္ အရင္းအျမစ္ရွာေဖြျခင္း (Sourcing) သည္ မွန္ကန္ေသာ Supplier မ်ားကို ရွာေဖြ‌၊ ေဖာ္ထုတ္ျခင္း ၏ ကနဦး မဟာဗ်ဴဟာေျမာက္ လုပ္ေဆာင္မႈျဖစ္ၿပီး၊

ဝယ္ယူေရး (Procurement) သည္ Supplier မ်ား ေ႐ြးျခယ္ျခင္း ႏွင့္ ေ႐ြးျခယ္ထားေသာ Supplier ႏွင့္ဆက္ဆံေရး၊ Supplier စီမံခန႔္ခြဲျခင္းပါ၀င္သည့္ ပိုမိုက်ယ္ျပန႔္ေသာ လုပ္ငန္းစဥ္ျဖစ္ပါတယ္။

ဝယ္ယူျခင္း (Purchasing) သည္ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈမ်ားကို ဝယ္ယူျခင္း၏ တိက်၊ အေသးစိတ္ေသာ အေရာင္းအ၀ယ္လုပ္ငန္းစဥ္ျဖစ္သည္။

အဲဒီ လုပ္ငန္းစဥ္ (၃)ခု ဟာ အျပန္အလွန္ဆက္ႏြယ္ေနၾကပါတယ္။

နိဂုံး။ ။ နာမည္ အေခၚအေဝၚ (Terminology) အဓိကမက်ပဲ လုပ္ငန္းစဥ္ အားလုံး ေခ်ာေမြ႕ေအာင္ စနစ္တက် ေဆာင္႐ြက္ႏိုင္ဖို႔ က ပိုၿပီးအေရးႀကီးပါတယ္။

စာေရးသူ လုပ္ခဲ့ဖူးတဲ့ ပထမ Company တစ္ခုမွာ “Procurement Department” လို႔နာမည္ တပ္ထားေပမယ့္ အထက္က လုပ္ငန္းစဥ္ သုံးခုလုံး လုပ္ၾကပါတယ္။ ေနာက္ Company တစ္ခုမွာေတာ့ “Sourcing Department” ကပဲ လုပ္ငန္းစဥ္ သုံးခုလုံး ကို လူခြဲ ၿပီး လုပ္ၾကပါတယ္။

စကားခ်ပ္။ ။ ထပ္ေျပာပါရေစ၊ အဲဒီလုပ္ငန္းစဥ္ ေတြဟာ လုပ္ငန္း သဘာဝ ႏွင့္ Company ရဲ႕  Size ေပၚမွာ မူတည္ၿပီး နည္းလမ္း အမ်ိဳးမ်ိဳး ကြဲျပားတာျဖစ္လို႔ ၿခဳံငုံၿပီး သာ ေဆြးေႏြးထားတာပါ။

.

က်ေနာ့ရဲ႕ Page ဟာ Knowledge Sharing (ဗဟုသုတ မွ်ေဝျခင္း) သက္သက္သာျဖစ္လို႔ ပိုမို ျပည့္စုံသြားေအာင္ မိတ္ေဆြတို႔လည္း Comment Box မွာ ဝင္ေရာက္ေဆြးေႏြးသြားပါဦး။

လြပ္လပ္စြာ Share ႏိုင္ပါတယ္ဗ်၊ ေကာ္ပီ ေတာ့ မကူးပါနဲ႔လား၊


Zarni Oo (Progistics)

https://progistics.blogspot.com/

ဆက္စပ္ေဆာင္းပါးမ်ား

Delivery Processes (Planning, Scheduling and Delivering)

  Delivery Processes (Planning, Scheduling and Delivering) ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင...